နေဝင်းမြင့်
From Wikipedia, the free encyclopedia
နေဝင်းမြင့် (၆ ဖေဖော်ဝါရီ ၁၉၅၂ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦးဖြစ် အမျိုးသားစာပေဆု ၃ ကြိမ်ရရှိထားသူ ဖြစ်သည်။
နေဝင်းမြင့် | |
---|---|
![]() | |
မွေးဖွား | ဝင်းမြင့်၊ ခင်မောင်ဝင်း ဖေဖော်ဝါရီ ၆၊ ၁၉၅၂ ကုန်းဇောင်းရွာ၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်း |
ကလောင်အမည် | ဝင်းဖွေး၊ အောင်မောင်း |
ရရှိသည့်ဆုများ |
|
အိမ်ထောင်ဖက် | ခင်ခင်ထူး |
၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မကွေးတိုင်း ကုန်းဇောင်းရွာ၊ ပွင့်ဖြူမြို့နယ်တွင် အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်းတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဝင်းမြင့်(ခ)ခင်မောင်ဝင်းဖြစ်သည်။ ဇနီး- စာရေးဆရာမ ခင်ခင်ထူးနှင့်အတူ မန္တလေးမြို့တွင်နေထိုင်ရင်း စာပေများ ရေးသားပြုစုနေသည်။ ကလောင်အမည်ကွဲများမှာ ဝင်းဖွေး၊ အောင်မောင်း စသည်တို့ ဖြစ်သည်။
ပညာရေး
၁၉၅၇ - ငယ်စဉ်က ကုန်းဇောင်းကျေးရွာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အင်းစိန်သို့ ပြောင်းရွှေ့လာခဲ့ပြီး အင်းစိန်မြို့ အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် ဒဿမတန်းအထိ ပညာသင်ကြားခဲ့သည်။
ဝန်ထမ်းဘဝ
၁၉၆၈ ခုနှစ်တွင် အင်းစိန် ဒညင်းကုန်းအုတ်စက်ရုံအမှတ်(၁)တွင် ဝန်ထမ်းအဖြစ် အမှုထမ်းခဲ့သည်။ ပညာသည်(ထုတ်လုပ်ရေး)အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။
စာပေဆုများ
- ၁၉၈၅ - စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ်(တတိယ)ဆု - ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများ
- ၁၉၉၂ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - ဆယ့်နှစ်ကြိုးဝတ္ထုတိုများ (အားမာန်သစ်စာပေ)
- ၂၀၀၇ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - အိမ်ကလေး ၁၆ လုံး (ပုဂံစာအုပ်တိုက်)
- ၂၀၁၀ - အမျိုးသားစာပေဆု (ဘာသာပြန် (ရသ)) - ရေကန်သာ ကြာတိုင်းအေး (ပုဂံစာအုပ်တိုက်)
ရေးသားပြီးသော စာအုပ်အချို့
30em
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.