ပုသိမ်ကြီးမြို့နယ်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ပုသိမ်ကြီးမြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။
ပုသိမ်ကြီးမြို့နယ် | |
---|---|
အောင်မြေသာစံခရိုင်အတွင်း တည်နေရာ | |
မြန်မာနိုင်ငံတွင်းရှိ တည်နေရာ | |
ကိုဩဒိနိတ်: 21°58′0″N 96°11′0″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | အောင်မြေသာစံခရိုင်[၁] |
မြို့နယ်ရုံးစိုက်ရာမြို့ | ပုသိမ်ကြီးမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဧရိယာကုဒ် | ၂ (မိုလ်ဘိုင်း: ၆၉၊ ၉၀)[၂] |
ပုသိမ်ကြီးသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှ စ၍ အထင်အရှားရှိခဲ့သော ကျေးရွာကြီးများကို အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းမှုဖြင့် ဖြစ်တည်လာသော မြို့တစ်မြို့ဖြစ်လာခဲ့သည်။ဤမြို့နယ်တွင် အောင်ပင်လယ်ကန်ကို အကြောင်းပြု၍ လယ်ပယ်၃သောင်း၊ နန္ဒါကန်ကို အကြောင်းပြု၍ လယ်ပယ်၂သောင်း စိုက်ပျိုးခဲ့သည်ဖြစ်ရာ ယင်းကန်မြေ၊လယ်မြေ အပိုင်းအခြားရယူသူများ အခြေစိုက်နေထိုင်သည့်အတွက် အေဒီ (၁၂၄၄) ခုနှစ် ပုဂံခေတ် အခေါ်အဝေါ် အရ ပိန်သူကြီး ဟူသော ဝေါဟာရမှ ဆင်းသက်လာသည်။ ထို့နောက် ပုသိမ်ကြီးဟူ၍ ဖြစ်လာခဲ့သည်။၁၂.၆.၁၉၅၉တွင် ပုသိမ်ကြီးမြို့နယ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းခဲ့သည်။
မင်းရှင်စောသည်မိမိနှင့် အတူလိုက်ပါလာသော စစ်သည်ဗိုလ်ပါ အခြွေအရံများအတွက် စားနပ်ရိက္ခာ ပြည့်စုံစွာရရှိစေရန်အတွက် မြေတိုင်းမင်းမှုထမ်း တစ်ဦးအား လယ်ယာ ဥယျာဉ် စိုက်ပျိုးရန် လယ်ယာမြေများကို အကွက်ချတိုင်းတာစေသည်။ မြေတိုင်းမင်းမှုထမ်းနှင့် အဖွဲ့သည် မြေကွက်လပ်တစ်နေရာ၌ ယာယီတဲဆောက်လုပ်နေထိုင်ကြပြီး လယ်မြေကွက်များကို စနစ်တကျတိုင်း၍ အကွက်ချကြသည်။ ထိုသို့ မြေကွက်များကို တိုင်းသည့် မင်းမှုထမ်းကို "ပိန်သုကြီး" ဟုခေါ်ပါသည်။ ရှေးခေတ်က ပိန်သုကြီးနေထိုင်သည့် နေရာဒေသကို ယခုခေတ်တွင် "ပုသိမ်ကြီး" ဟူ၍ ခေါ်ကြသည်။ [၃]
ပုသိမ်ကြီးမြို့သည် တစ်ချိန်က ထင်ရှားခဲ့သော အောင်ပင်လယ်ကန်ကြီး၏ နယ်နိမိတ်များအပြင် အဆိုပါ အောင်ပင်လယ်ကန်ကြီးကို ပတ်ဝိုင်းထားသော နယ်မြေများကို ပိုင်ဆိုင်သည့် မြို့နယ်နိမိတ်ရှိသည်။ အောင်ပင်လယ်ကန်ကြီးကို အကြောင်းပြု၍ လယ်ပယ် နှစ်သောင်း စိုက်ပျိုးနိုင်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်ကို ၁၉၅၉-ခုနှစ်တွင် မြို့နယ်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းလိုက်သည်။ မြို့နယ်အဖြစ်အဆင့်တိုးမြှင့်သော်လည်း ရွာကြီး သာသာအဆင့်သာ ရှိခဲ့သည်။ ယခုအခါတွင် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၅၈ အုပ်စု၊ ကျေးရွာပေါင်း ၁၅၈ ရှိသည်။ အိမ်ထောင်စုပေါင်း ၃၆၆၆၉ စုရှိပြီး လူဦးရေ စုစုပေါင်း ၁၈၃၃၅၁ ဦး နေထိုင်သည်။ ပုသိမ်ကြီးမြို့နယ်အတွင် စိုက်ပျိုးမြေဧက စုစုပေါင်း (၂၈၄၈၇) ဧက ရှိသည်။၂၀၁၄တွင် လူဦးရေ ၂၆၃,၇၂၅ရှိသည်။[၁]
