From Wikipedia, the free encyclopedia
စီဘီဘဏ် (အင်္ဂလိပ်: CB Bank PCL; ယခင်အမည် သမဝါယမဘဏ်လီမိတက်) သည် ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ဘဏ်ရုံးချုပ်သည် အမှတ် (၄၆)၊ Union Financial Center Tower (UFC)၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ CB Bank ကို ဦးခင်မောင်အေး (Chairman) နှင့် ဦးကျော်သူကို [2] (CEO) တို့က ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး ယခုအခါတွင် ဘဏ်ခွဲပေါင်း ၂၅၀ ကျော်ကို[3] ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတွင် ATM, CRM [4] နှင့် ခရက်ဒစ် ကဒ် များကို စတင် အသုံးပြုသည့်ဘဏ်လည်း ဖြစ်သည်။[5]
ရန်ကုန်မြို့ရှိ ဘဏ်ရုံးချုပ် အဆောက်အအုံ | |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၂၁ ဩဂုတ် ၁၉၉၂ |
ဌာနချုပ် | ရန်ကုန်၊ မြန်မာ |
အရေးပါ ပုဂ္ဂိုလ်များ | ဦးခင်မောင်အေး (ဥက္ကဋ္ဌ) |
ထုတ်ကုန်ပစ္စည်း | ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ |
အလုပ်သမားဦးရေ | ၉၀၀၀ (2019) [1] (2019) |
ဝက်ဘ်ဆိုက် | cbbank.com.mm |
ဆောင်ပုဒ် | Let's Win-Win Together! |
မြန်မာနိုင်ငံ ငွေရေးကြေးရေး ဥပဒေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ Co-operative Bank PCL ကို ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် စတင်တည်တောင် ဖွင့်လှစ်ခဲ့သည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ (၁၀-၅-၂၀၀၄) ရက်နေ့တွင် လုပ်ငန်း စတင် ဆောင်ရွက်ခွင့်လက်မှတ် ( Certificate of Commerce of Business )ကိုလည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ(၂၅-၅-၂၀၀၄)ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကိုလည်းကောင်း ထုတ်ပေးခဲ့ရာ ဘဏ်သုံးဘဏ် ပေါင်းစည်း၍ သမဝါယမဘဏ် လီမိတက်အဖြစ် (၁၅-၆-၂၀၀၄)နေ့မှ စတင်၍ ဆောင်ရွက်ခဲ့သည်။ အရောင်အသွေး မခွဲခြားဘဲ ပူးပေါင်းပါဝင်ခြင်းနှင့် အရောင်အသွေး မတူသူများကို တသားတည်းဖြစ်အောင် စည်းလုံးခြင်း အထိမ်းအမှတ်အဖြစ် သက်တန့်ရောင် (၇)ရောင်မှ ထင်ရှားသည့် အရောင်(၄)မျိုးဖြစ်သော ဝါ၊ စိမ်း၊ နီ၊ ပြာ ပါရှိသည့် သက်တံပုံကို ရယူထားခြင်းဖြစ်သည်။[6]
၂၀၁၃ ခုနှစ်
၂၀၁၄ ခုနှစ်
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.