Remove ads
စစ်ကိုင်း ဘုရင် From Wikipedia, the free encyclopedia
ဆင်ဖြူရှင် တရဖျား (၁၃၂၇–၁၃၅၂) သည် စစ်ကိုင်းမင်းဆက် ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၄၉ မှ ၁၃၅၂ အထိ ထီးနန်းစိုးစံခဲ့သည်။ သူသည် ပင်းယနှင့် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ခဲ့သည်။
တရဖျားငယ် ဆင်ဖြူရှင် တရဖျား | |
---|---|
စစ်ကိုင်းဘုရင် | |
နန်းသက် | c. နိုဝင်ဘာ ၁၃၄၉ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂ |
ရှေ့မင်းဆက် | နော်ရထာ မင်းရဲ |
ဆက်ခံသူ | သီဟပတေ့ |
ဝန်ကြီးချုပ် | နန္ဒပကြံ |
မွေးဖွား | ၁၂ အောက်တိုဘာ ၁၃၂၇ မြန်မာသက္ကရာဇ် ၆၈၉၊ သီတင်းကျွတ်လဆုတ် ၁၁ ရက်၊ တနင်္လာ စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော် |
ကွယ်လွန် | ၂၃ ဖေဖော်ဝါရီ ၁၃၅၂ (အသက် ၂၄) မြန်မာသက္ကရာဇ် ၇၁၃၊ တပေါင်းလဆန်း ၉ ရက်၊ ကြာသပတေး စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော် |
စံအိမ် | မြင်စိုင်း |
ခမည်းတော် | အသိင်္ခယာ စောယွန်း |
မယ်တော် | စောနှောင်း |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
တရဖျားငယ်သည် စစ်ကိုင်းဘုရင် အသိင်္ခယာ စောယွန်းနှင့် မိဖုရားခေါင် စောနှောင်းတို့၏ အငယ်ဆုံးသားတော် ဖြစ်သည်။ ဖခင်ကွယ်လွန်ပြီးနောက် ရှစ်လအကြာတွင် မွေးဖွားခဲ့သည်။ ဦးရီးတော် တရဖျားကြီးက စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။[၁][၂] တရဖျားငယ်သည် အသက် ၈ နှစ်အရွယ်အထိ စစ်ကိုင်းနန်းတော်တွင် ကြီးပြင်းခဲ့သည်။ ၁၃၃၅/၃၆ တွင် ဝမ်းကွဲဖြစ်သူ ရွှေတောင်တက်၏ ထီးနန်းသိမ်းပိုက်မှုကြောင့် တရဖျားငယ်နှင့် သူ၏ အခြားမောင်နှမသုံးဦးတို့သည် မင်းတုန်းမြို့သို့ ပုန်းရှောင်ခဲ့ကြရသည်။[၂] မိခင်နှင့် ဝန်ကြီးချုပ် နန္ဒပကြံတို့၏ အကူအညီဖြင့် သုံးနှစ်ကြာ ပုန်းခိုခဲ့ကြရပြီး ပုန်းခိုနေမှု ပေါ်ပေါက်သွားပြီးနောက် ၁၃၃၉ တွင် စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသည်။[၃] သို့သော် ရွှေတောင်တက်နှင့် တရဖျားကြီး၏ သစ္စာခံများ တိုက်ခိုက်ကြပြီးနောက် ရွှေတောင်တက်နှင့် တရဖျားကြီး နှစ်ဦးစလုံး အသတ်ခံခဲ့ရသည်။ ယင်းနောက် နန္ဒပကြံက ကျစွာအား ထီးနန်းတင်ခဲ့သည်။[၃]
