စာရေးဆရာ From Wikipedia, the free encyclopedia
ပီမိုးနင်း (၅ နိုဝင်ဘာ ၁၈၈၃ - ၆ ဇန်နဝါရီ ၁၉၄၀) သည် ထင်ရှားသော မြန်မာ စာရေးဆရာတစ်ဦး ဖြစ်သည်။ သူ၏ ရေးဟန်မှာ ထိုခေတ်အခါက အခြားစာရေးဟန်များနှင့် ကွဲပြားပြီး ရှင်းလင်းကျစ်လျစ်စွာ ရေးသားလေ့ရှိသည်။ ထို့ကြောင့် ပီမိုးနင်းအား မြန်မာဝတ္ထုတိုရေးသားခြင်း၏ ဖခင်တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ အနောက်တိုင်းဘာသာစကားများမှ အထွေထွေဗဟုသုတ စာပေများစွာကို ဘာသာပြန်ခဲ့သူလည်း ဖြစ်သည်။
ပီမိုးနင်း | |
---|---|
မွေးဖွား | ကျော်ညွန့် ၅ နိုဝင်ဘာ၊ ၁၈၈၃ ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက် သုံးဆယ်၊ ပဲခူးစီရင်စု၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၆ ဇန်နဝါရီ၊ ၁၉၄၀ ၅၆) မြန်မာနိုင်ငံ | (အသက်
အလုပ်အကိုင် | စာရေးဆရာ |
မိဘ(များ) | ဦးရွှေခမ်း၊ ဒေါ်စိန်နု |
ပီမိုးနင်းကို ပဲခူးစီရင်စု၊ သုံးဆယ်မြို့ ရွာမရပ်တွင်၁၂၄၅ခုနှစ်တန်ဆောင်မုန်းလဆန်း၆ရက်၊တနလ်ာနေ့၊ခရစ်သက္ကရာဇ်(၅.၁၁.၁၈၈၃)ခုနှစ်တနလ်ာနေ့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မိုးနှင်း ဖြစ်၍ ဇာတာအမည်မှာမူ မောင်ကျော်ညွန့် ဖြစ်သည်။ အသက်ဆယ်နှစ်ခန့်အရွယ်တွင် အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေသင်ကြားခဲ့သည်။ သုံးနှစ်အကြာတွင် ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါး၏ အကူအညီဖြင့် မော်လမြိုင်မြို့ရှိ ဆန်မင်နာရီကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင်ကျောင်းတွင် သင်ကြားခဲ့သည်။ သုံးနှစ်အကြာတွင် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ‘ဂျင်နရယ် ကောလိပ်' (General College) ခေါ် ပြင်သစ်ပြည် ပါရီ မြို့တော်မှ တဆင့် ခွဲ၍ ထားသော သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရကာ စကားပြောဆိုခြင်းအတတ်၊ ဒဿနနှင့် ယုတ္တိဗေဒ ပညာရပ်များကို သင်ကြားခဲ့သည်။ အသက် ၂၀ နှစ် အရွယ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ငယ်ဆရာ ငယ်ကျောင်း ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာအဖြစ် ခန့်ထား ခံရသည်။ (နောက်ပိုင်းတွင် လယ်တီ ဆရာတော်ထံတွင် ရဟန်းခံခဲ့လေသည်။)
ပီမိုးနင်းသည် စာအုပ်ရေးသားမှု များပြားသော်လည်း ငွေကြေးအရ မအောင်မြင်ခဲ့ပေ။ ဘဝတလျှောက်လုံး အနောက်တိုင်းဂန္ထဝင်နှင့် ဒေသန္တရ ဗဟုသုတ နှစ်မျိုးလုံးကို မြန်မာပရိသတ်များအား ပညာပေးလိုသော ဆန္ဒဖြင့် ရေးသားခဲ့သည်။ သူသည် လေးတန်းအထိ မြန်မာဘာသာစကား အနည်းငယ် လေ့လာခဲ့သည်။ သို့သော် ပထွေးဖြစ်သူ၏ စာကြည့်တိုက်နှင့် သင်ကြားမှုက ပိုမိုကောင်းမွန်သော စာပေလက်ရာများကို ရေးသားစေနိုင်ခဲ့သည်။
အဘိုးအဘွားများသည် ချမ်းသာသော်လည်း သူခိုးဓားပြများနှင့် ငှက်ပျောခင်းတွင် မီးရှို့ခံရပြီးနောက် ဆင်းရဲနွမ်းပါးလာသည်။ နောက်ပိုင်းမှာ သူတို့သည် ဆင်းရဲတွင်းမှ ထွက်မလာနိုင်တော့ပေ။ ဖခင်ဖြစ်သူမှာ လူရမ်းကားတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူမှာ ကလေးများအတွက် အလုပ်လုပ်ကိုင်ခဲ့ရသည်။ ပီမိုးနင်းနှင့် သူ့ညီမတို့သည် RCM ရိုမန်ကက်သလစ်သာသနာပြုကျောင်းသို့ ထွက်ပြေးခဲ့ကြပြီး ကျောင်းအုပ်ကြီး Palwa က သူတို့ကို မွေးစားခဲ့သည်။ မိခင်မှာ စကားပြောကောင်းပြီး ထက်မြက်သူတစ်ဦး ဖြစ်ကာ ဟာသဉာဏ်ဖြင့် ပုံပြင်ကို မရပ်မနား ပြောနိုင်သူ တစ်ဦး ဖြစ်သည်။ ပီမိုးနင်း ကိုယ်တိုင်က သူ၏ တွေးခေါ်မှုနှင့် အရေးအသားသည် မိခင်ထံမှ အမွေဆက်ခံကြောင်း အသိအမှတ်ပြုခဲ့သည်။
ကိုယ်ရေးကိုယ်တာအကျပ်အတည်းများစွာသည် ပီမိုးနင်း၏မိသားစုထံ ရောက်ရှိလာသည်။ ဝင်ငွေကောင်းလာသောအခါ လောင်းကစားနှင့် မူးယစ်ဆေးဝါး အပါအဝင် အကောင်းအဆိုး အားလုံးတို့တွင် သုံးစွဲခဲ့သည်။ ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းအလုပ်ရှိသော်လည်း အလုပ်တစ်ခုကို ရေရှည်မလုပ်ခဲ့ပေ။ မိခင်၏ ဒုတိယအိမ်ထောင်မှာ မြန်မာစာပေတတ်မြောက်သူဖြစ်သည်။ ပီမိုးနင်း၏ သားအကြီးဖြစ်သူမှာ သရုပ်ဆောင် ကျော်စိုး ဖြစ်ပြီး ဓားထိုးခံရကာ ကွယ်လွန်ခဲ့သည်။ မျက်မမြင်ဇနီးသည်မှာလည်း သုံးလအကြာတွင် သေဆုံးသွားခဲ့သည်။ ပီမိုးနင်းသည်လည်း လေဖြတ်ခြင်းခံရပြီး ကျန်းမာရေး ဆိုးဝါးခဲ့သည်။
၁၉၃၉ ခုနှစ်တွင် ပီမိုးနင်းသည် ပွဲတော်တစ်ခုမှ အိမ်အပြန်လမ်းတွင် စက်ဘီးတိုက်ခံရပြီး ထိုဒဏ်ရာမှ ကျန်းမာရေးချို့တဲ့ကာ ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်၊စနေနေ့တွင် ကွယ်လွန်ခဲ့သည်။
ပီမိုးနင်းသည် စာရေးသားခြင်းအပြင် အခြားသော အလုပ်အကိုင်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။
ပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဆူးလေဘုရားအနီး၌ စက်ဘီး တိုက်ခံသဖြင့် ဒူးဆစ်အထက်ပိုင်း သွင်သွင်ကျိုးသွားကာ ထိုဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသရလေသည်။ ထိုသို့ အတွင်းလူနာအဖြစ် ကုသနေဆဲတွင် အဆုတ်အအေးမိရောဂါကြောင့် သက္ကရာဇ် ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်၊စနေနေ့ (မြန်မာ သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်၊စနေနေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင် ဘဝဇာတ်ထုပ် ချုပ်ငြိမ်းပျောက်ကွယ်သွားရရှာပါတည်း။
၁၉၈၃-ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦ၌ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပခဲ့သည်။ [၁]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.