တောင်ကိုရီးယားသရုပ်ဆောင် From Wikipedia, the free encyclopedia
ကင်ဂိုအွန်(၂ ဇူလိုင် ၁၉၉၁ မွေး)သည် တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ကာ ဝေဖန်သံညံခဲ့သော A Muse (၂၀၁၂)ရုပ်ရှင်ကားဖြင့် ပွဲဦးထွက်လာခဲ့သည်။ မှုခင်းသည်းထိတ်ရင်ဖို Monster (2014) နှင့် Coin Locker Girl (2015) တို့တွင် ပါဝင်ခဲ့သလို သိုင်းဇာတ်လမ်းတွဲ Memories of the Sword (2015)၌လည်း ပါခဲ့သည်။ ၎င်းနောက် tvN ဇာတ်လမ်းတွဲများဖြစ်သော Cheese in the Trap (2016)နှင့် Guardian: The Lonely and Great God (2016)တို့၌လည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သည်။
Kim Go-Eun | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
In June 2016 | |||||||||||
မွေးဖွား | ဆိုးလ်မြို့၊ တောင်ကိုရီးယား | ဇူလိုင် ၂၊ ၁၉၉၁||||||||||
ပညာရေး | Korea National University of Arts - Theater Kaywon High School of Arts, Seoul | ||||||||||
အလုပ်အကိုင် | ရုပ်ရှင်မင်းသမီး | ||||||||||
ကိုယ်စားလှယ် | HODU&U Entertainment | ||||||||||
|
သူ့အသက်လေးနှစ်၊ ၁၉၉၄ ခုနှစ်၌ တမိသားစုလုံး တရုတ်ပြည်၊ ပေကျင်းသို့ ပြောင်းရွှေ့ပြီး ၁၀ နှစ်ကြာ နေခဲ့သည်ဖြစ်၍ တရုတ်စကားကို သွက်လက်စွာ ပြောဆိုနိုင်လေသည်။ ကိုရီးယား၏ ခက်ခဲပင်ပန်းသော ပညာရေးစနစ်၏ ယှဉ်ပြိုင်မှုကို အတွေ့အကြုံလုံးဝမရှိသောကြောင့် ထွန်းတောက်လာသော သူ့ကို ဒါရိုက်တာ ဂျန်ဂျီဝူး(အသံထွက်မှားနေပါက ပြင်ပေးရန်)က ပြောသည်မှာ "သူက ပင်ကို စပ်စုလိုစိတ်များတယ်၊ ရဲရင့်တယ်၊ ဘယ်သူ့လွှမ်းမိုးမှုမှ မခံဘူး၊ သူများတွေ လုပ်တာမျိုး လိုက်မလုပ်ဘူး"ဟူ၍ ဖြစ်သည်။ [1]
တရုတ်ရုပ်ရှင်ဒါရိုက်တာ ချိန်ခိုင်ကဲ ရိုက်ကူးသော Together ကို အခေါက်ပေါင်းများစွာ ကြည့်ပြီး ကြည့်တိုင်းလည်း ငိုခဲ့ရသော သူမသည် ရုပ်ရှင်ထုတ်လုပ်သူတဦးဖြစ်လာရန် စိတ်ပိုင်းဖြတ်ခဲ့သော်လည်း ကံအားလျော်စွာ ပြဇာတ်ဘက်သို့ ရောက်သွားခဲ့သည်။ Korea National University of Arts ၌ ဒရာမာကျောင်းသို့ တက်ရောက်ခဲ့သည်။[2][3]
၂၀၁၂ ၌ ကင်သည်ဝေခွဲမရဇာတ်ကား၌ ယောက်ျားနှစ်ဦး၏ နှောင်ကြိုးကို သဘောပေါက်လာသူ ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူ အွန်ဂျိုအဖြစ် သရုပ်ဆောင်ခဲ့ရာ မီဒီယာများ၏ ဝေဖန်မှုနှင့် အာရုံစိုက်မှုကို ခံရသည်။[4][5][6][7] သူ့သရုပ်ဆောင်မှုက ထိုနှစ်၏ အကောင်းဆုံး မျက်နှာသစ် မင်းသမီးဆုကို သိမ်းပိုက်နိုင်ခဲ့သည်။
