ငိုချင်လျက် လက်တို့
From Wikipedia, the free encyclopedia
Remove ads
ငိုချင်လျက် လက်တို့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ငိုတော့မည့်ဆဲဆဲ ကလေးငယ်သည် လက်ဖြင့် အတို့ခံရရုံမျှဖြင့် ငိုဖြစ်သွားသကဲ့သို့ တစ်စုံတစ်ရာပြုလုပ်ရန် ထက်သန်နေသူ တစ်ဦးကို အနည်းငယ် တို့လိုက်ရုံမျှဖြင့် လုပ်ဖြစ်သွားသည်။
မူလရင်းမြစ်
- "နှစ်ယောက်ကယ်မိခင်၊ ရပ်ရွာကို မြင်သောအခါ၊ ငိုချင်လျက် သူငယ်ကို လက်တို့ကာ ပြယ်သည့်နှယ်၊" [၁၂၂၅]ခန့် ပုည။ ၁၆၀။
- "မေညွန့်မှာ ငိုချင်လျက် လက်တို့လိုက်သလို နဂိုက ဝမ်းနည်းနေရာတွင် ချစ်သူက ဤသို့ မေးသောအခါတွင် သာလွန်ဝမ်းနည်းပြီး" [၁၂၉၃] ဒဂုန်၊ ၁၂၊ ၁၄၅။ ၄၁။
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads