From Wikipedia, the free encyclopedia
လဖိုင်မော်ထွန်းအောင်သည် ကချင်လူမျိုး လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား နည်းပညာရှင်တစ်ဦးဖြစ်သည်။[2] လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[3]
လဖိုင် မော်ထွန်းအောင် | |
---|---|
ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀၂၁ ဇူလိုင် ၂၆ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၈၄ (အသက် ၃၉–၄၀) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့[1] |
လူမျိုး | မြန်မာနိုင်ငံသား |
နိုင်ငံရေးပါတီ | ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် |
ဖားကန့်ကျောက်တူးသမားမိသားစုတွင် မွေးဖွားသည့် ဦးမော်ထွန်းအောင် အထက်တန်းကျောင်းသားဘဝတွင် စစ်တပ်ပိုင်ကုမ္ပဏီများ လုပ်ကွက်ရရှိစေရန် ပြဋ္ဌာန်းလိုက်သည့် ကျောက်မျက်ဥပဒေကြောင့် ဖခင်ဖြစ်သူ စီးပွားရေးလုပ်ငန်း အရှုံးပေါ်ခဲ့ရသည်။[4] ထိုဖြစ်ရပ်ကပင် ဦးမော်ထွန်းအောင်ကို သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ပတ်သက်သည့် လူထုဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် နည်းပညာအထောက်အပံ့ဖြင့် ပံ့ပိုးကူညီရန် အကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့ရသည်။[5]
ဦးမော်ထွန်းအောင်သည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် မှ နည်းပညာဘွဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဟောင်ကောင် သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်မှ မူဝါဒနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ မဟာဘွဲ့ရရှိခဲ့သည်။ ကောနဲလ်တက္ကသိုလ်တွင်လည်း လူထုစီမံခန့်ခွဲရေးမဟာပညာကို လေ့လာခဲ့သည်။[6]
ဦးမော်ထွန်းအောင်သည် ၂၀၀၄ ခုနှစ်မှစ၍ Myanmar Compassion Project, World Vision Myanmar, the Korea International Cooperation Agency (KOICA) and Spectrum-SDKN စသည့် အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ နယူးယောက်အခြေစိုက် သဘာဝသယံဇာတ အုပ်ချုပ်မှု အင်စတီကျုတွင် ဒေသဆိုင်ရာ မန်နေဂျာအဖြစ် ငါးနှစ်ခန့် ဆောင်ရွက်ခဲ့သည်။[7] ၂၀၁၅ ခုနှစ်တွင် ပြည်သူ့မူဝါဒ အကောင်အထည်ဖော်ရေး သုတေသနအဖွဲ့ဖြစ်သည့် Another Development ကို ပူးတွဲတည်ထောင်ပြီး မူဝါဒပိုင်းဆိုင်ရာ အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။
ဦးမော်ထွန်းအောင်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး စကားဝိုင်း ပူးတွဲကော်မတီတွင် နိုင်ငံရေးပါတီများအစုအဖွဲ့၏ နည်းပညာပံ့ပိုးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။[4]
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တို့ပါဝင်သည့် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[8][9] သို့သော် ၂၀၁၅ ခုနှစ်က ပထမတစ်ကြိမ် အနိုင်ရဖူးသည့်[10] တအောင်း (ပလောင်) အမျိုးသားပါတီမှ ဦးအိုက်မွန်းက အနိုင်ရရှိခဲ့သည်။[11]
၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[12]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.