နယ်ပိုင်ရုံး ဆိုက်သည့် From Wikipedia, the free encyclopedia
ကျိုက်လတ်မြို့ သည် ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ် ဖျာပုံခရိုင်အတွင်း နယ်ပိုင်ရုံးစိုက်သောမြို့ ဖြစ်သည်။ မအူပင်မြို့အနီး ဧရာဝတီမြစ်မှ ဖြာထွက် သွားသော ပံသပွတ်မြစ်၏အဆက် ဖြစ်သည့် ကျိုက်လတ်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။
ကျိုက်လတ်မြို့ | |
---|---|
မြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°26′40″N 95°43′34″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ဧရာဝတီတိုင်းဒေသကြီး |
ခရိုင် | ဖျာပုံခရိုင် |
မြို့နယ် | ကျိုက်လတ်မြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျိုက်လတ်ဟူသော အမည်မှာ မွန်ဘာသာ ဍုၚ်ကျာ်လာ် မှလာ၍၊ ဍုၚ် = မြို့၊ ကျာ် = ဘုရား၊ လာ် = လဲပြိုသော၊ ဘုရားပြိုမြို့ ဟု အဓိပ္ပာယ်ရသည်။ ခရစ်နှစ် ၁၈၄ဝ ကျော်ခန့်က ယခုကျိုက်လတ်မြို့ ၆ လမ်းနှင့် ၇ လမ်းအကြား ကမ်းနားဖက် အနီး၌ရှိသော ဉာဏ်တော် ၉ တောင်ခန့်ရှိ စေတီတစ်ဆူမှာ ရေထဲသို့ ပြိုလဲကျသွားကြောင်း အဆိုရှိသည်။ ယင်းစေတီ ပြိုကျသွားသည်ကို အစွဲပြု၍ ကျိုက်လတ်ခေါ်တွင်လာခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
ကျိုက်လတ်မြို့နေရာမှာ ရှေးအခါက အင်းနှင့် ကျေးရွာများ ရှိခဲ့သည်။ ကျိုက်လတ်မြို့၏ အနောက်ဘက် ယခုကွင်းပေါက်ပိုင်းဟုခေါ်သော ရပ်ကွက်သည် ရှေးအခါက ဖိုးတောကုန်းဖြစ်၏ဟု အမှတ်အသားရှိသည်။ ခရစ်နှစ် ၁၈၇၅ ခုနှစ်တွင် သုံးခွခရိုင်ကို တည်ထောင် ခဲ့သည်။ ထိုစဉ်က မအူပင်နယ်နှင့် ကျိုက်လတ်နယ်တို့မှာ သုံးခွခရိုင်ထဲတွင် ပါဝင်ကြသည်။ ထို့နောက် လူဦးရေများလာ သည်ကတစ်ကြောင်း၊ စိုက်ပျိုးလုပ်ကိုင်သော လယ်ယာမြေကွက် များ ကျယ်ပြန့်လာသည်ကတစ်ကြောင်းတို့ကြောင့် ၁၈၉၃ ခုနှစ် တွင် ဤ ခရိုင်၏ တစ်စိတ်တစ်ဒေသကို မြောင်းမြခရိုင်အမည် ဖြင့် ခွဲထုတ်လိုက်သည်။ တစ်ဖန် ၁၉ဝ၃ ခုနှစ်တွင် ဖျာပုံ ခရိုင်ကို ခွဲထုတ်ပြန်သည်။ ထိုအချိန်မှစ၍ ကျိုက်လတ်နယ်နှင့် မြို့မှာ ဖျာပုံခရိုင်အတွင်းတွင် ပါဝင်လေသည်။ ၁၉ဝဝ ပြည့်နှစ် တွင် ကျိုက်လတ်မြို့၌ တောင်းကော်မီတီ ဖွဲ့စည်း၍ ၁၉ဝ၅ ခုနှစ်တွင် မျူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။
ကျိုက်လတ်နယ်တွင် ကျိုက်လတ်မြို့နယ်နှင့် ဒေးဒရဲ မြို့နယ်များ ပါဝင်သည်။ ကျိုက်လတ်မြို့သည် ရန်ကုန်၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း စသောမြို့များနှင့် ရေလမ်းခရီးဖြင့် အဆက်အသွယ်ရှိ၍ အရောင်းအဝယ် ကောင်းမွန်ပြီးလျှင် စည်ကားသည်။ မြို့ပေါ်၌ နိုင်ငံတော်အစိုးရ အထက်တန်းကျောင်း၊ ဆေးရုံနှင့် အခြားအစိုးရရုံးများ ရှိသည်။ ဉာဏ်တော် ၉ တောင် ၂ မိုက်ခန့်ရှိသော တိလောက မာရဇိန် ရုပ်တုတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်၌ သွန်းခဲ့သည်။ ထို့ပြင် မြို့၏ကျက်သရေဆောင်ဖြစ်သော လေးထောင့်ကန်ခေါ် ရေကန်ကြီးမှာ အလျားပေ ၂ဝဝဝ အနံပေ ၈၄ဝ အနက်မှာ ၁ဝ ပေခန့် ရှိသည်။
ကျိုက်လတ်မြို့နယ်သည် ဖျာပုံခရိုင်တွင် အငယ်ဆုံးမြို့နယ် ဖြစ်သည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၇၇ မိုင်ရှိပြီး ကျေးရွာနယ်မြေပေါင်း ၉၃ ခု ပါဝင်သည်။ ကျိုက်လတ်နယ်မှ ဆန်စပါး အုန်းသီးနှင့် ကွမ်းသီးများ ထွက်သည်။ ကျိုက်လတ်မြို့မှ အနီးပတ်ဝန်းကျင်မြို့ရွာများသို့ ရေလမ်း ဖြင့်သာ သွားလာနိုင်သည်။
နှစ်စဉ် တပို့တွဲလ၌ ရေငန်ပိုင်ဦးရှင်ကြီးအား ပူဇော်ပသ သော ပွဲကို ကျိုက်လတ်မြို့တွင် ရပ်ကွက်ချင်း အပြိုင်အဆိုင် ကျင်းပလေ့ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ကျိုက်လတ်မြို့၏ လူဦးရေမှာ ၁၅၇၉ဝ ဖြစ်သည်။
ယနေ့ခေတ်တွင် အလွန်ကြီးမားသော ကံဘုန်းပွင့်စေတီတော်ကြီးကို တည်ထားနိုင်ခဲ့၍ ဧရာဝတီတိုင်းကြီး၏ ကိုယ်စားပြု ဗုဒ္ဓအကယ်ဒမီကြီး တခုကိုပါ စနစ်တကျ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ မြို့နေလူထုများ ကျန်းမာရေး၊နာရေးကိစ္စများအစစအရာရာကူညီပေးနေသော ရေကြည်တော်လူမှုကူညီရေးအသင်းကြီးကိုလည်း ဖွင့်လှစ်ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ [1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.