From Wikipedia, the free encyclopedia
ဒုတိယ မဟာရာဇဝင်တော်ကြီး သည် မြန်မာနိုင်ငံ၊ ကုန်းဘောင်ခေတ်တွင် ထွက်ပေါ်ခဲ့သော ဒုတိယမြောက် မြန်မာရာဇဝင်ကျမ်း ဖြစ်သည်။ မှန်နန်း ရာဇဝင် ၏ ဒုတိယအပိုင်းဖြစ်ပြီး ဗြိတိသျှတို့နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲနှစ်ခု အပါအဝင် ၁၈၂၁ ခုနှစ်မှ ၁၈၅၄ ခုနှစ်အထိ ဖြစ်ရပ်များ ပါဝင်သည်။
ယခု ကုန်းဘောင်ဆက် ရာဇဝင်၏ ဒုတိယတွဲ အနေဖြင့် ထုတ်ဝေ | |
စာရေးသူ | တော်ဝင်သမိုင်း ကော်မရှင် |
---|---|
မူလခေါင်းစဉ် | ဒုတိယ မဟာ ရာဇဝင်တော်ကြီး |
နိုင်ငံ | မြန်မာ့ဘုရင့်နိုင်ငံတော် |
ဘာသာစကား | မြန်မာ |
အတွဲ | မြန်မာရာဇဝင်ကျမ်းများ |
အမျိုးအစား | ရာဇဝင်၊ သမိုင်း |
ထုတ်ဝေသည့်ရက် | ၁၈၆၉ |
စာမျက်နှာ | ၁၀ တွဲ[၁] |
ယခင်စာအုပ် | မှန်နန်း ရာဇဝင် |
နောက်ထွက်စာအုပ် | ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး |
ဒုတိယ ရာဇဝင်ကျမ်းကို ၁၈၆၉ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ယခုအခါ ယင်းကို ကုန်းဘောင်ဆက် ရာဇဝင်၏ ဒုတိယတွဲအနေဖြင့် ထုတ်ဝေထားသည်။ ကုန်းဘောင်ဆက် ရာဇဝင်တွင် အတွဲသုံးတွဲရှိပြီး ပထမတွဲ (၁၇၅၂–၁၈၂၁)၊ ဒုတိယတွဲ (၁၈၂၁–၁၈၅၄)၊ နှင့် တတိယတွဲ (၁၈၅၄–၁၈၈၅) တို့ ဖြစ်သည်။
ဤရာဇဝင်ကျမ်း ရေးသားခြင်းကို ဒုတိယ အင်္ဂလိပ် - မြန်မာစစ် (၁၈၅၂) အပြီး ၁၅ နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် တော်ဝင်သမိုင်း ကော်မရှင် မှ စတင်ခဲ့သည်။ မင်းတုန်းမင်းသည် မှန်နန်းရာဇဝင် အား ပြင်ဆင်ဖြည့်စွက်ရန် အခြား ကော်မရှင်တစ်ခုအား တာဝန်ပေးခဲ့သည်။ ကော်မရှင်တွင် အဖွဲ့ဝင် ၅ ဦး ပါဝင်သည်။[၂] ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄–၁၈၂၆) မတိုင်မီ ၁၈၂၁ ခုနှစ်တွင် ပထမကော်မရှင်အဖွဲ့ ရပ်နားပြီးနောက် ဒုတိယကော်မရှင်အဖွဲ့အနေဖြင့် ဆိုးရွားသော စစ်ပွဲနှစ်ခုအကြောင်းကို ရေးသားကိုင်တွယ်ခဲ့ရသည်။ ကော်မရှင်သည် ရာဇဝင်ကျမ်းအား ဒုတိယစစ်ပွဲ အပြီး ၁၈၅၄ ခုနှစ်အထိ ဖြည့်စွက်ခဲ့သည်။[၃] ဒုတိယရာဇဝင်ကျမ်းတွင် စစ်ပွဲနှစ်ခုအကြောင်းကို အပြည့်အစုံ ထည့်သွင်းရေးသားထားသည်။[၄] အတွဲ ၁၀ တွဲပါဝင်သော ဒုတိယရာဇဝင်ကျမ်းသည် ၁၈၆၉ ခုနှစ်တွင် အပြီးသတ် ပြီးစီးခဲ့သည်။[၁]
Seamless Wikipedia browsing. On steroids.