တောင်ကိုရီးယားနိုင်ငံ၏ ကျွန်း From Wikipedia, the free encyclopedia
ဂျဲဂျူကျွန်း(済州岛) (ကိုရီးယား: 제주도) သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကျွန်း ဖြစ်သည်။ ဂျဲဂျူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွင် ရှိပြီး ဧရိယာအားဖြင့် ၁၈၃၃.၂ စတုရန်းကီလိုမီတာ ကျယ်သည်။ [1] တောင်ကိုရီးယားမြေ၏ ၂% မျှ ဖြစ်သည်။ ၂၀၂၀ စစ်တမ်းအရ လူဦးရေ ၆၇၀,၀၀၀ မျှ နေထိုင်သည်။ [2]
ကိုရီးယားကျွန်းဆွယ်အစွန် ကိုရီးယားရေလက်ကြားတွင် ရှိပြီး (တောင်)ဂျိုလာပြည်နယ်၏ တောင်ဘက်တွင် ဖြစ်သည်။ ဂျဲဂျူပြည်နယ်ရှိ ဂျဲဂျူကျွန်းသည် တောင်ကိုရီးယားနိုင်ငံ၏ တခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်လည်း ဖြစ်၏။
လွန်ခဲ့သော နှစ် ၂ သန်းခန့်က မီးတောင်ပေါက်ကာ ဖြစ်လာသောကျွန်းဖြစ်သည်။ [3] ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လည်း ဖြစ်သည်။ [4] ကျွန်းပေါ်၌ ရာသီဥတုမျှတပြီး ဆောင်းကာလ၌ပင် ၀ ဒီဂရီဆဲလစီးယပ်အောက် မကျပေ။ ဂျဲဂျူကျွန်းသည် ကျော်ကြားသော အားလပ်ရက်အပန်းဖြေရာဖြစ်ပြီး ကျွန်း၏စီးပွားရေးတွင် ခရီးသွားလုပ်ငန်းကလည်း အတော်အသင့် ထောက်ပံ့နေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.