နိဟွန်းရှောခိ
From Wikipedia, the free encyclopedia
နိဟွန်းရှောခိ (日本書紀) သည် ဂျပန်နိုင်ငံ၏ သမိုင်းအကြောင်းကို ရေးသားမှတ်တမ်းတင်ထားသည့် ဒုတိယမြောက်သက်တမ်းအကြာမြင့်ဆုံး စာအုပ်တစ်ခု ဖြစ်သည်။ ဤစာအုပ်ကို နိဟွန်းဂိ (日本紀, "ဂျပန်သမိုင်းမှတ်တမ်း") ဟုလည်း ခေါ်ကြသည်။ ဤစာအုပ်သည် သက်တမ်းအကြာမြင့်ဆုံးစာအုပ်ဖြစ်သည့် ခိုခိဂျိစာအုပ်ထက် အချက်အလက်များပါဝင်ပြီး ပိုမို၍ အသေးစိတ်သည်။ ဤစာအုပ်သည် သမိုင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသနသမားများအတွက် အရေးပါသည့်အရာတစ်ခုအဖြစ် ရှိသည်။ ဤစာအုပ်တွင် ဂျပန်နိုင်ငံ၏ ရှေးဟောင်းသမိုင်းမှတ်တမ်းဆိုင်ရာများသည် အားလုံးပြည့်စုံလုနီးပါး ပါရှိသည်။ နိဟွန်းရှောခိသည် ၇၂၀ တွင် မင်းသား တိုနဲရိ၏ စီမံခန့်ခွဲမှုဖြင့် ပြီးစီးခဲ့သည်။ မင်းသားနှင့်အတူ ကူညီခဲ့သူမှာ အိုးနိုယဆုမရို ဖြစ်သည်။[၁]

ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.