မြန်မာနိုင်ငံ တွင် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြုထားသော တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးရှိသည်။ ယင်းတို့ကို အဓိကလူမျိုးစုကြီး ရှစ်ခုအဖြစ် အောက်ပါအတိုင်း အုပ်စုခွဲထားသည်။[1]
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား 156.238.183.51 (ဆွေးနွေး | ပံ့ပိုး) မှ ၃ ရက် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင် ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအခြေခံ၍ လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။[1]
"အဓိကလူမျိုးစုကြီးများ" ကို ပြောဆိုကြသော ဘာသာစကား သို့မဟုတ် တိုင်းရင်းသားနှီးနွယ်မှုများထက် နေထိုင်ရာဒေသအလိုက် အုပ်စုခွဲထားခြင်း ဖြစ်သည်။ ဥပမာ ရှမ်းလူမျိုးစုကြီးတွင် မတူညီသော ဘာသာစကားအုပ်စု လေးခုရှိ ဘာသာစကားများကို ပြောဆိုသုံးနှုန်းကြသော တိုင်းရင်းသား ၃၃ မျိုးပါဝင်သည်။[3]
ထို့အပြင် အသိအမှတ် မပြုထားသော အခြား လူမျိုးစုများလည်း ရှိနေပြီး အများဆုံးမှာ တရုတ်ဗမာလူမျိုးများနှင့် ပန်းသေးလူမျိုးများ (ယင်းနှစ်စုသည် လူဦးရေ၏ ၃%)၊ အိန္ဒိယဗမာနွယ်များ (လူဦးရေ၏ ၂%)၊ အင်္ဂလိပ်-ဗမာနွယ်များနှင့် ဂေါ်ရခါးလူမျိုးများ ဖြစ်ကြသည်။ နောက်ဆုံးအုပ်စုနှစ်ခုအတွက် တိကျသော တရားဝင်စာရင်းထုတ်ပြန်ချက် မရှိသော်လည်း အင်္ဂလိပ်-ဗမာနွယ်များသည် မြန်မာနိုင်ငံတွင်းတွင် ၅၂,၀၀၀ ခန့်နှင့် နိုင်ငံပြင်ပတွင် ၁.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား မျိုးနွယ်စုများ
အောက်ပါတို့သည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည်။[1][4][5]
- ကချင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၂ ခု ပါဝင်သည်။
- ၁။ ကချင်လူမျိုး
- ၂။ ထရုမ်းလူမျိုး
- ၃။ ဒလောင်လူမျိုး
- ၄။ ဂျိမ်းဖောလူမျိုး (သိန်းပေါ်၊ ဂျင်းဖော)
- ၅။ ဂေါ်ရီလူမျိုး (ဂေါ်ရစ်)
- ၆။ ခါ့ခူးလူမျိုး (ခခု)
- ၇။ ဒူးလင်းလူမျိုး (ဒူးလန်း)
- ၈။ လော်ဝေါ်လူမျိုး (မရူ၊ လော်ဂေါ်)
- ၉။ ရဝမ်လူမျိုး
- ၁၀။ လရှီလူမျိုး (လာချိဒ်)
- ၁၁။ အဇီးလူမျိုး (ဇိုင်ဝါး)