တိုင်းပြည်အား နန္ဒပကြံမှ စီမံအုပ်ချုပ်နေသဖြင့် တရဖျားငယ်သည် သူ၏ နောင်တော် နော်ရထာ မင်းရဲ ကဲ့သို့ပင် ကျစွာဘုရင်၏ ထီးနန်းကာလတွင် အရေးပါသည့် နေရာတွင် မရှိခဲ့ပေ။[၄] သို့သော်လည်း ကျစွာဘုရင်နှင့် မင်းရဲတို့ ကွယ်လွန်ပြီးနောက် ၁၃၄၉ နှောင်းပိုင်းတွင် ဘုရင် ဖြစ်လာခဲ့သည်။[၄] တရဖျားငယ်သည် နောင်တော်မင်းရဲ၏ ဆင်ဖြူတော်ကို ဆက်လက်ဆက်ခံကာ ဆင်ဖြူရှင် အဖြစ် ခံယူခဲ့သည်။[၄]
တရဖျားငယ်၏ နန်းသက်သည် နှစ်နှစ်ကျော် ကြာခဲ့သည်။ သူသည် စစ်ကိုင်းထီးနန်း၏ အစဉ်အဆက် ပြိုင်ဖက်ဖြစ်သော ပင်းယနှင့် ဆက်ဆံရေးကို သတိကြီးစွာ ကိုင်တွယ်ခဲ့သည်။ ၁၃၅၁ ခုနှစ်တွင် ရမည်းသင်းမြို့စား စွာစော်ကဲသည် ဘုရင်လေးစီးရှင် ကျော်စွာထံမှ ထွက်ပြေးလာပြီး လာရောက်ခိုလှုံခဲ့သည်။[၅] ၁၃၄၉ တွင် ပင်လယ်မြို့စား ကန်းနီ နော်ရထာကို နော်ရထာမင်းရဲ ခိုလှုံခွင့်ပေးခြင်း၏ နောက်ဆက်တွဲဖြစ်သည်။[၆] သို့သော် တရဖျားငယ်သည် အစ်မတော် စိုးမင်းနှင့် ခင်ပွန်းဖြစ်သူ သတိုးဆင်ထိန်းတို့အား လေးစီးရှင် ကျော်စွာထံ စေလွှတ်ကာ စစ်ပြေငြိမ်းစေရန် ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ပြီး နှစ်ပြည်ထောင်ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။[၇] မကြာမီ တရဖျားငယ် ကွယ်လွန်ခဲ့ပြီး ထီးနန်းကို စိုးမင်းကိုယ်တော်ကြီး၏ ဒုတိယခင်ပွန်း၊ တရဖျားငယ်၏ ယောက်ဖတော်သူ သီဟပတေ့က ၁၃၅၂ ဖေဖော်ဝါရီ ၂၃ တွင် ရယူခဲ့သည်။[၈]
မြန်မာရာဇဝင်ကျမ်းများတွင် တရဖျားငယ်၏ မွေးဖွားရက်နှင့် ကွယ်လွန်ရက်များ ကွဲလွဲလျက်ရှိသည်။
ရင်းမြစ် | မွေးဖွား–ကွယ်လွန် | အသက် | နန်းသက် | ထီးနန်းသက်တမ်း | ကိုးကား |
---|---|---|---|---|---|
ဇာတာတော်ပုံ ရာဇဝင် | ၂၀ အောက်တိုဘာ ၁၃၃၇ – ၁၃၅၅ | ၁၇ | ၁၃၅၂–၁၃၅၅ | ၃ | [note ၁] |
ဇာတာတော်ပုံ ရာဇဝင် (partially reconciled) | ၁၂ အောက်တိုဘာ ၁၃၂၇ – ၁၃၅၅ | ၂၇ | |||
မဟာရာဇဝင်ကြီး | c. ၁၃၃၁–၁၃၅၄/၅၅ | ၂၃ | ၁၃၅၂/၅၃–၁၃၅၄/၅၅ | ၂ | [၉] |
မဟာရာဇဝင်သစ် | c. ၁၃၂၀ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂ | ၃၁ | ၁၃၄၉/၅၀ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂ | ၃ | [၈] |
မှန်နန်း ရာဇဝင် | c. ၁၃၂၁ – ၁၁ ဖေဖော်ဝါရီ ၁၃၅၃ | ၁၃၄၉/၅၀ – ၁၁ ဖေဖော်ဝါရီ ၁၃၅၃ | [note ၂] |
တရဖျားငယ်၏ မျိုးရိုး | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.