From Wikipedia, the free encyclopedia
ကာရစ်ဘီယံ (အင်္ဂလိပ်: Caribbean; /ˌkærɪˈbiːən/ (သို့) /kəˈrɪbiən/; စပိန်: Caribe; ဒတ်ချ်: Caraïben (ကူညီ·ချက်လက်); ပြင်သစ်: Caraïbe သို့မဟုတ် Antilles) သည် ကာရစ်ဘီယံ ပင်လယ်၊ ကာရစ်ဘီယံပင်လယ်တွင်းရှိ ကျွန်းများနှင့် ဝန်းရံလျက်ရှိသော ပင်လယ်ကမ်းရိုးတန်းဒေသများ ပါဝင်သည့် ဒေသတစ်ခုဖြစ်သည်။ မက္ကဆီကိုပင်လယ်ကွေ့နှင့် မြောက်အမေရိက ကုန်းမြေမကြီးတို့၏ အရှေ့တောင်ဘက်၊ ဗဟိုအမေရိက၏ အရှေ့ဘက်နှင့်၊ တောင်အမေရိက၏ မြောက်ဘက်တို့တွင် တည်ရှိသည်။
ဧရိယာ | ၂,၇၅၄,၀၀၀ km2 (၁,၀၆၃,၀၀၀ sq mi) |
---|---|
ကုန်းမြေဧရိယာ | ၂၃၉,၆၈၁ km2 (၉၂,၅၄၁ sq mi) |
လူဦးရေ (၂၀၀၉) | ၃၉,၁၆၉,၉၆၂[1] |
လူဦးရေ သိပ်သည်းဆ | ၁၅၁.၅/km2 (၃၉၂/sq mi) |
လူမျိုးစု | အာဖရို-ကာရစ်ဘီယံ၊ ကာရစ်ဘီယံလူဖြူ၊ အင်ဒို-ကာရစ်ဘီယံ၊ တရုတ်ကာရစ်ဘီယံ၊[2] Arawak (Kalinago, Taíno) |
Demonym | ကာရစ်ဘီယံ၊ ကာရစ်ဘီယံလူမျိုး၊ အနောက်အင်ဒီယန်း |
ဘာသာစကားများ | စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ခ်ျ၊ ပြင်သစ်ကပြားစကား၊ အင်္ဂလိပ်ကပြားစကား၊ အခြား |
အုပ်ချုပ်ရေး | ၁၃ (အချုပ်အခြာ အာဏာပိုင်နိုင်ငံများ) ၁၇ (အမှီအခိုနယ်မြေများ) |
အကြီးဆုံးမြို့များ | ကာရစ်ဘီယံဒေသရှိ မြို့များစာရင်း ဆန်တိုဒိုမီဂိုမြို့ ဆန်ဝှမ်းမြို့ ပို့တ်အော်ရ်ပရင့်စ်မြို့ မာရာကိုင်ဘိုမြို့ ဟာဗားနားမြို့ ပေါ်တိုလာခရုမြို့ ဘာရန်ကီလာမြို့ ကာတာဂျီးနားမြို့ ဘာစီလိုနာမြို့ ကင်းစတန်မြို့ ဆန်ဒီရေဂိုဒီ ကာဘာလာရိုမြို့ ကန်ကွန်းမြို့ စန်တာမာတာမြို့ ဆန်ဒီရေဂိုဒီကျူးဘားမြို့ ကူမန်းနားမြို့ ဟော်ဂန်မြို့ ပို့တ်အော့ဖ်စပိန်မြို့ |
ထိပ်ဆုံးလယ်ဗယ် အင်တာနက်ဒိုမိန်း | အများအပြား |
Calling code | အများအပြား |
အချိန်ဇုန် | UTC-5 မှ UTC-4 |
ကာရစ်ဘီယံပလိတ်ပေါ်တွင် အများဆုံးတည်ရှိနေကာ ကျွန်းများ၊ ကျွန်းငယ်များ၊ သန္တာကျောက်တန်းများ ၇၀၀ ကျော်တည်ရှိသည်။ နိုင်ငံရေးပထဝီဝင်အရ ကာရစ်ဘီယံကျွန်းများကို မြောက်အမေရိက၏ ဒေသခွဲတစ်ခုအနေဖြင့် မှတ်ယူကြပြီး[3][4][5][6][7] ယင်းတို့ကို အချုပ်အခြာအာဏာပိုင်နိုင်ငံများ၊ ပင်လယ်ရပ်ခြားပိုင်နက်များ၊ အမှီအခိုနယ်မြေများအပါအဝင် နယ်မြေပေါင်း ၃၀ အဖြစ်ခွဲခြားထားသည်။
ဂရိတ်တားအန်တီလီးစ်ကျွန်းစု
လက်ဆားအန်တီလီးစ်ကျွန်းစု
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.