မြန်မာနိုင်ငံ ဝန်ကြီးဌာန From Wikipedia, the free encyclopedia
သမ္မတရုံး ဝန်ကြီးဌာန (တနည်းအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၊ အင်္ဂလိပ်: Office of the President of the Republic of the Union of Myanmar) သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်သည့်ရုံး ဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးလွင်ကိုလတ်အား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[2]
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
ပြည်ထောင်စုဝန်ကြီး | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် |
|
ဝန်ကြီးများ | လစ်လပ်၊ ပြည်ထောင်စုဝန်ကြီး |
ဝက်ဘ်ဆိုက် | president-office.gov.mm |
စစ်အစိုးရအုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ကူးပြောင်းရာ ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ၂၀၁၄အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်အတွက် ၂၀၁၂ခုနှစ် စက်တင်ဘာလ၄ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကို ဝန်ကြီးဌာန၆ခုအထိတိုးချဲ့ခဲ့သည်။ [3]၂၀၁၃ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။[4]ထို့နောက်တွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်ခဲ့သည်။သမ္မတဦးထင်ကျော်လက်ထက်တွင် ဝန်ကြီးဌာနတစ်ခုတည်းအဖြစ်လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရုံးထိုင်သည့် နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်သမ္မတအိမ်တော်တွင် ထားရှိထားသည်။ထိုရုံးကို တာဝန်ခံသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအား နေပြည်တော်ရှိ ရုံးအမှတ် (၁၈)တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် တွဲ၍ ဖွင့်လှစ်ထားသည်။[1]၂၀၂၀ပြည့်နှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်အနီးတွင် ဝန်ကြီးရုံးအသစ် တည်ဆောက်လျက်ရှိသည်။[6]ရုံးအမှတ် (၁၈)သည် ယခင် နအဖအစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနတို့ ဖွင့်လှစ်ခဲ့သည့် ရုံးအဆောက်အဦးဖြစ်သည်။
№ | ပုံ | အမည် (မွေးဖွား-ကွယ်လွန်) |
ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | နိုင်ငံတော်သမ္မတ | ဒုတိယဝန်ကြီး | ||
---|---|---|---|---|---|---|---|---|
တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ||||||
၁ | ဦးသိန်းညွန့် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇ | USDP | ဦးသိန်းစိန် | - | |
၂ | ဦးစိုးမောင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇ | USDP | ဦးသိန်းစိန် | - | |
၃ | ဦးစိုးသိန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | USDP | ဦးသိန်းစိန် | - | |
၄ | ဦးအောင်မင်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | USDP | ဦးသိန်းစိန် | - | |
၅ | ဦးလှထွန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | USDP | ဦးသိန်းစိန် | - | |
၆ | ဦးတင်နိုင်သိန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | USDP | ဦးသိန်းစိန် | - | |
၇ | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၉ | NLD | ဦးမင်းသူ | ||
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးများပါတွဲဖက်ထမ်းဆောင် |
သမ္မတဦးသိန်းစိန်လက်ထက်တွင် စီးပွားရေး၊ သာသနာရေး၊ဥပဒေ၊ ပညာရေးဆိုင်ရာသမ္မတအကြံပေးပုဂ္ဂိုလ်များ ခန့်အပ်ခဲ့သည်။ သမ္မတအကြံပေးအဖွဲ့ဝင်၉ဦး[7]ကို ၂၀၁၁ခုနှစ် ဧပြီ၁၉ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[8]၂၀၁၄ခုနှစ် ဇွန်လ၁၈ရက်နေ့တွင် ဦးမြင့်မောင်နှင့် ဦးစိန်ဝင်းအောင်ကို သာသနာရေးဆိုင်ရာ အကြံပေးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[9][10][11]
၂၀၁၄ခုနှစ်အထိ သမ္မတအကြံပေးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.