From Wikipedia, the free encyclopedia
ဥပဒေ နှင့် အစိုးရ တို့တွင် ဒီ ဖက်တို (အင်္ဂလိပ်: de facto) သည် ဥပဒေများအရ တရားဝင်အသိအမှတ်ပြုခံရခြင်း မရှိသော်လည်း လက်တွေ့တွင် တည်ရှိနေသောအာဏာကို ဖော်ညွှန်းသည်။ [၁] [၂] ၎င်းကို ဥပဒေအရ ဖြစ်တည်သောအာဏာကို ရည်ညွှန်းသည့် ဒီ ဂျူရီ ("ဥပဒေအရ") နှင့်မတူဘဲ လက်တွေ့တွင် ဖြစ်ပျက်နေသည့်အရာကို ရည်ညွှန်းသည်။
ဒီ ဖက်တို စံညွှန်း ဆိုသည်မှာ ရှေးထုံးအစဉ်အလာအရသော်လည်းကောင်း၊ တာဝန်ဝတ္တရားအရ ဆောင်ရွက်ရလျှင်သော်လည်းကောင်း၊ သို့မဟုတ် ဈေးကွက်ကိုလွှမ်းမိုးနိုင်ခြင်းကြောင့်လည်းကောင်း ကြီးစိုးသူအနေအထားသို့ ရောက်ရှိလာစေသည့် စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ၎င်းစံသတ်မှတ်ချက်အတွက် တရားဝင်အတည်ပြုချက်၊ စာရွက်စာတမ်းတစုံတရာကို သေချာပေါက်ရရှိရန် မလိုအပ်ပါ။
ဒီ ဖက်တို အစိုးရ (တစ်နည်းအားဖြင့်) အာဏာ လက်ကိုင် အစိုးရသည် အချုပ်အခြာအာဏာ၏ ဂုဏ်သတ္တိများအားလုံးအား သိမ်းပိုက်ခြင်းအားဖြင့် တရားဝင်အသိအမှတ်ပြုခံရသူများထံမှ အာဏာကိုလွှဲပြောင်းရယူသည့် အစိုးရတစ်ခုဖြစ်သည်။[၃]
Seamless Wikipedia browsing. On steroids.