- ၁၂။ လီဆူလူမျိုး (လီဆူး)
- ကယားလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။
- ၁၃။ ကယားလူမျိုး (ကရင်နီ)
- ၁၄။ ဇယိန်လူမျိုး (ကယန်း လထာ)
- ၁၅။ ကယန်းလူမျိုး (ပဒေါင်)
- ၁၆။ ဂေခိုလူမျိုး (ကယန်းကယ်ခို)
- ၁၇။ ဂေဘားလူမျိုး
- ၁၈။ ပရဲလူမျိုး (ကယော၊ ကယော်)
- ၁၉။ မနူမနောလူမျိုး (မနုမနော)
- ၂၀။ ယင်းတလဲလူမျိုး
- ၂၁။ ယင်းဘော်လူမျိုး (ကယန်း ကငန်)
- ကရင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၁ ခု ပါဝင်သည်။
- ၂၂။ ကရင်လူမျိုး
- ၂၃။ ကရင်ဖြူလူမျိုး (ဂေဘားကရင်)
- ၂၄။ ပလေကီးလူမျိုး (ပလေချီး)
- ၂၅။ မွန်ကရင်လူမျိုး (စာဖြူ)[6]
- ၂၆။ စကောကရင်လူမျိုး
- ၂၇။ တလှေပွာလူမျိုး (တလှေပွား)[6]
- ၂၈။ ပကူးလူမျိုး
- ၂၉။ ဘွဲလူမျိုး
- ၃၀။ မောနေပွားလူမျိုး
- ၃၁။ မိုးပွလူမျိုး (မိုးပွား)[6]
- ၃၂။ ပိုးကရင်လူမျိုး (ရှို)
- ချင်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၅၃ ခု ပါဝင်သည်။
- ၃၃။ ချင်းလူမျိုး
- ၃၄။ ကသည်းလူမျိုး (မေ့ထေး၊ မယ်တိုင်[1])
- ၃၅။ ဆလိုင်းလူမျိုး
- ၃၆။ ကလင်ကော့လူမျိုး (လူရှေ၊ လုရှေ)
- ၃၇။ ခမီလူမျိုး ("ခူမီး")
- ၃၈။ အဝခမီလူမျိုး (အောင်ခမီ)
- ၃၉။ ခေါနိုးလူမျိုး
- ၄၀။ ခေါင်စိုလူမျိုး
- ၄၁။ ခေါင်ဆိုင်ချင်းလူမျိုး
- ၄၂။ ခွာဆင်းမ်လူမျိုး
- ၄၃။ ခွန်လီလူမျိုး (ဆင်မ်)
- ၄၄။ ဂန်တဲ့လူမျိုး
- ၄၅။ ဂွေးတဲလူမျိုး
- ၄၆။ ငွန်းလူမျိုး
- ၄၇။ ဆီစာန်လူမျိုး
- ၄၈။ ဆင်တန်လူမျိုး
- ၄၉။ ဆိုင်းဇန်လူမျိုး (ဆိုင်းတန်)
- ၅၀။ ဇာဟောင်လူမျိုး (ဇာတောင်)
- ၅၁။ ဇိုတုံးလူမျိုး
- ၅၂။ ဇိုဖေလူမျိုး
- ၅၃။ ဇိုလူမျိုး
- ၅၄။ ဇန်ညှပ်လူမျိုး
- ၅၅။ တပေါင်လူမျိုး
- ၅၆။ တီးတိန်လူမျိုး (တဲဒင်မ်)
- ၅၇။ တေဇန်လူမျိုး
- ၅၈။ တိုင်ချွန်းလူမျိုး (တာရွှန်း)
- ၅၉။ တာ့ဒိုးလူမျိုး
- ၆၀။ တောရ်လူမျိုး
- ၆၁။ ဒင်မ်လူမျိုး
- ၆၂။ ဒိုင်လူမျိုး (ယင်ဒူး)
- ၆၃။ နာဂလူမျိုး
- ၆၄။ တန်ဒူးလူမျိုး (တန်ခူး)
- ၆၅။ မာရင်လူမျိုး
- ၆၆။ ပနမ်းလူမျိုး (မနန်း)
- ၆၇။ မကန်းလူမျိုး
- ၆၈။ မတူလူမျိုး
- ၆၉။ မီရမ်လူမျိုး (မိရမ်၊ မရာ)
- ၇၀။ မီအဲလူမျိုး (မိအဲ)