၂၁ နှစ်ရှိနေပြီဖြစ်သည့်တိုင် တီဗီရုပ်ရှင်များ၌ တခန်းမှ မပါဖူးသူ ကင်သည် ကျောင်းတုန်းက ပြဇာတ်နှင့် ထုတ်လုပ်ရေးအနည်းအကျဉ်း၌သာ သရုပ်ဆောင်ဖူးလေသည်။ သူငယ်ချင်းများ၏ သိကျွမ်းဖွဲ့ပေးမှုကြောင့် ဝေခွဲမရရုပ်ရှင်ဒါရိုက်တာ ဂျန်ဂျီဝူးနှင့် တွေ့စဉ်ပင် ရုပ်ရှင်အတွက် လူရွေးပွဲခေါ်နေကြောင်း သတိမပြုမိပေ။ ဒါရိုက်တာနဲ့ စကားစမြည်ပြောပြီးနောက် လူတွေ့စစ်ဆေးတာလည်း ပြီးသွားတယ်၊ ဘာမှပြင်ဆင်ဖို့ အချိန်တောင် မရလိုက်ဘူးလေဟု ကင်က ပြောပြသည်။ လူတွေ့စစ်ဆေးခံရသူ သရုပ်ဆောင် ၃၀၀ ကျော်ထဲမှ သူမအရွေးခံရသည်။[8] ဒေါသထွက်စရာကောင်းသော ဇာတ်လမ်းကျောရိုးဖြစ်လျက်ပင် ရုပ်ရှင်ထဲ၌ လိင်ဇာတ်ဝင်ခန်း ၂ ခန်း ပါလေရာ ကင်သည် မရိုက်ကူးမီတွင် စိတ်ရှုပ်ထွေး၍ ရှက်ကြောက်ခဲ့ရသည်ဟု ဝန်ခံသည်။ သို့သော် ကင်မရာများ စတင်ရိုက်ကူးသည့်အခါ ဇာတ်ကောင်စရိုက်၌ စုံးစုံးနစ်မျောသွားခဲ့သည်။ [2] ဂျန်ကပြောသည်မှာ ကင်သည် အဆိုပါ ရုပ်ရှင်ကြောင့်သာ မွေးဖွားလာခြင်းဟု ဖြစ်သည်။ နောက်ဆုံးပိုင်းရိုက်နေတုန်းက သူ့မျက်နှာအမူအရာကို ခင်ဗျားတို့ တွေ့စေချင်စမ်းတယ်၊ ဇာတ်လမ်းရိုက်ကူးစတုန်းကနဲ့ လုံးလုံးလျားလျား ကွာခြားသွားပြီ၊ သူက သူအတွက်ကော အခြားသူတွေအတွက်ကော ဘယ်လောက် အဖိုးတန်တဲ့သူလဲဆိုတာ နားလည်သွားတဲ့ ပုံမျိုး၊ ကိုယ့်မှာ ကိုယ်ပိုင်အလှနဲ့ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သဘောမပေါက်တဲ့လူတယောက်မှာ ရှိတဲ့ အရည်အချင်းမျိုး သူက ပြခဲ့တာပါဟု ပြောသည်။[1]
သူမအလုပ်အကိုင်နှင့် ပတ်သက်၍ ခံစားချက်ကို ပြောရာတွင် ကင်က စတိတ်စင်ပေါ်မှာ ပထမဆုံးအကြိမ် ရပ်နေတုန်းက အရမ်းစိတ်လှုပ်ရှားခဲ့တယ်၊ ကျမရဲ့ လက်ကျန်ဘဝကိုလည်း ဒါကိုပဲ လုပ်သွားရမယ်ဆိုရင် သိပ်ပင်ပန်းမှာပဲလို့ တွေးမိပြီးတော့၊ ဒါပေမယ့်လည်း ဒုတိယအကြိမ် ဖျော်ဖြေတော့ ကျောမှာအတောင်ပံပေါက်နေသလိုပဲ ပီတိဖြစ် ခံစားရတယ်၊ စတိတ်စင်ပေါ်ကကို မဆင်းချင်တော့ဘူးဟူ၍ ပြောသည်။ [2] ကြော်ငြာများတွင် သိပ်မပါတော့ရန် ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ နောက်ရုပ်ရှင်ကားတွေ ရွေးချယ်ရာမှာ ကျမရဲ့ပုံရိပ် ဒါမှမဟုတ် အရှည်ကို သိပ်မတွေးဖြစ်ခဲ့ဘူး၊ ကျမစိတ်ပူနေတာက စီးပွားရေးကြော်ငြာတွေမှာ သရုပ်ဆောင်ခဲ့တာတွေက ကျမရဲ့ ဇာတ်ရုပ်ကို ထိခိုက်သွားမလား ဆိုတာပဲဟု ပြောခဲ့သည်။[9]
