လွန်လေပြီးသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက်ကာလ သာရမဏ္ဍကမ္ဘာ၌ တဏှင်္ကရာ မြတ်စွာဘုရားနောက် ဒုတိယမြောက် ပွင့်တော်မူသော ဘုရားမှာ မေဓင်္ကရာ မြတ်စွာဘုရား ဖြစ်သည်။

ဖြစ်တော်စဉ်

မေဓင်္ကရာမြတ်စွာဘုရားနောက်ဆုံးဘဝတွင်-ယဃရမြို့တော်၌ သုဒေဝမင်းကြီးနှင့်ယသော်ဓရာ မိဖုရားကြီးတို့၏ သားတော်ဖြစ်သည်။

ကျမ်းစာအချို့တွင်-မေဓင်္ကရာဘုရားလောင်းတော် ဖွားရာမြို့မှ-ကာသိဝတီမြို့ဖြစ်၍၊ ခမည်းတော်မှာ-အဂ္ဂိသေနမင်းကြီး မယ်တော်မှာ သုမာလာဒေဝီ မိဖုရားကြီးဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ထိုအခါ လူတို့၏သက်တမ်းမှာ-အနှစ်(၂၀၀၀၀) နှစ်သောင်းတန်းဖြစ်သည် မင်းသားဘဝတွင် ကြင်ရာတော် မောင်းမမိဿံများ နှင့် ရွှေနန်းသုံးဆောင်၌ ဥတုသုံးလီမျှညီစွာစံစားစဉ် သားရတနာ ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါး ရှုမြင်ရ၍ သံဝေဂဖြစ်ကာ တောထွက်တော်မူ၏။

ဒုက္ကရစရိယာအကျင့်မြတ်ကို(၁၅)ရက်ဖြည့်ကျင့်တော်မူ၍ သစ္စာလေးပါးကို ပိုင်းခြားသိမြင်ကာ သဗ္ဗညုတဘုရားစင်စစ်ဖြစ်တော်မူသည်။ အမှီပြုရာဗောဓိပင်မှာ ကိံသုက ဗောဓိပေါက်ပင်ဖြစ်သည်။ စာမူအချို့၌ ပုဏ္ဏရိကဗောဓိ-သရက်ဖြူပင်ဟုဆိုသည်။ မေဓင်္ကရာမြတ်စွာဘုရား၏ အရပ်တော်ခေါ် ဉာဏ်တော်အမြင့်မှာ-အတောင်(၈၀)ရှိသည်။ ရောင်ခြည်တော်ကား-ယူဇနာနှစ်(၂) ယူဇနာ တိုင်အောင် ပျံနှံ့တော်မူသည်။

မေဓင်္ကရာမြတ်စွာဘုရားသည် သက်တော် အနှစ်(၉၀, ဝဝဝ) ကိုးသောင်းတွင် ဘုရားဖြစ်၍ ဝါတော်အနှစ်(၁၀, ဝဝဝ)တစ်သောင်းကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေး တိုက်ကြွေးတော်မူခြင်း ဗုဒ္ဓကိစ္စများ ပြီးပြည့်စုံအောင်ဆောင်ရွက်တော်မူပြီးနောက် ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။ . .

၂။ မေဓင်္ကရာ- ဘုရားရှိခိုး+ဆုတောင်းဂါထာ

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.