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၁မိနစ်နှင့် ၂၂ဒီဂရီ ၀၉မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၁မိနစ် နှင့် ၉၆ဒီဂရီ ၂၂မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၀မိုင်၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၂၃၁.၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။
ပုသိမ်ကြီးမြို့နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် အမရပူရမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်၊အနောက်ဘက်တွင် အောင်မြေသာစံမြို့နယ်၊ချမ်းအေးသာစံမြို့နယ်၊မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်၊ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် မတ္တရာမြို့နယ်တို့နှင့်ထိစပ်နေသည်။
ပုသိမ်ကြီးမြို့နယ်သည် တောင်ကုန်း၊တောင်တန်း ပေါများသည်။ ရှမ်းရိုးမ၏ အစဖြစ်ကာ မြောင်မှတောင်သို့ သွယ်တန်းနေသည်။ဧရာဝတီမြစ်မှာ မြောက်မှတောင်သို့စီးဆင်းနေပြီး ဒုဌဝတီမြစ်သည် ထူးဆန်းစွာဖြင့် အရှေ့မှ အနောက်သို့ စီးဆင်းနေသည်။ ပျမ်းမျှအမြင့်ပေ ၂၅၀ပေတွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ နွားလဘို့တောင်ဖြစ်ပြီး ပေပေါင်း ၃၁၈၈ပေမြင့်ကာ အနိမ့်ဆုံးမှာ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ကချင်၊ရခိုင်၊ချင်း၊မွန် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၁၁၀%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်သည် စီးပွားရေးနှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါးဖြစ်သည်။ စပါး၊မြေပဲ၊နှမ်း၊နေကြာ၊ပဲအမျိုးမျိုး၊ဝါ၊ကြံ၊ပြောင်းများ စိုက်ပျိုးကြသည်။ နှစ်ရှည်သီးနှံအဖြစ် သရက်ကိုလည်း စိုက်ပျိုးကြသည်။ နိုင်ငံပိုင် မျိုးစေ့သန့်စင်စက်ရုံ၊ ဝါမျိုးစေ့သန့်စင်စက်ရုံ၊ ရွှေသန့်စင်စက်ရုံများ တည်ရှိသည်။ ပုဂ္ဂလိကစက်ရုံ ၂၇ရုံ၊ အလုပ်ရုံ ၁၂ရုံ အိမ်တွင်းစက်မှုလုပ်ငန်း ၂၀၀ကျော်ရှိသည်။ဖယောင်းတောင်မှ ရွှေထွက်ရှိသည်။[၁]
ပုသိမ်ကြီးမြို့နယ်မှာ များသောအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ မြို့နယ်အတွင်း အမျိုးသားအဝေးပြေးလမ်းမ (၃)ဖြတ်သန်းသွားသည်။
ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးမြို့၏ တက္ကသိုလ်များစွာ တည်ရှိသည်။
အထက်တန်းကျောင်း ၃ကျောင်းရှိသည်။
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၃ကျောင်းရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.