ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော်အလံ (ခမာ: ទង់ជាតិកម្ពុជា Tung-Cheat) သည် လက်ရှိပုံစံကို ၁၉၄၈ တွင် စတင်အသုံးပြုခဲ့ပြီး ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲအပြီးနှင့် ဘုရင်စနစ် ပြန်လည်ထိန်းသိမ်းခြင်းများပြီးနောက် ၁၉၉၃ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့သည်။
အမည် | ခမာ: ទង់ជាតិកម្ពុជា (The national flag of Cambodia) |
---|---|
အသုံးပြုခြင်း | နိုင်ငံတော်အလံ and ensign |
အချိုးအစား | 16:25 |
ရွေးချယ်ခြင်း | 1993 (previously used 1948–1970) |
ဒီဇိုင်း | Three horizontal bands of blue, red (double width) and blue, with a depiction of Angkor Wat in white centred on the red band. |
သင်္ကေတ
တော်ဝင်အလံတော်
ကမ္ဘောဒီးယား ဘုရင်၏ တော်ဝင်စံသတ်မှတ်ချက် (ခမာ: ទង់ព្រះមហាក្សត្រ; "ဘုရင့်အလံ") သည် ကမ္ဘောဒီးယား သက်ဦးဆံပိုင်ဘုရင်စနစ်၏ ကိုယ်ပိုင်အလံ ဖြစ်သည်။ ယင်းကို ၁၉၉၃ ခုနှစ်တွင် တရားဝင် အသုံးပြုခဲ့သော်လည်း ၁၉၄၁ ခုနှစ်ကတည်းက စတင်အသုံးပြုမှုများ ရှိခဲ့သည်။ ယင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော် အထိမ်းအမှတ် သင်္ကေတ တစ်ခုလည်း ဖြစ်သည်။
သမိုင်းဝင် နိုင်ငံတော် အလံများ
အလံ | ကာလ | အသုံးပြုခြင်း |
---|---|---|
Pre-1863 | ခမာအင်ပါယာ၏ အလံ | |
၁၈၆၃ – ၁၉၄၈ | ပြင်သစ်ထိန်းသိမ်းခံကာလ (၁၈၆၃ - ၁၉၄၁၊ ၁၉၄၅ - ၁၉၄၈) အတွင်း နှင့် ဂျပန်ကိုလိုနီကာလ (၁၉၄၁ - ၁၉၄၅) ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ၏ အလံ။ | |
မတ်–အောက်တိုဘာ ၁၉၄၅ | ဂျပန်ကိုလိုနီကာလ ကမ္ဘောဒီးယားနိုင်ငံ၏ အလံဟု သံသယဖြစ်ဖွယ် ဆိုကြသည်။[1] | |
၁၉၄၈–၁၉၇၀၊ ၁၉၉၃–လက်ရှိ | ပြင်သစ်အထိန်းသိမ်းခံကာလ (၁၉၄၈ - ၁၉၅၃) နှင့် ပြင်သစ်မှ လွတ်လပ်ရေးရပြီး (၁၉၅၃ - ၁၉၇၀) နှင့် ၁၉၉၃ တွင် ဘုရင်စနစ်ပြန်လည်ထိန်းသိမ်းခြင်းမှ စ၍ အသုံးပြုသော အလံ | |
၁၉၇၀–၁၉၇၅ | ခမာသမ္မတနိုင်ငံ၏ အလံ | |
၁၉၇၅–၁၉၇၆၊ ၁၉၉၀-၁၉၉၃ | ဒီမိုကရက်တစ် ကမ်ပူချား နှင့် ကမ္ဘောဒီးယား နိုင်ငံတော် အစိုးရ၏ အလံ | |
၁၉၇၆–၁၉၉၂ | ဒီမိုကရက်တစ် ကမ်ပူချား နှင့် ဒီမိုကရက်တစ် ကမ်ပူချား ညွန့်ပေါင်းအစိုးရ၏ အလံ | |
၁၉၇၉–၁၉၈၉ | ကမ်ပူချားပြည်သူ့သမ္မတနိုင်ငံ၏ အလံ | |
၁၉၈၉–၁၉၉၁ | ကမ္ဘောဒီးယားပြည်၏ အလံ[2] | |
၁၉၉၂–၁၉၉၃ | ကမ္ဘောဒီးယား အကူးအပြောင်းကာလ ကုလသမဂ္ဂ အာဏာပိုင်အဖွဲ့၏ အလံ |
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.