- ၇၁။ မွင်းလူမျိုး
- ၇၂။ လူရှည်လူမျိုး (လူရှေ၊ လူရှိုင်း)
- ၇၃။ လေးမြို့လူမျိုး
- ၇၄။ လင်တဲလူမျိုး
- ၇၅။ လောက်ထူလူမျိုး (လောက်ကု)
- ၇၆။ လိုင်လူမျိုး (ဟားခါးချင်း)
- ၇၇။ လိုင်ဇိုလူမျိုး
- ၇၈။ မြို(ခမိ)လူမျိုး (ဝါကုန်း)
- ၇၉။ ထမန်းလူမျိုး
- ၈၀။ အနူးလူမျိုး
- ၈၁။ အနန်းလူမျိုး
- ၈၂။ အူပူလူမျိုး (အုပု)
- ၈၃။ လျင်းတုလူမျိုး (လျင်းကု)
- ၈၄။ အရှိုချင်းလူမျိုး
- ၈၅။ ရောင်ထုလူမျိုး (ရောင်ကု)
- ဗမာလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။
- ၈၆။ ဗမာလူမျိုး
- ၈၇။ ထားဝယ်လူမျိုး
- ၈၈။ မြိတ်လူမျိုး
- ၈၉။ ယောလူမျိုး (ဆော)
- ၉၀။ ယဘိန်းလူမျိုး
- ၉၁။ ကဒူးလူမျိုး
- ၉၂။ ကနန်းလူမျိုး
- ၉၃။ ဆလုံလူမျိုး (မော်ကင်း)
- ၉၄။ ဖွန်းလူမျိုး (ဖုန်း၊ ဖွန်)
- မွန်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁ ခု ပါဝင်သည်။
- ၉၅။မွန်လူမျိုး
- ရခိုင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၇ ခုပါဝင်သည်။
- ၉၆။ ရခိုင်လူမျိုး (အာရကန်)
:၉၇။ ကမန်လူမျိုး
- ၉၈။ ခမီးလူမျိုး
- ၉၉။ ဒိုင်းနက်လူမျိုး
- ၁၀၀။ မရမာကြီးလူမျိုး
- ၁၀၁။ မြူလူမျိုး
- ၁၀၂။ သက်လူမျိုး
- ရှမ်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၃၂ ခု ပါဝင်သည်။
- ၁၀၄။. ရှမ်းလူမျိုး
- ၁၀၅။ ယွန်းလူမျိုး (လာအို)
- ၁၀၆။ ကွီလူမျိုး
- ၁၀၇။ ဖျင်လူမျိုး
- ၁၀၈။ ယောင်လူမျိုး (မှောင်)
- ၁၀၉။ ထနော့လူမျိုး (ဓနော)
- ၁၁၀။ ပလေးလူမျိုး
- ၁၁၀။ အင်လူမျိုး
- ၁၁၁။ မုံလူမျိုး (စုံ)
- ၁၁၃။ ခမူလူမျိုး
- ၁၁၄။ အာခါလူမျိုး (ကော၊ အီကော)
- ၁၁၅။ ကိုးကန့်လူမျိုး
- ၁၁၆။ ခန္တီးရှမ်းလူမျိုး
- ၁၁၇။ ဂုံရှမ်းလူမျိုး (ခွန်)
- ၁၁၈။ တောင်ရိုးလူမျိုး
- ၁၁၉။ ဓနုလူမျိုး
- ၁၂၀။ ပလောင်လူမျိုး
- ၁၂၁။ မြောင်ဇီးလူမျိုး
- ၁၂၂။ ယင်းကျားလူမျိုး
- ၁၂၃။ ယင်းနက်လူမျိုး
- ၁၂၄။ ရှမ်းကလေးလူမျိုး (တိုင်းနွဲ့)
- ၁၂၅။ ရှမ်းကြီးလူမျိုး (တိုင်းလုံ)
- ၁၂၆။ လားဟူလူမျိုး
- ၁၂၇။အင်းသားလူမျိုး
- ၁၂၈။ အိုက်ဆွယ်လူမျိုး
- ၁၂၉။ ပအိုဝ်းလူမျိုး (တောင်သူ၊ ကရင်မည်း)
- ၁၃၀။ တိုင်းလွယ်လူမျိုး
