မင်းရဲဒိဗ္ဗ

From Wikipedia, the free encyclopedia

မင်းရဲဒိဗ္ဗ (၁၆၀၈ – ၂၅ နိုဝင်ဘာ ၁၆၃၀) သည် တောင်ငူမင်းဆက်တွင် သတ္တမမြောက်ဘုရင် ဖြစ်သည်။ မင်းရဲဒိဗ္ဗနှင့် အနောက်ဘက်လွန်မင်း၏ မိဖုရားငယ်တစ်ပါးတို့ ချစ်ကြိုက်နေသည်ကို ဖခင်ဖြစ်သူ အနောက်ဘက်လွန်မင်း သိရှိသွားသဖြင့် မင်းရဲဒိဗ္ဗက ဖခင် အနောက်ဘက်လွန်မင်းအား လုပ်ကြံကာ ၁၆၂၈ ခုနှစ် ဇူလိုင်လတွင် နန်းတက်ခဲ့သည်။[၄]:217

အချက်တိုများ မင်းရဲဒိဗ္ဗ, မြန်မာဘုရင် ...
မင်းရဲဒိဗ္ဗ
တောင်ငူဘုရင်
မြန်မာဘုရင်
နန်းသက်၉ ဇူလိုင် ၁၆၂၈ – ၁၉ ဩဂုတ် ၁၆၃၀
ရှေ့မင်းဆက်အနောက်ဘက်လွန်
ဆက်ခံသူသာလွန်
မွေးဖွား၁၆၀၈[၁]
ပဲခူး
ကွယ်လွန်၂၅ နိုဝင်ဘာ ၁၆၃၀ (အသက် ၂၂)
မြန်မာသက္ကရာဇ် ၉၉၁ နတ်တော်လဆန်း ၁၁ ရက်၊ တနင်္ဂနွေ[၂]
ပဲခူး
ကြင်ရာတော်နန်းခမ်းပေါ
စံအိမ်တောင်ငူ
ခမည်းတော်အနောက်ဘက်လွန်
မယ်တော်ခင်မျိုးမြတ်[၃]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
ပိတ်ရန်

နန်းတက်လျှင် အင်းဝနှင့် စစ်ကိုင်းရှိ သစ္စာခံများကို အကြောင်းကြားကာ သစ္စာပေးသည်။ ထိုနောက် အဝေး(ဇင်းမယ်)ရောက်နေသည့် ဘထွေးတော်များဖြစ်သည့် သတိုးဓမ္မရာဇာ(သာလွန်မင်း) နှင့် မင်းရဲကျော်စွာတို့ကို သံသယများဖြစ်စေရန် သွေးခွဲသည့်အနေဖြင့် စာများစေသည်။ သတိုးဓမ္မရာဇာ၏ ကျွန်ယုံများက အလျင်ရောက်ကာ သတင်းပေးသဖြင့် သတိုးဓမ္မရာဇာ အကြောင်းစုံသိနှင့် သော်လည်း ညီတော် မင်းရဲကျော်စွာကမူ ယုံမှားသံသယရှိသဖြင့် နောင်တော်တပ်ကို ညအချိန်တွင် ဝင်ရောက်တိုက်ခိုက်သည်။ သတိုးဓမ္မရာဇာတပ်များက နှိမ်နှင်းနိုင်သဖြင့် ရှုံးနိမ့်သွားပြီး မင်းရဲကျော်စွာကို အပြစ်မှလွှတ်သော်လည်း ကျွန်များကိုသတ်စေသည်။

ဇင်းမယ်မှ အင်းဝသို့ပြန်ရန် စီစဉ်သော်လည်း မိုးကာလဖြစ်သဖြင့် ဖြည်းဖြည်းသာချီခဲ့ရသည်။ ကျန်ရှိနေသော ဇင်းမယ်မှ ပုန်ကန်သော်လည်း မည်သို့မှ မလုပ်သာခဲ့ပေ။ ထိုအချိန်၌ပင် ဟံသာဝတီမှ မင်းလှနော်ရထာကဦးဆောင်သည့် မှူးမတ်များက မင်းရဲဒိဗ္ဗကို ဖမ်းဆီးနန်းချကာ လုံခြုံအောင်ထား၍ သတိုးဓမ္မရာဇာကို ပင့်ဖိတ်သည်။ သို့ဖြင့် မင်းရဲဒိဗ္ဗ နန်းကျကာ သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်း ဟံသာ၀တီနန်းတွင် အုပ်ချုပ်သည်။ အုပ်ချုပ်သည်ဟု ဆိုရသည်မှာ နန်းတက်ဘိသိက်မခံပဲ ၄ နှစ်တိုင်တိုင် တိုင်းပြည်အရေးများကို ဆောင်ရွက်နေသောကြောင့်ဖြစ်သည်။

မိသားစု

  • မိဖုရား ခေါင်ကြီး ကျိုင်းတုံစော်ဘွားစဝ်ဂိင့်ခမ်းသမီး နှင့်ခမ်းပေါ
    • သားတော် သီရိမဟာဥဇန ဆင်ဖြူရှင်မင်းတရားဖြစ်လာတယ်ဇင်းမယ်ဘုရင့် + ခမည်းတော်သမီး ဘုရင့်မယ်တော်
  • ကျိုင်းရုံးစော်ဘွားစဝ်နော်မောင်သမီး နှင့်ညိမ်းဘွား
    • သားတော် သခင်ဆက်ကျော် ဟံသာဝတီမြို့စား
  • ဇင်းမယ်မင်းတရားကြီးသဒိုကျော်သမီး ပြည်ကလစ်ပန်း
    • သမီးတော် ဘုရင့်မယ်တော် + ခမည်းတော်သား သီရိမဟာဥဇန
  • အာရကန်မင်းသမီး အာရကန်မင်းတရားကြီးမင်းခမောင်းသမီး မင်းကြူလှ
    • သားတော် သခင်ဝရ
  • တောင်ငူယော်ဓာသမီး ဆင်စံဝတီ
    • သမီးတော် သီလဒေဝီ + ညောင်ရမ်းမင်းတရားကြီးသားတော် ဝရသူရ ငါးထပ်ဒါယကားတွင် မင်းရဲနော်ရထားခံ၍

မိခင်နှင့်အတူ အာရကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်

  • ကိုရှမ်းပြည်မင်းသမီး သီရိအရူနို
  • ကလေးစော်ဘွားသူသန့်ဘွားသမီး သီရိအနိုးချာ[၅]

မှတ်စုများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.