ဂူဂယ်၏ဗီဒီယိုဝက်(ဘ်)ဆိုက် From Wikipedia, the free encyclopedia
ယူကျူ့ဘ်(အင်္ဂလိပ်: Youtube) သည် ဗွီဒီယိုများအား အင်တာနက်ပေါ်သို့ လွင့်တင်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။ ၎င်းဝက်ဘ်ဆိုဒ်ပေါ်တွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များအား အများဆုံးတွေ့နိုင်ပြီး လူငယ်များအား ဗဟုသုတများစွာကို ပေးနိုင်သော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။ လတ်တလောအခြေအနေတွင် ယူကျု(ဘ်)အား ဂူဂယ် က ပိုင်ဆိုင်ထားသည်။ ထို့အပြင် ယူကျု(ဘ်)အား ပေးပယ်(လ်)၏ မူလအလုပ်သမား သုံးယောက်မှ ဖေဖော်ဝါရီလ၊ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် ဂူဂယ်က အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။[၄] ယူကျု(ဘ်)ဝက်ဘ်ဆိုဒ်တွင် အမျိုးမျိုးသော ဗွီဒီယိုဖိုင်များအား လွင့်တင်နိုင်သည့်အပြင်၊ ၎င်းဗွီဒီယိုဖိုင်များအား အခြားသူများအား ဝေမျှနိုင်ခြင်း၊ အမှတ်ပေးခြင်း၊ ကြည့်ရှု့သည်အရေအတွက်ပေါင်းအား မှတ်တမ်းတင်ထားခြင်း၊ ဗွီဒီယိုဖိုင်တွင် ထင်မြင်ချက်များ ချမှတ်နိုင်ခြင်း စသည့် နည်းပညာများကြောင့် ယူကျု(ဘ်)သည် လူကြိုက်များ ကျော်ကြားလှသည်။
တံဆိပ် (၂၀၁၇) | |
စီးပွားရေးအမျိုးအစား | ကုမ္ပဏီခွဲ |
---|---|
ဝဘ်ဆိုဒ် အမျိုးအစား | ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု |
ဖတ်ရှုရရှိနိုင်မှု | ဘာသာစကား ၇၆ မျိုး[၁] |
တည်ထောင် | ဖေဖော်ဝါရီ ၁၄၊ ၂၀၀၅ |
ဌာနချုပ် | ၉၀၁ ချယ်ရီရိပ်သာလမ်း၊ ဆန်ဘရူနိုမြို့၊ , ကယ်လီဖိုးနီးယားပြည်နယ် |
ကိုဩဒိနိတ် | 37.628101°N 122.426424°W |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝှမ်း (ပိတ်ဆို့တားမြစ်ထားသည့် နိုင်ငံများမှလွဲ၍) |
တည်ထောင်သူများ |
|
အရေးပါ ပုဂ္ဂိုလ်များ | Susan (စီအီးအို) Chad Hurley (အကြံပေး) |
လုပ်ငန်း | အင်တာနက် ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု |
မိခင်ကုမ္ပဏီ | အမှီအခိုကင်း (၂၀၀၅-၂၀၀၆) ဂူဂယ် (၂၀၀၆-လက်ရှိ) |
ဝဘ်ဆိုဒ် | YouTube.com |
Alexa အဆင့် | ၃ (ဇူလိုင် ၂၀၁၅)[၂] |
ကြော်ငြာ | Google AdSense |
မှတ်ပုံတင်ခြင်း | Optional (ဗွီဒီယိုအများစုကြည့်ရှုရန်အတွက် မှတ်ပုံတင်ရန်မလို။ ဗွီဒီယိုလွှင့်တင်ခြင်း၊ ၁၈နှစ်အထက် ဗွီဒီယိုများကြည့်ရှုခြင်း၊ playlist ဖန်တီးခြင်းနှင့် မှတ်ချက်များပေးရန် စသည်တို့အတွက် မှတ်ပုံတင်ရန်လိုအပ်) |
လွှင့်တင်ခြင်း | ဖေဖော်ဝါရီ ၁၄၊ ၂၀၀၅ |
လက်ရှိ အခြေအနေ | သက်ဝင်နေဆဲ |
အကြောင်းအရာ လိုင်စင် | ဖိုင်တင်သူမှ မူပိုင်ခွင့်ကိုင်စွဲနိုင် (စံလိုင်စင်သတ်မှတ်ချက်); Creative Commons ကိုလည်းရွေးချယ်နိုင်။ |
အသုံးပြုထားသည့် ပရိုဂရမ်းမင်း | Python[၃] နှင့် JavaScript |
ယူကျုဘ်အား ကမ္ဘာပေါ်ရှိ စာသင်ကျောင်းအတော်များများနှင့် အချို့သော နိုင်ငံများက မသင့်လျော်သော ဝက်ဘ်ဆိုဒ်တစ်ခု အဖြစ် ထင်မြင်၍ ပယ်ချခြင်းများ ပြုလုပ်ထားကြသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.