စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံသည် အန်တေးလ်ကျွန်းငယ်များ အစုအဝေးတွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီ: လေညာကျွန်းများ၏ တောင်ဘက်အပိုင်းတွင် ရှိကြသည်။ ထိုနေရာမှာ ကာရစ်ဘီယံ ပင်လယ်၏ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော အရှေ့ဘက် နယ်နိမိတ်၏ တောင်ဘက် အစွန်းတွင် တည်ရှိသည်။ ၎င်း၏ ၃၈၉-စတုရန်း ကီလိုမီတာ (၁၅၀ စတုရန်းမိုင်) ကျယ်ဝန်းသော နယ်မြေတွင် ကျွန်းမကြီး ဖြစ်သော စိန့်ဗင်းဆင့် ကျွန်းနှင့် ဂရိနေဒိုင်ကျွန်းများ၏ မြောက်ဘက် ၃ ပုံ ၂ပုံ ပါဝင်သည်။ ဂရိနေဒိုင်ကျွန်းများသည် ကျွန်းငယ်ကလေးများ ဖြစ်ကြပြီး စိန့်ဗင်းဆင့်ကျွန်းမှ ဂရိနေဒေါနိုင်ငံ အထိ တောင်ဘက်သို့ ဆန့်လျက် တည်ရှိကြသည်။ စိန့်ဗင်းဆင့်၏ မြောက်ဘက်တွင် စိန့်လူစီယာနိုင်ငံ ရှိပြီး အရှေ့ဘက်တွင် ဘာဘေးဒိုးစ်နိုင်ငံ ရှိသည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် လူဦးရေ သိပ်သည်းမှု အလွန်များပြီး လူဦးရေ ၁ သိန်း ၂ သောင်းမျှ ရှိကာ ၁ စတုရန်း ကီလိုမီတာတွင် လူဦးရေ ၃၀၀ မျှ နေထိုင်ကြသည်။ မြို့တော်မှာ ကင်းစ်တောင်းမြို့ ဖြစ်ပြီး အဓိက ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် ပြင်သစ်နှင့် ဗြိတိသျှတို့၏ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ဖူးသော သမိုင်းကြောင်း ရှိခဲ့ပြီး ယခုအခါတွင် အရှေ့ကာရစ်ဘီယံနိုင်ငံများ အစည်းအရုံး၊ CARICOM၊ ဓနသဟာယနိုင်ငံများ အဖွဲ့နှင့် အမေရိကား ဘိုလီးဗေးရီးယန်း မဟာမိတ် အဖွဲ့တို့တွင် ပါဝင်သည်။
စိန့်ဗင်းဆင့်နှင့်ဂရိနေဒိုင် | |
---|---|
နိုင်ငံတော် သီချင်း: "စိန့်ဗင်းဆင့်မြေ အလွန်လှ" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ကင်းစ်တောင်းမြို့ |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
ဒေသခံဘာသာစကား | Vincentian Creole |
လူမျိုးစု |
|
ကိုးကွယ်မှု |
|
လူမျိုး | Saint Vincentian or Vincentian Vincy (colloquial) |
အစိုးရ | ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် |
• ဧကရာဇ် | ချားလ်စ် ဝေလမင်းသား |
• ဘုရင်ခံချုပ် | ဆူဆန် ဒျူဂန် |
• ဝန်ကြီးချုပ် | ရာ့ဖ် ဂွန်ဆာဗက်စ် |
ဥပဒေပြုလွှတ်တော် | House of Assembly |
လွတ်လပ်ရေးရရှိခြင်း | |
၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၇ ရက် | |
၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၇ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၃၈၉ km2 (၁၅၀ sq mi) (အဆင့်: ၁၈၄) |
• ရေထု (%) | မပြောပလောက် |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၁၀၉,၆၄၃[1] (အဆင့် - ၁၇၉) |
• ၂၀၂၁ သန်းခေါင်စာရင်း | ၁၀၀,၄၅၅ |
• သိပ်သည်းမှု | ၃၀၇/km2 (၇၉၅.၁/sq mi) (အဆင့် - ၃၉) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၁.၃၇၃ ဘီလီယံ |
• Per capita | $၁၂,၄၃၁[2] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၈၆၄ မီလီယံ |
• Per capita | $၇,၈၂၇[2] |
HDI (၂၀၁၉) | ၀.၇၃၈[3] မြင့် · ၉၇ |
ငွေကြေး | အရှေ့ ကာရစ်ဘီယံ ဒေါ်လာ (XCD) |
အချိန်ဇုန် | AST (UTC-4) |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၁-၇၈၄ |
Internet TLD | .vc |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.