- ၁၃၁။ တိုင်းလျမ်လူမျိုး (ရှမ်းနီ၊ တိုင်းလိုင်)
- ၁၃၂။ တိုင်းလုံလူမျိုး
- ၁၃၃။ တိုင်းလေ့လူမျိုး (လိရှမ်း)
- ၁၃၄။ မိုင်းသာလူမျိုး (Achang)
- ၁၃၅။ မောရှမ်းလူမျိုး
ဘာသာစကားမိသားစုအလိုက် လူမျိုးစုများ စာရင်း
တရုတ်-တိဗက်နွယ်
- တရုတ်
- ကိုးကန့်
- တိဗက်-ဗမာနွယ်
- ဗမာနွယ်
- Anu
- အရှို
- Atsi
- Beik
- ဘွဲ
- ချင်း
- Ngawn
- Dalaung
- ဓနု
- ထားဝယ်
- Dim
- Duleng
- ကဏန်း
- Gheko
- Gunte (Lyente)
- Haulngo
- ဖွန်း
- အင်းသား
- ကချင် (ဂျိန်းဖော)
- ကဒူး
- ကရင်
- Kaw (Akha-E-Kaw, Akha)
- Kayinpyu (Geba Karen)
- Khams Tibetan
- Kwelshin
- လားဟူ
တိုင်း-ခဒိုင်း
- တိုင်း
- ရှမ်း
- ခွန်း
- ခန္တီးရှမ်း
- ထိုင်း
အင်ဒို-ဥရောပနွယ်
- အင်ဒို-အာရိယန်
- ဒိုင်းနက်
- ကမိန်
- မာရမာကြီး
- Lai (Haka Chin)
- Laizo
- လရှီး
- လီဆူ
- Lyente
- မိုင်းသာ
- Marma
- Maru (Lawgore)
- Meitei/Pangal (also spelled Meithei or Kathe)
- Miram (Mara)
- Monnepwa
- Mro (Wakim)
- နာဂ
- ပအိုဝ်း
- Pyin
- ရခိုင်
- Rawang
- စကော
- Shu (Pwo)
- Taron
- တောင်ရိုး
- သက်
- Tiddim (Hai-Dim)
- Torr (also spelled Tawr)
- ယော
- ဇို
- ဇိုဖေ
- ဇိုတောင်း
Hmong–Mien
- Yao
ဩစထြိုအေးရှားတစ်
- မွန်-ခမာ
- မွန်
- ဓနော
- Khmu (Khamu)
- Tai-Loi
- ဝ
- ပလောင်
- ပလေး
ဩစထြိုနီးရှန်း
- မလေးယို-ပေါ်လီနီးရှန်း
- မလေး
- Moken (also spelled Salon or Salone)
အသိအမှတ်မပြုထားသော မျိုးနွယ်စုများ
မြန်မာအစိုးရ၏ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် မပါဝင်သော အစိုးရမှ အသိအမှတ်မပြုထားသည့် မျိုးနွယ်စုများလည်း ရှိသေးသည်။
- အင်္ဂလိပ်-ဗမာ လူမျိုး (en:Anglo-Burmese people)
- ဗမာတရုတ်လူမျိုး
- ပန်းသေးလူမျိုး (en:Panthay)[7]
- ဗမာအိန္ဒိယလူမျိုး (en:Burmese Indians)[8]
- တောင်သားလူမျိုး
- ရိုဟင်ဂျာလူမျိုး
- ဗမာဂေါ်ရခါးလူမျိုး (en:Burmese Gurkha)
- ဗမာမီဇိုလူမျိုးများ
- ဂျူးလူမျိုးများ
- ဗမာမွတ်စလင်များ (ပသိ)
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.