From Wikipedia, the free encyclopedia
Notepad++ သည် text editor ဆော့ဖ်ဝဲဖြစ်သည်။ မိုက်ခရိုဆော့ဖ် ဝင်းဒိုးတွင် အသုံးပြုနိုင်သည်။ တဘ်(tab) အသစ်များဖြင့် တည်းဖြတ်ခြင်း၊ ဖိုင်းများစွာကို မျက်နှာပြင်တစ်ခုတည်းတွင် တည်းဖြတ်နိုင်ခြင်း စသည်တို့ကို ထောက်ပံ့ထားသည်။ ၎င်းပရောဂျက်၏ အမည်မှာ C increment operator မှ ဆင်းသက်လာသည်။
Notepad++ v7 on Windows 10, depicting MediaWiki 1.27.1 source code | |
ဆော့ဖ်ဝဲလ်ရေးသူ(များ) | Don Ho |
---|---|
ပထမဆုံး ဖြန့်ချိခြင်း | နိုဝင်ဘာ ၂၄၊ ၂၀၀၃ |
ရီပိုစစ်တရီ | github.com/notepad-plus-plus/notepad-plus-plus |
ပရိုဂရမ်းမင်း ဘာသာစကား | C++ |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် |
ပလက်ဖောင်း | IA-32, x86-64 |
ဆိုဒ် | 2.70 MB |
ရရှိနိုင်သော ဘာသာစကား | over 50 languages via Scintilla, plus additional user-defined languages[1] |
ဆော့ဖ်ဝဲလ် အမျိုးအစား | Source code editor |
လိုင်စင် | GNU General Public License |
ဝက်ဘ်ဆိုဒ် | notepad-plus-plus.org |
Notepad++ ကို အခမဲ့ဆော့ဖ်ဝဲအဖြစ် ဖြန့်ဝေထားသည်။ ပထမဆုံး ပရောဂျက်ကို SourceForge.net တွင် လွှင့်တင်ခဲ့ပြီး ဒေါင်းလုပ်ပြုလုပ်ရယူသည့် အရေအတွက်မှာ ၂၈ သန်းကျော် ရှိခဲ့သည်။[2][3] SourceForge Community Award ၏ အကောင်းဆုံး တီထွင်ဖန်တီးမှုဆိုင်ရာ ဆော့ဖ်ဝဲဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည်။[4] ပရောဂျက်ကို TuxFamily (fr) တွင် ၂၀၁၀ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ လွှင့်တင်ခဲ့သည်။ ၂၀၁၅ ခုနှစ်ကတည်းက Notepad++ ကို GitHub တွင် လွှင့်တင်ခဲ့သည်။[5] Notepad++ သည် သွက်ထက်သော တည်းဖြတ်မှု အစိတ်အပိုင်းများကို အသုံးပြုထားသည်။
Notepad++ သည် မြောက်မြားစွာသော ပရိုဂရမ်းမင်း ဘာသာစကား နှင့် အခြားသမားရိုးကျ ဘာသာစကားများကို ထောက်ပံ့ပေးထားသည်။ ထောက်ပံ့ထားသော အသွင်အပြင်များတွင် အောက်ပါတို့ ပါဝင်သည်။[6]
Notepad++ သည်ကမ္ဘာပေါ်တွင် လူကြိုက်များသော တည်းဖြတ်မှု ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ ၎င်းသည် syntax များကို ဟိုက်လိုက်လုပ်ကာ ဖော်ပြခြင်းနှင့် programming, scripting, နှင့် markup languages များအတွက် code folding ပြုလုပ်ခြင်း စသည်တို့ကို ထောက်ပံ့ပေးထားသည်။[1][9] ပရိုဂရမ်းမင်း အတွက် ထောက်ပံ့ပေးထားသော အသွင်အပြင်များတွင် အောက်ပါတို့ ပါဝင်သည်။[6][10]
Notepad++ သည်အောက်ပါ ပရိုဂရမ်းမင်း ဘာသာစကားများကိုလည်း ထောက်ပံ့ပေးထားသည်။
Notepad++ သည် marcos နှင့် plugins များကိုလည်း ထောက်ပံ့ပေးထားသည်။ Notepad++ တွင် plugins ပေါင်း ၁၄၀ ကျော်ကို ဖန်တီးထားပြီးဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.