မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ လေဆိပ် From Wikipedia, the free encyclopedia
ညောင်ဦးလေဆိပ် (English : Nyaung U Airport) သည် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး မြို့နယ်တွင် တည်ရှိသည်။ ပုဂံမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများ၏ အဓိက လေကြောင်း ဝင်ပေါက်ဖြစ်သည်။ ပုဂံ-ညောင်ဦးလေဆိပ်အဖြစ် လူသိများသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာဖြင့် နိုင်ငံတကာခရီးစဉ်များ ဆင်းသက်ခွင့်ပြုလိုက်ပြီး အကောက်ခွန်လေဆိပ်အဖြစ် သတ်မှတ်လိုက်သောကြောင့် ညောင်ဦးလေဆိပ်သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် နိုင်ငံတကာလေဆိပ်တစ်ခု ဖြစ်လာခဲ့သည်။
ညောင်ဦးလေဆိပ် | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ပုဂံညောင်ဦးလေဆိပ်, ၂၀၀၉ ဖေဖော်ဝါရိ | |||||||||||
အချက်အလက်များ | |||||||||||
အမျိုးအစား | အများပြည်သူနှင့်ဆိုင်ရာ လေဆိပ် | ||||||||||
စီမံကွပ်ကဲသူ | အစိုးရ | ||||||||||
ဝန်ဆောင်မှု ဧရိယာ | ညောင်ဦးမြို့၊ မြန်မာနိုင်ငံ | ||||||||||
တည်နေရာ | ညောင်ဦးမြို့ (Nyaung Oo) | ||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၃၁၂ ပေ / ၉၅ မီတာ | ||||||||||
ကိုဩဒိနိတ် | 21°10′44″N 094°55′49″E | ||||||||||
ပြေးလမ်း | |||||||||||
| |||||||||||
လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင် အမြင့် ၃၁၂ ပေတွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းမှာ ကတ္တရာ အမျိုးအစားဖြစ်ပြီး ပေ ၈၅၀၀ (၂၅၉၁ မီတာ) ရှည်သည်။
လေကြောင်းလိုင်း | မြို့အမည် |
---|---|
အဲပုဂံ | မန္တလေး၊ ရန်ကုန် |
အဲကေဘီဇက် | ဟဲဟိုး၊ မန္တလေး၊ ရန်ကုန် |
အဲမန္တလေး | ဟဲဟိုး၊ မန္တလေး၊ သံတွဲ၊ ရန်ကုန် |
အေးရှန်းဝင်း | ဟဲဟိုး၊ မန္တလေး၊ ရန်ကုန် |
မန်းရတနာပုံ | မန္တလေး၊ ရန်ကုန်၊ ဟဲဟိုး၊ သံတွဲ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြစ်ကြီးနား |
မြန်မာ့လေကြောင်း | ဟဲဟိုး၊ ရန်ကုန် |
ရန်ကုန်အဲဝေး | ဟဲဟိုး၊ ကျိုင်းတုံ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် |
အက်ဖ်အမ်အိုင် လေကြောင်းလိုင်း | ရန်ကုန် |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.