ထိုင်းနိုင်ငံမှ တန်ဖိုးနည်းလေကြောင်းလိုင်း From Wikipedia, the free encyclopedia
နော့ လေကြောင်းလိုင်း (အင်္ဂလိပ်: Nok Air; ထိုင်း: นกแอร์) သည် ထိုင်းနိုင်ငံ အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုဖြစ်သည်။ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အခြေစိုက်၍ ထိုင်းနိုင်ငံ ပြည်တွင်းခရီးစဉ်များကို အဓိကထား ပျံသန်းလျက်ရှိသည်။[3] နော့ လေကြောင်းလိုင်းသည် ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၏ တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်သည်။
| |||||||
တည်ထောင် | ဖေဖော်ဝါရီ ၂၀၀၄ | ||||||
---|---|---|---|---|---|---|---|
စတင်ပျံသန်း | ဇူလိုင် ၂၀၀၄ | ||||||
မိခင်ဌာန | ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် | ||||||
ဒုတိယဌာန | ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်[1] | ||||||
ဖောက်သည်အစီအစဉ် | Nok Fan Club | ||||||
ပူးပေါင်းကုမ္ပဏီ | နော့စကု လေကြောင်းလိုင်း (၅၁%) | ||||||
လေယာဉ်ပေါင်း | ၂၅ | ||||||
ပျံသန်းဌာနေပေါင်း | ၂၇ | ||||||
ဆောင်ပုဒ် | "We Fly Smiles" "ทุกเที่ยวบินมีรอยยิ้ม" | ||||||
မိခင်ကုမ္ပဏီ | နော့လေကြောင်းလိုင်း အများပြည်သူပိုင် ကုမ္ပဏီလီမိတက် | ||||||
Traded as | NOK | ||||||
ဌာနချုပ် | ရာဂျနခန် အဆောက်အဦး (၁၇)ထပ်၊ အမှတ် (၃)၊ တောင်စတုံလမ်း၊ ရန်နဝ၊ စတုံခရိုင်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ | ||||||
အရေးပါသူများ | Mr. Patee Sarasin (CEO) | ||||||
အမြတ်အစွန်း | THB ၁၂,၃၁၂.၉၃ သန်း (၂၀၁၄) | ||||||
အသားတင်ဝင်ငွေ | THB -၄၇၁.၆၆ သန်း (၂၀၁၄)[2] | ||||||
ရင်းနှီးမြှုပ်နှံမှုများ | THB ၆,၅၆၉.၀၀ သန်း (၂၀၁၄) | ||||||
ပိုင်ဆိုင်မှုအားလုံး | THB ၃,၇၇၁.၁၂ သန်း (၂၀၁၄) | ||||||
ဝက်ဘ်ဆိုဒ် | www.nokair.com |
နော့ လေကြောင်းလိုင်းကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် စကိုင်း အေးရှား ကုမ္ပဏီက စတင်တည်ထောင်ခဲ့ပြီး ဇူလိုင်လ၂၃ ရက်နေ့တွင် စတင်ပျံသန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဝန်ထမ်းပေါင်း ၁၄၀၀ ခန့် ရှိပြီဖြစ်သည်။[3] နော့ လေကြောင်းလိုင်း၏ ပထမဦးဆုံး ခရီးစဉ်ကို အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့သို့ ၂၀၀၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ နေ့စဉ်ခရီးစဉ်ဖြင့် စတင်ခဲ့သည်။
နော့ လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံအတွင်း ခရီးစဉ်ပေါင်း ၂၄ ခုဖြင့် အများဆုံး ပြေးဆွဲလျက်ရှိသည်။[4] ၂၀၁၃ ခုနှစ်တွင် နော့ လေကြောင်းလိုင်းသည် ထိုင်းဘတ်ငွေ သန်းပေါင်း ၁၁၃၀၀၀ ဝင်ငွေရှိ၍ ၁၀၆၆ သန်း အမြတ်ရခဲ့သည်။
