စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နစကဒုက္ကဋ္ဌ From Wikipedia, the free encyclopedia
ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ[၁][၂] စိုးဝင်း (၁ မတ် ၁၉၆၀ မွေးဖွား[၃]) သည် မြန်မာနိုင်ငံသား၊ တပ်မတော်သားတစ်ဦးဖြစ်ပြီး လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်များအား ထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ်၊ ဗိုလ်လောင်သင်တန်းအမှတ်စဉ် (၂၂)ကျောင်းဆင်းအရာရှိတစ်ဦးဖြစ်သည်။ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (ဗထူး)၏ ကျောင်းအုပ်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့် တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ "ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)" အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
စိုးဝင်း | |
---|---|
![]() | |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | |
ဒုတိယဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
တပ်မတော် | |
![]() | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၁ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး |
တပ်မတော် (ကြည်း) | |
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး |
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဩဂုတ် ၂၀၂၁ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မတ် ၁၊ ၁၉၆၀ |
နိုင်ငံသား | မြန်မာနိုင်ငံသား |
လူမျိုး | ဗမာ |
ကြင်ဖော်(များ) | ဒေါ်သန်းသန်းနွယ် |
သားသမီး | ဟန်ထူး လင်းထူး |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ဆုတံဆိပ်များ | |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
အမှုထမ်းကာလ | ၁၉၈၀-လက်ရှိ |
ရာထူး | ဒုတိယဗိုလ်ချုပ်မှူးကြီး |
တပ် | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး |
၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင် ဒုတိယခေါင်းဆောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။[၄]
အစောပိုင်းဘဝနှင့် ပညာရေး
ဦးချစ်စိန်နှင့် ဒေါ်ကြင်ထွေးတို့မှ ၁၉၆၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။[၅][၆][၇][၈][၉][၁၀][၁၁] ၁၉၇၆ ခုနှစ်တွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။[၁၂][၁၃][၁၄][၁၅][၁၆]
စစ်မှုထမ်းခြင်း
၁၉၈၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် (၂၂)ဖြင့် ဘွဲ့ရရှိခဲ့သည်။[၁၇][၁၈][၁၉][၂၀][၂၁][၂၂] ၂၀၀၈ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့သည်။[၂၃][၂၄][၂၅][၂၆][၂၇][၂၈] ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းများရှိ စစ်ဖက်ဆိုင်ရာ စစ်ဆင်ရေးများကို ကြီးကြပ်ခဲ့သည်။[၂၉][၃၀][၃၁][၃၂][၃၃][၃၄][၃၅]
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အား တပ်မတော်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန် ဖိအားပေးခဲ့ဖူးသူလည်း ဖြစ်သည်။[၃၆][၃၇][၃၈][၃၉][၄၀][၄၁] ၂၀၀၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၀ ဩဂုတ်လအတွင်း ကေအိုင်အေ ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နယ်ခြားစောင့်တပ်ပြောင်းလဲရေးအတွက် မအောင်မြင်ခဲ့ပေ။[၂၉][၄၂][၄၃][၄၄][၄၅][၄၆]
၂၀၂၄ ခုနှစ် ဧပြီလတွင် တော်လှန်ရေးအဖွဲ့များ၏ ဒရုံးဖြင့် တိုက်ခိုက်မှုကြောင့် စိုးဝင်းသည် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဒရုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် စိုးဝင်းသည် လူမြင်ကွင်းမှ ရက်သတ္တပတ် နှစ်ပတ်ခန့် ပျောက်ဆုံးနေခဲ့သည်။[၄၇][၄၈][၄၉][၅၀][၅၁][၅၂][၅၃]
ရရှိခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ
ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် (၀၄-၀၁-၂၀၂၁) လွတ်လပ်ရေးနေ့တွင် “သီရိပျံချီ ”ဘွဲ့မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော “သရေစည်သူ”သင်္ဂဟဘွဲ့သို့ တိုးမြှင့်၍ “နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)” ဖြင့် ချီးမြှင့်ခံခဲ့ရသည်။[၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.