စာပေ From Wikipedia, the free encyclopedia
ဘယ်သန်ဆိုသည် လူ၏ လက်ဝဲလက်ကို ပိုမိုအားစိုက်၍ အသုံးပြုတတ်သူကို ခေါ်သည်။ ကမ္ဘာပေါ်ရှိ လူသားများတွင် အများစုမှာ ညာသန် ဖြစ်ကြသည်။ အနည်းစုမှာ ဘယ်သန်ဖြစ်သည်။ နောက်ဆုံးပေါ် စမ်းသပ်တွေ့ရှိချက်များအရ ဘယ်သန်များသည် ညာသန်များထက် စွမ်းရည်ထက်မြက်ကြောင်း သိရှိရသည်။ ၂၀ဝ၀-ပြည့်နှစ်က နယူးယောက်မြို့ စိန့်လော့ရင်းတက္ကသိုလ်တွင် သိပ္ပံပညာရှင်တစုသည် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၁၂၀ဝ-ကို စီမံကိန်း တရပ်အနေဖြင့် စမ်းသပ်သုတေသနပြုခဲ့ကြသည်။ ထိုအခါ ဘယ်သန်များက ညာသန်များထက် ဉာဏ်စွမ်းရည် သာလွန်ထက်မြက်နေသည်ကို တွေ့ရသည်။ သိပ္ပံပညာရှင်အဖွဲ့တွင် ပါဝင်သော ဒေါက်တာ အာသာစီယာလမန်းက ကျွန်တော်တို့ စမ်းသပ်တဲ့တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၁၂၀ဝ-ထဲမှာ ဘယ်သန်တွေဟာ ညာသန်တွေထက် ဉာဏ်စွမ်းရည်သာပြီး အိုင်ကျူ ၁၄၀-အထက် ရှိနေတာ တွေ့ရပါတယ်။ ဘယ်သန်တွေဟာ ညာသန်တွေထက် ဉာဏ်စွမ်းရည်လည်း ပိုမိုထက်မြက်ပါတယ်။ ပြဿနာအခက်အခဲတခုကို ကြုံတွေ့လို့ဖြေရှင်းရာမှာလည်း တိကျပြတ်သားစွာ၊ အောင်မြင်စွာ ဖြေရှင်းနိုင်တာကို တွေ့ရပါတယ်-ဟူ၍ မှတ်တမ်းတင်ဖော်ပြခဲ့သည်။ ထို့နောက် ဒေါက်တာ အာသာစီယာလမန်းက ဘယ်သန်အများစုဟာ တီထွင်လုပ်ကိုင်ရတဲ့ လုပ်ငန်းများဖြစ်တဲ့ ဗိသုကာ၊ တေးဂီတ၊ အနုပညာ၊ စာပေစတဲ့ ပညာရပ်တွေမှာ အလွန်ထူးချွန်တာကိုလည်း တွေ့ရပါတယ်-ဟူ၍ မှတ်တမ်းတင်ဖော်ပြသည်။ သူ၏တင်ပြချက် မှန်ကန်ကြောင်း အများစုက ထောက်ခံကြသည်။
ယနေ့ကမ္ဘာတွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်တဦးဖြစ်သော အမေရိကန်သမ္မတ အိုဘားမားသည် ဘယ်သန်ပင် ဖြစ်သည်။ ထို့ပြင် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း၊ ပန်ချီဆရာကြီး ပီကာဆို၊ ပန်ချီနှင့် ရုပ်တု အနုပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီ၊ အမေရိကန်နိုင်ငံရေး သုခမိန်၊ စာရေဆရာနှင့် သိပ္ပံပညာရှင် ဖြစ်သူ ဘင်ဂျာမင် ဖရန်ကလင်၊ အမေရိကန်သမ္မတ ထောမတ်စ် ဂျက်ဖာဆင်၊ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် နယ်လ်ဆင်ဒီရောခ်ဖဲလား စသူတို့သည်လည်း ဘယ်သန်များ ဖြစ်ကြသည်။ ထို့ပြင် ပြင်သစ်စစ်ဘုရင် နပိုလီယန် ဘိုနမ်ပတ်၊ ကမ္ဘာကျော် ရုရှားဝတ္ထုရေးဆရာကြီး လီယိုတော်စတွိုင်း၊ ကမ္ဘာကျော် ဒိန်းမတ်ပုံပြင်ဆရာကြီး အန်ဒါဆင်၊ ပန်းချီနှင့် ပန်းပုဆရာကြီး မိုက်ကယ် အန်ဂျလိုတို့သည်လည်း အစွမ်းထက်သော ဘယ်သန်များပင် ဖြစ်သည်။ ချာလီ ချက်ပလင်၊ အဆိုတော် ရုပ်ရှင်မင်းသားကြီး ဖရင့်စီနာထရာ၊ အမီတာဘဂျမ်း၊ အန်ဂျလီနာ ဂျိုလီ၊ နီကိုးကစ်မန်း၊ အင်္ဂလိပ်ဝတ္ထုရေးဆရာကြီး အိပ်ဂျီဂဲလ် တို့သည်လည်း ဘယ်သန်များဖြစ်ကြသည်။ ဂီတနှင့် အဆိုတော်များအနေဖြင့် ဘီသိုဗင်၊ မိုးဇက်၊ ပေါလ်မက်ကာတနီ၊ အမ်မီနမ်၊ So cene , Justin Bieber စသူတို့သည်လည်း ဘယ်သန်များပင် ဖြစ်သည်။ အားကစားသမားများအနေဖြင့် မိုက်တိုင်စန်၊ ဂျွန်မက်ကင်ရိုး၊ မာတီနာ နာဗာတီလိုဗာ၊ မွန်နီကာဆဲလ် စသူတို့သည်လည်း ဘယ်သန်များ ဖြစ်ကြသည်။
ကမ္ဘာ့သမိုင်းတွင် အကျော်ကြားဆုံးတစ်ဦးဖြစ်သော အလက်ဇန္ဒား-သ-ဂရိတ် (ဘီစီ ၃၅၆-၃၂၃) သည် ဘယ်သန်ပင်ဖြစ်သည်။ သူသည် အသက် ၃၀-အရွယ်မှာပင် ထိုခေတ်ထိုအခါက အကျယ်ပြန့်ဆုံးသော လက်နက်နိုင်ငံကြီးကို တည်ထောင်အုပ်စိုးနိုင်ခဲ့သည်။ လက်ရုံးရည်နှင့် ပြည့်စုံသော စစ်ဗိုလ်ချုပ်ကြီးဖြစ်ရုံမက နိုင်ငံပြု သုခမိန်လည်း ဖြစ်သည်။ ဂရိယဉ်ကျေးမှုကိုလည်း မြေထဲပင်လယ်ကမ်းခြေဒေသများနှင့် အာရှတိုက် အတွင်းသို့ ပြန့်နှံ့စေခဲ့သည်။ သူသည် စစ်မြေပြင်မှနေ၍ ပို့စကတ်များကို ဘယ်လက်ဖြင့်ရေးကာ သူ၏ မိခင်နိုင်ငံဖြစ်သော မက်ဆီဒိုးနီးယား ပြည်သို့ ပေးပို့လေ့ရှိသည်။
မြန်မာပုဂ္ဂိုလ်ကျော်များအနေဖြင့် ပန်းချီဆရာကြီး ပေါ်ဦးသက်၊ ဒေါက်တာဦးခင်အေး (အငြိမ်းစားပါမောက္ခ)၊ (မောင်ခင်မင်-ဓနုဖြူ)၊ ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)၊ (တွဲဖက်ပါမောက္ခ-ငြိမ်း)၊ ရုပ်ရှင်မင်းသားညွန့်ဝင်း၊ ရုပ်ရှင်မင်းသမီးခင်သန်းနု၊ မင်္ဂလာမောင်မယ် ပင်တိုင်ပန်းချီဆရာ ပန်းချီကိုဟန်ရွှေတို့သည်လည်း ဘယ်သန်များ ဖြစ်ကြပေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.