အစပိုင်းတွင် နော့ လေကြောင်းလိုင်းသည် ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းနှင့် ပတ်သတ်မှုမရှိပဲ လွတ်လပ်စွာ ရပ်တည်လည်ပတ်ခဲ့သည်။ ထို့ကြောင့် လေကြောင်းလိုင်း ၂ ခုကြား အဖုအထစ်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသည် နော့ လေကြောင်းလိုင်း၏ အစုရှယ်ရာများကို ဝယ်ယူရန် ကြိုးစားခဲ့သည်။ သို့သော် အောင်မြင်ခဲ့ခြင်း မရှိချေ။ ဝယ်ယူနိုင်ခဲ့ပါက ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသည် နော့ လေကြောင်းလိုင်း၏ ရှယ်ရာ ၃၉ ရာခိုင်နှုန်း မှ ၄၉ ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်။[5]
စတော့ဈေးကွက်တွင် ဝင်ရောက်နိုင်ရန်အတွက် ကုမ္ပဏီနာမည်ကို "နော့ လေကြောင်းလိုင်း ကုမ္ပဏီ လီမိတက်" အဖြစ် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ တွင် ပြောင်းလဲခဲ့သည်။ စတော့ရှယ်ရာ ဈေးကွက်ကို ဝင်ရောက်အပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ "နော့ လေကြောင်းလိုင်း အများပြည်သူ ကုမ္ပဏီ လီမိတ်က်" အဖြစ် ထပ်မံ နာမည်ပြောင်းခဲ့သည်။ စတော့ရှယ်ရာဈေးကွက်တွင် ကုမ္ပဏီ၏ အမှတ်တ့ဆိပ်မှာ "NOK" ဖြစ်သည်။[6]
၂၀၁၄ နော့ လေကြောင်းလိုင်းသည် စင်ကာပူနိုင်ငံ အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုဖြစ်သော စကု လေကြောင်းလိုင်း နှင့် အကျိုးတူ ပူပေါင်းခဲ့ပြီး နော့စကု ဖြစ်လာခဲ့သည်။ နော့စကု လေကြောင်းလိုင်းသည်လည်း ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် ကို အခြေစိုက်ကာ ဒေသတွင်း တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုအဖြစ် ရပ်တည်နေသည်။
နော့ လေကြောင်းလိုင်းသည် လေယာဉ်ပေါင်း ၂၀ ကျော်နှင့် ပျံသန်းလျက်ရှိသည်။
၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၂ ရက် စာရင်းများအရ အောက်ဖော်ပြပါ လေယာဉ်များဖြင့် ပျံသန်းနေသည်။
လေယာဉ် အမျိုးအစား | စုစုပေါင်း | အော်ဒါ | ခရီးသည် | မှတ်ချက် | ||
---|---|---|---|---|---|---|
စီးပွားရေးတန်း | ရိုးရိုးတန်း | စုစုပေါင်း | ||||
Bombardier Dash 8 Q400 NextGen | ၆ | - | - | ၈၆ | ၈၆ | Launch customer for high-density variation |
ATR 72-500 | ၂ | - | - | ၆၆ | ၆၆ | |
Boeing 737 MAX 8 | - | ၈ | - | - | - | |
Boeing 737-800 | ၂၀[7] | ၆ | - | ၁၈၉ | ၁၈၉ | |
စုစုပေါင်း | ၂၈ | ၁၄ |
Major Shareholders (as of 17 March 2015)[8] | % of shares owned |
---|---|
Thai Airways International PLC | 39.2% |
Siam Commercial Bank | 3.44% |
Mr. Patee Sarasin | 3.28% |
Thai NVDR Company Limited | 2.84% |
Credit Suiss AG, Singapore Branch | 2.53% |
Morgan Stanley & Co. International PLC | 1.63% |
Mr. Supapong Asvinvichit | 1.48% |
Mr. Songkram Cheevaprawatdomrong | 1.28% |
Mr. Pichai Karnjanarporn | 0.80% |
TISCO Master Pooled Fund | 0.76% |
Mr. Chanin Charisarapong | 0.75% |
State Street Bank and Trust Company for Canada | 0.73% |
TISCO Dividend Long Term Equity Fund | 0.52% |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.