မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

The Motherland Calls (Родина-мать зовёт!) သည် ရုရှားနိုင်ငံဗော်ဂါဂရတ်မြို့၊ Mamayev Kurgan တွင်တည်ရှိသည့် ရုပ်တုတစ်ခု ဖြစ်သည်။ ၎င်းရုပ်တုကို ပန်းပုဆရာ Yevgeny Vuchetich က ဒီဇိုင်းဆွဲခဲ့သည်။ တည်ဆောက်မှု အင်ဂျင်နီယာမှာ နိခိုလိုင် နိခိတင် ဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော ရုပ်တုလည်း ဖြစ်ခဲ့သည်။ ဤရုပ်တုသည် ဥရောပတွင် အမြင့်ဆုံး ရုပ်တု ဖြစ်သည်။ အောက်ခံခုံကို ထည့်မတွက်ပါက ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရုပ်တု ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ယုံကြည်ကိုးကွယ်မှုနှင့် မသက်ဆိုင်သော ရုပ်တုများတွင် အမြင့်ဆုံး ဖြစ်သည်။[1]

အချက်တိုများ The Motherland Calls, ဖွင့်လှစ်ခဲ့ ...
The Motherland Calls
ရုရှားနိုင်ငံ
ဖိုင်:Volgograd and the Motherland statue.JPG
စတာလင်ဂရတ်တိုက်ပွဲမှ သူရဲကောင်းများ အတွက်
ဖွင့်လှစ်ခဲ့၁၅ အောက်တိုဘာ ၁၉၆၇
တည်နေရာ48°44′32.5″N 44°32′13″E
Mamayev Kurgan, ဗော်ဂါဂရတ်မြို့ အနီး
ဒီဇိုင်းရေးဆွဲသူYevgeny Vuchetich, Nikolai Nikitin
ပိတ်ရန်

တည်ဆောက်မှု

Thumb
Eternal Flame in Mamayev Kurgan memorial complex

ပန်းပုပညာရှင် Yevgeny Vuchetich နှင့် အင်ဂျင်နီယာ နိခိုလိုင် နိခိုတင် သည် ၈၅ မီတာအမြင့်ရှိသည့် အမျိုးသမီးမတ်တပ်ရပ်နေပြီး ဓားမြှောက်ထားသည့်အရုပ်ကို ပြုလုပ်ကြသည်။ ရုပ်တုသည် မိခင်တစ်ဦးကို ပမာခိုင်းထားခြင်း ဖြစ်ပြီး သူမ၏ သားနှင့် သမီးများကို ခေါ်ကာ ရန်သူများကို တွန်းလှန်ရန်နှင့် အဝေးကွာဆုံးအထိ တိုက်ထုတ်ရန် ဖြစ်သည်။

အတိုင်းအတာများ

၎င်းသည် ၁၉၆၇ ခုနှစ်တွင် အမြင့်ဆုံးသော ရုပ်တု ဖြစ်ခဲ့သည်။ အတိုင်းအတာများမှာ ဓားအဖျားမှ အောက်ခံခုံအထိ ၈၅ မီတာ (၂၇၉ ပေ) ရှိသည်။[2] အောက်ခံခုံသည် ၂ မီတာ (၆.၆ ပေ) ရှိပြီး ကွန်ကရစ်အောက်ခြေသည် ၁၆ မီတာ (၅၂ ပေ) ရှိသည်။ ရုပ်တုသည် ၅၂ မီတာ (၁၇၁ ပေ) ရှိပြီး ဓားသည် ၁၆ မီတာ (၁၀၈ ပေ) ရှိသည်။ ရုပ်တု၏ အလေးချိန်သည် ၈၀၀၀ တန်ကျော် လေး၏။ ရုပ်တုတွင် ကွန်ကရစ် ၅၅၀၀ တန်ပါဝင်ပြီး သတ္ထု ၂၄၀၀ တန် ပါဝင်သည်။ ဓား၏ အလေးချိန်သည် ၁၄ တန် လေးသည်။ ရုပ်တုကို ပြုလုပ်ရာတွင် သတ္ထုကြိုး ၉၉ ခုကို လိုအပ်သည် တင်းအား(Tension) အတွက် အသုံးပြုထားသည်။[3][4]

ဆောက်လုပ်မှု ပြဿနာများ

ဓားသည် မူလက စတီးဖြင့် ပြုလုပ်ပြီး တိုက်တနီယမ်ဒြပ်စင်ဖြင့် သပ်ရပ်အောင် ပြုလုပ်ရန် ဖြစ်သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.