ပလေးစတေရှင် ၃ (PlayStation 3 - PS3) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment) မှ ထုတ်လုပ်သော အိမ်သုံးဗီဒီယိုဂိမ်းစက် အမျိုးအစားဖြစ်သည်။ ပလေးစတေရှင် အုပ်စုဝင် ပလေးစတေရှင် ၂၏ နောက်ထွက်မျိုးဆက်သစ် ဂိမ်းစက်လည်းဖြစ်သည်။ သတ္တမမြောက် ဂိမ်းဆက်မျိုးဆက်အဖြစ် မိုက်ခရိုဆော့ဖ်၏ အိပ်စ်ဘောက်စ် ၃၆၀ (Xbox 360)နှင့် နစ်တန်းဒိုး၏ ဒဗလျူတူး(Wii) ဂိမ်းစက်များနှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ဂျပန်နိုင်ငံတွင် စတင်ဖြန့်ချိခဲ့ပြီး နောက်မကြာမီအချိန်အတွင်း နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည်။[6]
| |
အခြားအမည် | ပီအက်စ်သရီး၊ ပီသရီး |
---|---|
ဖန်တီးသူ | ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment) |
ထုတ်လုပ်သူ | Sony EMCS, Foxconn, ASUSTeK[1] |
ပစ္စည်းအုပ်စု | ပလေးစတေရှင် |
ပစ္စည်းအမျိုးအစား | အိမ်သုံးဗီဒီယိုဂိမ်းစက် |
မျိုးဆက် | သတ္တမမြောက် ဂိမ်းစက်မျိုးဆက် |
ဖြန့်ချီသည့်နေ့ | JPN နိုဝင်ဘာ ၁၁, ၂၀၀၆ USA နိုဝင်ဘာ ၁၇, ၂၀၀၆ EU မတ် ၂၃, ၂၀၀၇ AUS မတ် ၂၃, ၂၀၀၇ |
ရောင်းရသောအရေအတွက် | သန်း ၈၀ (as of November 2, 2013)[2] |
မီဒီယာ |
|
စက်မောင်းစနစ် | PlayStation 3 system software[3][4] |
စီပီယူ | 3.2 GHz Cell Broadband Engine with 1 PPE & 7 SPEs |
မှတ်ဉာဏ် | 256 MB system and 256 MB video |
သိုလှောင်နိုင်မှုစွမ်းအား | 2.5-inch SATA hard drive (20 GB, 40 GB, 60 GB, 80 GB, 120 GB, 160 GB, 250 GB, 320 GB or 500 GB included) (အဆင့်မြှင့်နိုင်သည်) |
ပြသပေးနိုင်မှု | ဗီဒီယိုရုပ်ထွက်အမျိုးအစားများ
|
ဂရပ်ဖစ်အမျိုးအစား | 550 MHz NVIDIA/SCEI RSX 'Reality Synthesizer' |
အသံ | အသံထွက်အမျိုးအစားများ
|
Controller input | Sixaxis, DualShock 3, DualShock 4, Logitech Driving Force GT, Logitech Cordless Precision controller, standard USB controllers, GT Force, Rhythm game controllers, PlayStation Move, PlayStation 3 Blu-ray Remote Control, GunCon 3, PlayStation Portable, PlayStation Vita, Keyboard and Mouse |
ဆက်သွယ်နိုင်မှု | (အသေးစိတ်)
|
အွန်လိုင်းဝန်ဆောင်မှု | PlayStation Network |
နောက်ကြောင်းပြန် လိုက်လျောညီထွေဖြစ်မှု | ပလေးစတေရှင် (မော်ဒယ်အားလုံး) ပလေးစတေရှင် ၂ (20 GB, 60 GB and some (CECHExx) 80 GB models) |
ယခင်အမျိုးအစား | ပလေးစတေရှင် ၂ |
နောက်ပေါ်အမျိုးအစား | ပလေးစတေရှင် ၄ |
ဝက်ဘ်ဆိုဒ် | playstation.com/ps3/ |
၂၀၀၅ အီလက်ထရွန်းနစ် ဖျော်ဖြေရေးပြပွဲ (Electronic Entertainment Expo 2005) တွင် စတင်ပွဲထုတ် မိတ်ဆက်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်ကုန်ပိုင်းတွင် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ဘလူးရေး နည်းပညာကို အသုံးပြုထားသော ပထမဆုံးဂိမ်းစက်ဖြစ်သည်။[7] ၂၀၀၉ အောက်တိုဘာလတွင် PlayStation 3 Slim မော်ဒယ်ကို ထပ်မံဖြန့်ချိခဲ့သည်။ ယင်းမော်ဒယ်သည် မူလ ပလေးစတေရှင် ၃ ထက် ပါးလွှာ၍ ပိုမိုပေါ့ပါးသည်။ ထပ်မံ၍ ပြုပြင်ထားသော Super Slim မော်ဒယ်ကို ၂၀၁၂ နှောင်းပိုင်းတွင် ဖြန့်ချိခဲ့သည်။ ၂၀၁၃ နိုဝင်ဘာ ၂ ရက်စာရင်းများအရ ပလေးစတေရှင် ၃ ဂိမ်းစက်အား ကမ္ဘာတစ်ဝှန်းတွင် သန်း ၈၀ ခန့်ရောင်းချခဲ့ရပြီးဖြစ်သည်။ နောက်ထပ်မျိုးဆက်သစ် ပလေးစတေရှင် ၄ (PlayStation 4) ဂိမ်းစက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြောက်အမေရိကတွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဥရောပတွင် လည်းကောင်း ဖြန့်ချိခဲ့သည်။ ပလေးစတေရှင် ၄ ဖြန့်ချိပြီးနောက် ဆိုနီကုမ္ပဏီအနေဖြင့် ပလေးစတေရှင် ၃ ကို ၂၀၁၅ အထိ ဆက်လက်ပံ့ပိုး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[8]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.