Remove ads
From Wikipedia, the free encyclopedia
(၁)ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခါအခွင့်အားလျော်စွာ အနုမောဒနာပြုခြင်းကိစ္စ။
(၂)ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါနှင့် ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ကိုခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။
(၃)ပုရိမယာမကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ ကမ္မဋ္ဌာန်းပေးခြင်း စသောကိစ္စ။
(၄)မဇ္စျိမယာမကိစ္စ = သန်းခေါင်ယံ၌ စကြဝဠာတိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။
(၅)ပစ္ဆိမယာမကိစ္စ = မိုးသောက်ယံ၏ ၃ပုံ၁ပုံ တွင် - ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာကရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ဝင်စားတော်မူ၍ ထို ကရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တဝါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်းကိစ္စ ။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.