From Wikipedia, the free encyclopedia
ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။[၁] အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။[၂] ပဲခူးမြို့မှ (၅) မိုင်ခန့် အကွာတွင် ရှိသည်။ [၃] ဆောင်ပုဒ်မှာ "ပညာယအတ္ထံ ဇာနာတိ" ဖြစ်သည်။
၁၉၇၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ [၃] တွင် ပဲခူးတိုင်းဒေသကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပဲခူးကောလိပ် အဆင့်သို့ လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ပဲခူးဒီဂရီကောလိပ် အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]
ပဲခူးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည်။[၁] ၂၀၁၈- ၂၀၁၉ပညာသင်နှစ်တွင် နေ့သင်တန်းသား (၉၄၅၄) ရှိ၍ အဝေးသင် သင်တန်းသား (၁၀၀၀၀)ကျော်ခန့်သင်ကြားပေးလျက်ရှိသည်။ [၃]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.