မှန်နန်း ရာဇဝင်

မှန်နန်းရာဇဝင် From Wikipedia, the free encyclopedia

ကုန်းဘောင်မင်းဆက် သတ္တမမြောက်မင်း ဖြစ်သော စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ရဟန်းပညာရှိ၊ လူပညာရှိတို့ကို ညှိုနှိုင်းတိုင်ပင်၍ ရာဇဝင် တစ်ဆောင်ကိုဆောင်ရွက် ပြုစုစေသည်။ ထိုရာဇဝင်ကြီးကို မောင်းထောင်ဆရာတော် လူထွက်ပညာရှိ အမတ်ကြီး မဟာဓမ္မသင်္ကြံအကြီးအမှူးအုပ်ချုပ်၍ ၁၁၉၁-ခုနှစ်မှ စတင်ကျမ်းပြုစေသည်။ ထိုရာဇဝင်ကြီးတော်ကို မှန်နန်းတော်ဦးတွင် ရေးသားပြုစုရသောကြောင့် မှန်နန်းမဟာရာဇဝင်ကြီး ဟုခေါ်တွင်သည်။

အချက်တိုများ စာရေးသူ, မူလခေါင်းစဉ် ...
မှန်နန်း ရာဇဝင်
၂၀၀၃ ခုနှစ်တွင် ပြန်လည်ထုတ်ဝေသည့် မှန်နန်းရာဇဝင် သုံးတွဲ
စာရေးသူတော်ဝင် သမိုင်းကော်မရှင်
မူလခေါင်းစဉ်မှန်နန်း မဟာ ရာဇဝင်တော်ကြီး
နိုင်ငံမြန်မာဘုရင့်နိုင်ငံတော်
ဘာသာစကားမြန်မာ
အတွဲမြန်မာ ရာဇဝင်ကျမ်း
အမျိုးအစားရာဇဝင်သမိုင်း
ထုတ်ဝေသည့်ရက်
စက်တင်ဘာ ၁၈၃၂[]
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း
၁၉၂၃
မီဒီယာ အမျိုးအစားပုံနှိပ်
ယခင်စာအုပ်မဟာရာဇဝင်သစ်
နောက်ထွက်စာအုပ်ဒုတိယ မဟာရာဇဝင်တော်
ပိတ်ရန်

ထိုရာဇဝင်ကြီးတွင် ကမ္ဘာဦးကာလမှ မြန်မာသက္ကရာဇ် ၁၁၈၃-ခုနှစ်၊ နတ်တော်လ(ခရစ်-၁၈၂၁-ခု၊ နိုဝင်ဘာလ) အထိ အဖြစ်အပျက်များသာ ပါဝင်သည်။ ထို့ကြောင့် မင်းတုန်းမင်းတရားလက်ထက်တွင် ဆက်လက်ပြုစုစေရာ ထိုရာဇဝင်တော်ကြီးကို ဒုတိယ မဟာရာဇဝင်တော် ဟု ခေါ်ဆိုလေသည်။ [] ရေးသားသော အဖွဲ့စာရင်း

ပထမ မှန်နန်းမဟာရာဇဝင်ကြီးကို

  • မုံရွေးဇေတဝန်ဆရာတော်
  • သော်ကပင်ဆရာတော်
  • မဟာဓမ္မသင်္ကြံ (ခြည်ပါ တောင်ရွာမြောက်ရွာစား)
  • မြင်းစုဝန်ကြီးဦးရောက်
  • ဗြဲတိုက်သံတော်ဆင့် ဦးချိန်
  • စာရေးတော်ကြီး ဦးဖျော်
  • ဘိသိက်တော်ဆက်ပုဏ္ဏားတော်ပညာရှိ ရာဇဒေဝ
  • ဗြဲတိုက်သံတော်ဆင့် ဦးရွဲ
  • စာရေးတော်ကြီး ဦးလူကြီး
  • စာရေးတော်ကြီး ဦးအောင်သာ
  • အတွင်းဝန် ဆောမြို့စား မင်းကြီး သီရိမဟာနန္ဒမသင်္ကြံ
  • အတွင်းဝန်၊ အသည်ဝန် စဉ့်ကူးမြို့စား

[] []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.