From Wikipedia, the free encyclopedia
ဆိပ်ဖြူမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆိပ်ဖြူမြို့ဖြစ်သည်။ မြို့နယ်၏ အရှေ့တောင်ဘက်နယ်နမိတ်သည် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိပြီး ဆိပ်ဖြူမြို့တွင် သင်္ဘောဆိပ် တည်ရှိသည်။
ဆိပ်ဖြူမြို့နယ် | |
---|---|
မြို့နယ် | |
ပခုက္ကူခရိုင်အတွင်းတည်နေရာ | |
ပခုက္ကူခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°4′N 94°31′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
ခရိုင် | ပခုက္ကူခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | ဆိပ်ဖြူမြို့ |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၉၀ မီတာ (၃၀၀ ပေ) |
လူဦးရေ (၂၀၁၄) | ၁၀၂,၇၆၉[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဆိပ်ဖြူမြို့နယ်သည် မြောက်လတ္တီကျူ့ ၂၀° ၅၁' နှင့် ၂၁° ၁၅' အကြား၊ အရှေ့လောင်ဂျီကျူ့ ၉၄° ၀၉' နှင့် ၉၄° ၄၈' အကြားတွင် တည်ရှိသည်။ ယောချောင်းသည် မြို့နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။[၂] ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ခဲ့ရာ ဒေသလည်း ဖြစ်သည်။[၃][၄][၅]
ဆိပ်ဖြူမြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။[၆]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.