ဝေခွဲမရဇာတ်ကားပြီးနောက် ကမ်းလှမ်းမှုများစွာ ရရှိခဲ့သော်လည်း နှစ်နှစ်ခန့် နားရန် ဆုံးဖြတ်လိုက်ပြီး ဘွဲ့အပြီးထိတက်ရန် ကျောင်းသို့ ပြန်သွားခဲ့ပေသည်။ ၂၀၁၄ ၌ ငွေရောင်ပိတ်ကားပေါ်သို့ ပြန်လှည့်လာခဲ့သည်၊ သည်းထိတ်ရင်ဖို Monster ဇာတ်လမ်းတွဲ၌ စွယ်စုံရကြောင်း ပြခဲ့သည်၊ ရက်စက်သော ကွင်းဆက်လူသတ်သမား၏ အသတ်ခံခဲ့ရသော ညီမ၏ အစ်မ မသန်စွမ်းအမျိုးသမီးအဖြစ် သရုပ်ဆောင်ပြီး ဝမ်းနည်းပူဆွေးမှု၊ မုန်းတီးမှုနှင့် လက်စားချေလိုမှုတို့ကြောင့် စိတ္တဇဖြစ်လုနီးနီး ဖြစ်ပုံကို သရုပ်ဖော်ခဲ့သည်။ [10][11][12][13]
၂၀၁၅ ၌ ၁၉၈၀ ခုနှစ်ကဂျပန်ဝတ္ထု Coin Locker Babies ကို အခြေတည်ထားသော မီးရထားဘူတာရုံရှိ အခပေးလော့ကာထဲ စွန့်ပစ်ထားခံရပြီး ငွေတိုးချေးစားသူ လုပ်ငန်းရှင်မကြီးက မွေးစားလိုက်ပြီးနောက်ဆုံး လုပ်ငန်းများကို ပိုင်ဆိုင်ရသူ မိန်းကလေးငယ်အကြောင်း ရိုက်ကူးထားသည့် Coin Locker Girl တွင် ကင်ဟဲဆူးနှင့်အတူ သရုပ်ဆောင်ခဲ့သည်။ [14]နောက် ကင်သည် သိုင်းကား Memories of the Sword ဇာတ်လမ်းတွဲ၌ သူ လေးစားသော စံပြုပုဂ္ဂိုလ် မင်းသမီး ဂျွန်ဒိုယွန်နှင့်အပြိုင် သရုပ်ဆောင်ရလေသည်။[15][16][17] ထိုနောက်တွင်ကား နိုင်လိုမင်းထက်ဆန်သော ရှေ့နေအဖြစ် The Advocate: A Missing Body ၌ သရုပ်ဆောင်ခဲ့သည်။ [18]
တူညီသော ခေါင်းစဉ်နှင့် ဝက်တူးဇာတ်လမ်းပေါ် အခြေခံထားသည့် ရုပ်သံစီးရီး Cheese in the Trap နှင့် ပွဲဦးထွက်လာခဲ့သည်။ [19][20][21] ---[22] သရုပ်ဆောင် ထူးချွန်ခြင်းကြောင့် မျက်နှာသစ် ရုပ်သံမင်းသမီးအတွက် ပေစန်ဆုကို ရရှိခဲ့သည်။ အဘွားနှင့် ပြန်ပြေလည်သော ဇာတ်လမ်း မိသားစုစတိုင် ကနိုလာ ရုပ်ရှင်တွင် ခေါင်းဆောင်ပါဝင်ရသည်။ ထိုနှစ်တွင်ပင် ကင်အွန်စွတ်ရေးသားသည့် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲ အစောင့်အရှောက်၊ အထီးကျန်နတ်ကြီးတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သည်။
ဩဂုတ် ၂၀၁၆ တွင် ကင်၏အကျိုးဆောင်က ထုတ်ပြန်သည်မှာ နောက်တက်သရုပ်ဆောင် ရှင်ဟာကျွန်းနှင့် ရည်ငံနေသည်ဟု ဖြစ်၏။ [23][24][25][26]
နှစ် | ခေါင်းစဉ် | ဇာတ်ကောင် |
---|---|---|
2012 | A Muse (ဝေခွဲမရ) | ဟန်အွန်ကျို |
