အသုံးပြုသူ:Snow Angel20/မီရှဲလ် အိုဘားမား
From Wikipedia, the free encyclopedia
Michelle LaVaughn Robinson Obama (၁၉၆၄၊ ဇန်နဝါရီ ၁၇ ဖွား) သည် အမေရိကန်ရှေ့နေ၊ တက္ကသိုလ်အမှုထမ်းနှင့် စာရေးဆရာမဖြစ်ပြီး အမေရိကန်သမ္မတကတော်အဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ တာဝန်ထမ်းခဲ့သည်။ သူသည် ၄၄ ဆက်မြောက် အမေရိကန်သမ္မတ ဘာရက် အိုဘားမား နှင့် လက်ထပ်ခဲ့ပြီး ပထမဆုံး အာဖရိကန်-အမေရိကန်သမ္မတကတော် ဖြစ်သည်။ အီလီနွိုက်စ်ပြည်နယ်၊ ရှီကာဂို တောင်ဘက်ခြမ်းတွင် မွေးဖွားခဲ့သည့် မီရှဲလ်သည် Princeton University နှင့် Harvard Law School တို့တွင် တက်ရောက်ခဲ့သည်။ သူ့ ပထမဆုံးအလုပ်အကိုင်မှာ Sidley Austin ဥပဒေလုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းတွင် ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့သည်။ သူသည် နောက်ပိုင်းတွင် အကျိုးအမြတ်မမျှော်ကိုးသည့် လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ပြီး ရှီကာဂိုတက္ကသိုလ် (University of Chicago) တွင် လက်ထောက်အဆောင်မှူးတာဝန်နှင့် University of Chicago Medical Center တွင် ကွန်မြူနတီနှင့် ပြင်ပရေးရာဌာနလက်ထောက်အုပ်ချုပ်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မီရှဲလ်သည် ၁၉၉၂ ခုနှစ်တွင် ဘာရက်နှင့် လက်ထပ်ပြီး သမီးနှစ်ဉီး ထွန်းကားသည်။
Michelle Obama | |
---|---|
Michelle Obama in February 2013 | |
First Lady of the United States | |
In role January 20, 2009 – January 20, 2017 | |
သမ္မတ | Barack Obama |
ယခင်လူ | Laura Bush |
ဆက်ခံသူ | Melania Trump |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Michelle LaVaughn Robinson (1964-01-17) ဇန်နဝါရီ ၁၇၊ ၁၉၆၄ (အသက် ၆၀) Chicago, Illinois, U.S. |
နိုင်ငံရေးပါတီ | Democratic |
ကြင်ဖော်(များ) | Barack Obama (လက်ထပ် ၁၉၉၂) |
သားသမီး |
|
မိဘ | Page တမ်းပလိတ်:Plainlist/styles.css has no content.
|
ဆွေမျိုးသားချင်း | Craig Robinson (brother) |
ပညာရေး | Princeton University (AB) Harvard University (JD) |
လက်မှတ် |
မီရှဲလ်သည် ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အတွင်းခင်ပွန်းဖြစ်သူ၏ သမ္မတဖြစ်ရေး မဲဆွယ်မှု (presidential bid)အတွက် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်းရှင်း (2008 Democratic National Convention)တွင် အရေးပါသောမိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။ သူသည် ၂၀၁၂ ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်းရှင်း (2012 Democratic National Conven[]tion) တွင်လည်း ခင်ပွန်းဖြစ်သူအတွက် မိန့်ခွန်းပြောကြားခဲ့သည်။ ဖီလာဒဲလ်ဖီးယားမြို့တွင် ပြုလုပ်သည့် ၂၀၁၆ ဒီမိုကရက်တစ် အမျိုးသား ကွန်ဗင်းရှင်း (2016 Democratic National Convention) တွင် သမ္မတကတော်ဟောင်းတစ်ဉီးဖြစ်သည့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် အား ထောက်ခံသည့် မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။
သမ္မတကတော်အနေဖြင့် မီရှဲလ်သည် အမျိုးသမီးများအတွက် စံပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုအား သတိပြုမိရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာစွာ စားသုံးရေးတို့ကို လှုံ့ဆော်သူတစ်ဉီးအဖြစ် လုပ်ဆောင်ခဲ့သည်။သူသည် အမေရိကန်ဒီဇိုင်နာများကို အားပေးပြီး ဖက်ရှင်သင်္ကေတတစ်ဉီးအဖြစ် မှတ်ယူခံရသူဖြစ်သည်။[1][2]