အီရန်နိုင်ငံ ၏ နဝမမြောက် သမ္မတ From Wikipedia, the free encyclopedia
မာဆော့ပါဇက်ရှ်ကီရမ် (ပါရှန်း: مسعود پزشکیان (၂၉ စက်တင်ဘာ ၁၉၅၄ ဖွား) သည် အီရန်နိုင်ငံရေးသမား နှင့် နှလုံးခွဲစိတ်ဆရာဝန် ဖြစ်သည်။၂၀၂၄ ခုနှစ် မေ ၁၉ ရက်က ရဟတ်ယာဉ်ပျက်ကျမှုဖြင့် သမ္မတ ဧဘရာဟင် ရိုင်စီ သေဆုံးခဲ့ပြီးနောက် ကျင်းပသည့် အီရန်နိုင်ငံ၏ (၁၄) ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ တွင် အနိုင်ရပြီး[1] နိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဖြစ်လာသူဖြစ်သည်။[2] ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် အီရန်သမ္မတအဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည်။ သူသည် အသက် ၆၉ နှစ်တွင် အီရန်သမ္မတရာထူးကို ရယူနိုင်သည့် ၉ ဦးမြောက် နှင့် အသက်အကြီးဆုံးသမ္မတ ဖြစ်ခဲ့သည်။
မာဆော့ ပါဇက်ရှ်ကီရမ် Masoud Pezeshkian | |
---|---|
مسعود پزشکیان | |
ပါဇက်ရှ်ကီရမ် အား ၂၀၂၄ ခုနှစ် က တွေ့ရစဉ် | |
အီရန်နိုင်ငံ ၏ နဝမမြောက် သမ္မတ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၈ ဇူလိုင် ၂၀၂၄ | |
ယခင်လူ | ဧဘရာဟင် ရိုင်စီ |
အနိုင်ရမဲ အရေအတွက် | ၅၃ ဒသမ ၃ ရာခိုင်နှုန်း |
အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂၀၁၆ – ၂၀၂၀ | |
အီရန်နိုင်ငံ ၏ ကျန်းမာရေးဝန်ကြီး | |
တာဝန်သက်တမ်း ၂၂ ဩဂုတ် ၂၀၀၁ – ၂၄ ဩဂုတ် ၂၀၀၅ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အီရန်နိုင်ငံ | ၂၉ စက်တင်ဘာ၊ ၁၉၅၄
နိုင်ငံရေးပါတီ | တစ်သီးပုဂ္ဂလ သမ္မတလောင်း |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | ပြုပြင်ပြောင်းလဲရေးသမား |
ကြင်ဖော်(များ) | widowed (၁၉၉၃) |
သားသမီး | ၄ ဦး |
ကျွမ်းကျင်မှု | နှလုံးခွဲစိတ်ဆရာဝန် နှင့် နိုင်ငံရေးသမား |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | drpezeshkian.ir |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | အီရန် |
တပ်/တပ်ဖွဲ့ခွဲ | အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ |
တိုက်ပွဲ/စစ်ပွဲများ | အီရန် - အီရတ် စစ်ပွဲ (၁၉၈၀-၁၉၈၈) |
သူသည် နှလုံးခွဲစိတ်ဆရာဝန် အဖြစ် မှ နိုင်ငံရေးသမားသမား ဘဝ သို့ ၂၀၀၀ပြည့်နှစ် ပိုင်းကတည်းက ကူးပြောင်းလာသူ ဖြစ်သည်။၂၀၀၁ ခုနှစ် တွင် အီရန်နိုင်ငံ ၏ ကျန်းမာရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရပြီး ထိုတာဝန် ကို ၅နှစ်ကြာ ထမ်းဆောင်သည်။နောက်ပိုင်း အီရန်ပါလီမန်အဖွဲ့ဝင် အဖြစ် ကူးပြောင်းခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသမား အဖြစ် ရပ်တည်သည်။ယင်းနောက် အီရန်လွှတ်တော် ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ပြည့်နှစ် အထိ တာဝန်ထမ်းဆောင်သည်။သူသည် အီရန်နိုင်ငံ ၏ ၂၀၁၃ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နုတ်ထွက်ခဲ့သည်။ယင်းအပြင် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ အရောက် တွင်[3] အီရန်နိုင်ငံ မဲဆန္ဒရှင် သန်း ၃၀ ကျော် ၏ ၅၃ ဒသမ ၃ရာခိုင်နှုန်း မဲရလဒ် ဖြင့် ပြိုင်ဘက် သဘောထားတင်းမာသည့် ရှေးရိုးစွဲဝါဒီ ဆာအိ ဂျလေလီ ကို အနိုင်ရပြီး[4] အီရန်သမ္မတအဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည်။[5]၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ တွင် တီဟီရန်မြို့ရှိ အီရန်လွှတ်တော်၌ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ် အဖြစ် မစ္စတာမာဆော့ပါဇက်ရှ်ကီရမ် က ကျမ်းသစ္စာ ကျိန်ဆိုသည်။[6]
၁၉၅၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ တွင် အီရန်နိုင်ငံ ၌ မွေးဖွားခဲ့သည်။အသက် ၁၉ နှစ်အရွယ် တွင် ဒီပလိုမာရရှိခဲ့ပြီး စစ်မှုထမ်းသည်။ထိုအချိန်တွင် သူသည် ဆေးပညာကို စိတ်ဝင်စားလာကာ စစ်မှုထမ်းပြီးနောက် ဇာတိပြည်နယ်သို့ ပြန်၍ ဆေးကျောင်းတက်၍ အထွေထွေဆေးပညာဘွဲ့ဖြင့် ဘွဲ့ရခဲ့သည်။ အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၁၉၈၈) အတွင်း သူသည် တိုက်ခိုက်ရေးသမားနှင့် ဆရာဝန်အဖြစ် တာဝန်ယူကာ ရှေ့တန်းသို့ မကြာခဏ သွားရောက်ခဲ့သည်။၁၉၈၅ ခုနှစ်တွင် အထွေထွေရောဂါကုသင်တန်းကို ပြီးဆုံးခဲ့ပြီး ဆေးကောလိပ်တွင် ဇီဝကမ္မဗေဒကို စတင်သင်ကြားခဲ့သည်။စစ်ပြီးနောက် ဆေးသိပ္ပံတက္ကသိုလ်တွင် အထွေထွေခွဲစိတ်မှုအထူးပြုဖြင့် ပညာဆက်လက်သင်ကြားခဲ့သည်။၁၉၉၃ ခုနှစ်တွင် အီရန်ဆေးသိပ္ပံတက္ကသိုလ်မှ နှလုံးခွဲစိတ်မှုဆိုင်ရာ အထူးပြုဘွဲ့ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် နှလုံးခွဲစိတ်မှုဆိုင်ရာ ပါရဂူ တစ်ဦးဖြစ်လာကာ ၁၉၉၄ ခုနှစ်တွင် Tabriz ဆေးသိပ္ပံတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်လာပြီး ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
သူ၏ ဇနီးသည် မီးယပ်အထူးကုဆရာဝန် တစ်ဦး ဖြစ်သည်။[7]၁၉၉၃ ခုနှစ် တွင် ဇနီးဖြစ်သူ နှင့် သားထွေး တို့ ကားတိုက်မှုဖြင့် သေဆုံးသွားခဲ့သည်။[8] ကျန်ရှိသော သားနှင့်သမီးနှစ်ယောက်ကို တစ်ဦးတည်း ပြုစုပျိုးထောင်ခဲ့ပြီး နောက်အိမ်ထောင်မပြုခဲ့ပေ။[9]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.