ဘက်မီ (တမ်းပလိတ်:Lang-jv) သို့မဟုတ် ဘာမီ (ထိုင်း: บะหมี่, အသံထွက် [bā.mìː]) သည် တရုတ်အစားအစာချက်ပြုပ်နည်းများထဲမှ ဆင်းသက်လာသော ဂျုံကို အခြေခံသည့် ခေါက်ဆွဲတစ်မျိုးဖြစ်ပြီး ဖူကျန့်ပြည်နယ်ကဲ့သို့သော တရုတ်ပြည်တောင်ပိုင်းမှ တရုတ်ရွေ့ပြောင်းနေထိုင်သူများက အရှေ့တောင်အာရှဒေသသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ပဲငံပြာရည်ဖြင့် ပြင်ဆင်ကာ ဝက်သားများအား အပေါ်၌ ပုံ၍ထားပြီး မူဆလင်များ အများဆုံးရှိရာ အင်ဒိုနီးရှားတွင် အခြား ပရိုတိန်းပါဝင်သည့် အစားအစာတို့ဖြင့် အစားထိုးလေ့ရှိသည်။ တရုတ်ပုံစံ ဂျုံခေါက်ဆွဲသည် အထူးသဖြင့် တရုတ်လူမျိုးများ သိသိသာသာ အများအပြားရှိရာ အရှေ့တောင်အာရှဒေသများတွင် အများအားဖြင့် စားသုံးလေ့ရှိသော ခေါက်ဆွဲဖြစ်ပြီး အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်လေ့ရှိသည်။

အချက်တိုများ အခြားအမည်များ, အမျိုးအစား ...
Bakmi
Thumb
ဝက်သားများ ပုံ၍ထားသော ဘက်မီ
အခြားအမည်များBami, bakmie
အမျိုးအစားခေါက်ဆွဲ
အဓိကသုံးဆောင်မှုအဓိကဟင်းလျာ
မူရင်းနိုင်ငံတရုတ်နိုင်ငံ[1]
ဒေသအင်ဒိုနီးရှားနိုင်ငံထိုင်းနိုင်ငံစင်ကာပူနိုင်ငံဆူရာနမ်နိုင်ငံဘယ်လ်ဂျီယမ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံ
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းဂျုံ၊ ဝက်သားနုပ်နုပ်စင်း၊ ပဲငံပြာရည်
Cookbook: Bakmi  Media: Bakmi
ပိတ်ရန်
Thumb
နယ်သာလန်နိုင်ငံရှိ ဘာမီ ဂိုရင်း (ဘက်မီကြော်)

တရုတ်စတိုင် ဂျုံ‌ခေါက်ဆွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ဘာကီဟု လူသိများပြီး ဒေသခံအကြိုက် အရသာနှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ထားခြင်း ဖြစ်၍ ဂျာဗားနှင့် အင်ဒိုအစားအစာများထဲတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ဘက်မီသည် ခေါက်ဆွဲသားအထူတွင် တရုတ်ဂျုံခေါက်ဆွဲနှင့် ဂျပန်အူဒွန်ကြားတွင်ရှိပြီး အင်ဒိုနီးရှားတွင် ဘက်မီမျိုးကွဲများစွာရှိသည်။ ဘက်မီကို တိုက်ရိုက်ဘာသာပြန်ဆိုလျှင် "ဝက်သားခေါက်ဆွဲ"ဟု ဆိုသော်လည်း ကြက်သားနှင့် အမဲသားကဲ့သို့ အခြားသော အသားများကိုလည်း အသုံးပြုသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.