ခဆွတ်ရဘူတာ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ခဆွတ်ရဘူတာ (桂駅 ခဆွတ်ရ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့လယ်မှ ၁၅ ကီလိုမီတာအကွာတွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ခဆွတ်ရမြစ်အနီးတွင် တည်ရှိသည်။ ဤဘူတာသည် ဟန်းခယူးကျိုတိုရထားလိုင်းကို ဝန်ဆောင်မှုပေးကာ ခဆွတ်ရအရပ်တွင် နေထိုင်ကြသည့် ပြည်သူများအတွက် အသုံးပြုကြသည်။ ထို့အပြင် ဤဘူတာသည် ဟန်ခယူးအရရှိယာမလိုင်းကို ချိတ်ဆက်ပေးရာ အချက်အချာဘူတာတစ်ခုလည်း ဖြစ်သည်။
Katsura Station 桂駅 | |
---|---|
တည်နေရာ | Kawashima Kitaura-chō 97-2, Nishikyō, Kyoto, Kyoto (京都市西京区川島北裏町97-2) Japan |
ကိုဩဒိနိတ် | 34°58′46″N 135°42′12″E |
စီမံခန့်ခွဲသူ | Hankyu Corporation |
ရထားလိုင်း(များ) |
|
ဆက်သွယ်ထားမှုများ |
|
အခြား အချက်အလက်များ | |
ဘူတာရုံ ကုဒ် | HK-81 |
ဝဘ်ဆိုဒ် | Official |
သမိုင်းကြောင်း | |
ဖွင့်ခဲ့ | 1928 |
Traffic | |
ခရီးသည် (FY2015[1]) | 20.6 million |
ဘူတာတွင် ရထားလမ်းကြောင်း (၆) ခုနှင့် ပလက်ဖောင်း (၃) ခု ပါဝင်သည်။ လက်မှတ်ဖြတ်သည့်ဂိတ်များသည် ပလက်ဖောင်းနှင့် ရထားလမ်းကြောင်းများအပေါ်တွင် တည်ရှိသည်။
ဘူတာတွင် Hankyu Mew, အဝတ်အစားများရောင်းသည့် အလွှာငါးလွှာ၊ ယန်း ၁၀၀ တန်ဆိုင်နှင့် KFC နှင့် Mos Burger ကဲ့သို့သော စားသောက်ဆိုင်များ ပါဝင်သည်။
၂၀၁၅ ခုနှစ် (၂၀၁၅ ခုနှစ်၊ ဧပြီလ - ၂၀၁၆ ခုနှစ်၊ မတ်လ) ကာလတွင် နှစ်ပတ်လည် ခရီးသည်အရေအတွက်သည် ၂၀,၅၉၅,၀၀၀ ဦး ရှိခဲ့သည်။ နှစ်အလိုက် အချက်အလက်များကို အောက်ပါဇယားတွင် တွေ့နိုင်သည်။
နှစ် | အရေအတွက် (ထောင်ဂဏန်းဖြင့်) | |
---|---|---|
ထွက်ခွာခရီးသည် | စုစုပေါင်း | |
2001 | 11,936 | 23,901 |
2002 | 11,640 | 23,431 |
2003 | 11,540 | 23,148 |
2004 | 11,289 | 22,775 |
2005 | 10,983 | 22,370 |
2006 | 10,919 | 21,817 |
2007 | 11,139 | 22,069 |
2008 | 11,241 | 22,321 |
2009 | 10,202 | 20,859 |
2010 | 9,962 | 20,072 |
2011 | 10,154 | 20,338 |
2012 | 10,234 | 20,351 |
2015 | 10,372 | 20,595 |
ခဆွတ်ရဘူတာကို ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဟန်းခယူးဘူတာများကို ဘူတာအမှတ်စဉ် သတ်မှတ်ခဲ့သည်။ ဤဘူတာ၏ ဘူတာအမှတ်သည် HK-81 ဖြစ်သည်။
Mister Donut, FamilyMart, 7-11 နှင့် Lawson စသည့်ဆိုင်များသည် လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးအတွင်း တည်ရှိသည်။ ဤဘူတာသည် နိုရှိခယောရပ်ကွက်ရုံးနှင့် ဆဲအိယုစူပါမားကတ်များနှင့် နီးသည်။
« | Service | » | ||
---|---|---|---|---|
Kyoto Line (HK-81) | ||||
Rakusaiguchi (HK-80) | Local | Nishi-Kyōgoku (HK-82) | ||
Rakusaiguchi (HK-80) | Semi-Express | Nishi-Kyōgoku (HK-82) | ||
Nagaoka-Tenjin (HK-77) | Express | Nishi-Kyōgoku (HK-83) | ||
Nagaoka-Tenjin (HK-77) | Semi limited Express | Saiin (HK-83) | ||
Nagaoka-Tenjin (HK-77) | Limited Express | Karasuma (HK-85) | ||
Nagaoka-Tenjin (HK-77) | Commuter Limited Express | Saiin (HK-83) | ||
Awaji (HK-63) | Rapid Limited Express "Kyo-Train" (weekends, holidays) | Karasuma (HK-85) | ||
Awaji (HK-63) | Rapid Limited Express A "Kyo-Train" (weekends, holidays) | Karasuma (HK-85) | ||
Arashiyama Line (HK-81) | ||||
Terminus | Local | Kami-Katsura (HK-96) | ||
Awaji (HK-63) | Limited Express "Sagano", "Atago", "Togetsu", "Hozu" | Kami-Katsura (HK-96) | ||
Karasuma (HK-85) | Limited Express "Ogura" | Kami-Katsura (HK-96) |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.