Yeonga (ယွန်ဂ) (short film)[27][28] | ယန်းအာ | |
2013 | Neverdie Butterfly (နိစ္စလိပ်ပြာ) | မွန်းဆူးယွန် |
2014 | Monster (အကောင်ကြီး) | ဘို့ဆွန်း |
2015 | Coin Locker Girl (လော့ကာကောက်ရမိန်းကလေး) | အီယောင်း |
Memories of the Sword (ဆောင်ဓားမှတ်ဉာဏ်) | ဆိုးဟီး | |
The Advocate: A Missing Body (ပျောက်ဆုံးအလောင်း) | ဂျင်စွန်မီ | |
2016 | Canola (ကနိုလာ) | ဟေဂျီ |
နှစ် | ခေါင်းစဉ် | ဇာတ်ကောင် | နက်ဝပ် |
---|---|---|---|
2016 | Cheese in the Trap (ထောင်ချောက်ထဲကဒိန်ခဲ) | ဟုန်ဆိုး | tvN |
အစောင့်အရှောက်၊ အထီးကျန်နတ်ကြီး | ဂျီအွန်တက် | tvN |
Year | Award | Category | Nominated work | Result |
---|---|---|---|---|
2012 | 8th Jecheon International Music & Film Festival[29][30] | Moët Rising Star Award | ဆုရရှိ | |
21st Buil Film Awards[31] | Best New Actress | ဆုရရှိ | ||
32nd Korean Association of Film Critics Awards[32][33] | Best New Actress | ဆုရရှိ | ||
49th Grand Bell Awards[34][35] | Best Actress | ဆန်ခါတင် | ||
Best New Actress | ဆုရရှိ | |||
33rd Blue Dragon Film Awards[36][37] | Best New Actress | ဆုရရှိ | ||
2nd Beautiful Artist Awards[38] (Shin Young-kyun Arts and Culture Foundation) |
New Artist Award | ဆုရရှိ | ||
13th Busan Film Critics Awards | Best New Actress | ဆုရရှိ | ||
2013 | 4th KOFRA Film Awards[39] | Best New Actress | ဆုရရှိ | |
49th Baeksang Arts Awards | Best New Actress (Film) | ဆန်ခါတင် | ||
12th New York Asian Film Festival[40][41] | Star Asia Rising Star Award | ဆုရရှိ | ||
2015 | 19th Bucheon International Fantastic Film Festival[42] | Fantasia Award | ဆုရရှိ | |
24th Buil Film Awards | Best Actress | ဆန်ခါတင် | ||
2016 | 52nd Paeksang Arts Awards | Best New Actress (Television) | ဆုရရှိ | |
Most Popular Actress (Television) | ဆန်ခါတင် | |||
5th APAN Star Awards | Best New Actress | ဆန်ခါတင် | ||
Style Icon Awards | Amazing Rising Star | ဆုရရှိ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.