မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
ဆင်ပေါင်ဝဲမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆင်ပေါင်ဝဲမြို့ ဖြစ်သည်။ ပဲခူးရိုးမတောင်တန်း၏ တောင်ခြေ၊ ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့်အနောက်ဘက်မြစ်ကိုခွလျက် တည်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ် | |
---|---|
မြို့နယ် | |
အောင်လံခရိုင်အတွင်းတည်နေရာ (အနီ) | |
ဆင်ပေါင်ဝဲမြို့နယ် တည်နေရာ | |
ကိုဩဒိနိတ်: 19°33′N 95°23′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | အောင်လံ |
မြို့နယ်ရုံးစိုက်ရာမြို့ | ဆင်ပေါင်ဝဲမြို့ |
လူဦးရေ (၂၀၁၄) | ၁၁၇,၈၄၄[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဆင်ပေါင်ဝဲမြို့နယ်ကို မြေထဲမြို့နယ် (ယခု အောင်လံမြို့နယ်)၏ အစိတ်အပိုင်းတစ်ခုအဖြစ် ယခင်က မြေထဲကျန်ဟု ခေါ်တွင်ခဲ့သည်။[၂] ၂၀၀၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ထူးဇော်နိုင်သည် ဆင်ပေါင်ဝဲမြို့နယ်တွင် ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ပထမဆုံးကျောင်းသား ဖြစ်လာခဲ့သည်။[၃]
ဆင်ပေါင်ဝဲမြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။[၄]
မြေပဲနှင့်နှမ်းစိုက်ပျိုးရေးသည် မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.