![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a6/Triton_moon_mosaic_Voyager_2_%2528large%2529.jpg/640px-Triton_moon_mosaic_Voyager_2_%2528large%2529.jpg&w=640&q=50)
ထရီတွန် (ဂြိုဟ်ရံလ)
From Wikipedia, the free encyclopedia
နက်ပကျွန်းဂြိုဟ်၏ အကြီးဆုံးသော လအမည်မှာ ထရီတွန် (Triton) ဖြစ်သည်။ ၎င်းသည် နေအဖွဲ့အစည်း၏ ခုနှစ်ခုမြောက် အကြီးဆုံးလတစ်စင်းဖြစ်သည်။ ထရီတွန်သည် အာကာသဆိုင်ရာ မှတ်တမ်း၊ ရာဇဝင်များဖြင့် ရှုပ်ထွေးနေပြီး ၎င်း၏ သစ်လွင်သော မျက်နှာပြင်နှိုင်းယှဉ်ချက်တစ်ခုကို နေအဖွဲ့အစည်း၏ သက်တမ်းနှင့် နှိုင်းယှဉ်ကြည့်ရန်တွေးခဲ့ကြသည်။[11][12] ဂျာမန်နက္ခတ္တဗေဒပညာရှင်များဖြစ်ကြသည် ဂျိုဟန် ဂေါ့ဖရန့် ဂယ်လီနှင့် ဟိန်းရစ်ချ် လူးဝစ်တအာရက်တို့ နှစ်ဦးသည် နက်ပကျွန်းဂြိုဟ်အား ရှာဖွေတွေ့ရှိပြီး[11] ၁၇ ရက်အကြာတွင် ၎င်းနက်ပကျွန်းဂြိုဟ်၏ ဂြိုဟ်ရံ လကြီးကို ဗြိတိန်နက္ခတ္တဗေဒပညာရှင် ဝီလျံ လောစီ က ၁၈၄၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။[11][11]ထရီတွန်သည် Kuiper belt ဟုခေါ်သည့် နတ်ပကျွန်းဂြိုဟ်မှ ထွက်လာသည့် လမ်းကြောင်းအတွင်း ဖမ်းယူခြင်းခံရသည့် ဂြိုဟ်တစ်လုံးဖြစ်သည့်အပြင် နေအဖွဲ့အစည်းတွင် အအေးဆုံးသော ဂြိုဟ်တစ်ခုဖြစ်ရမည်ဟု အချို့ကတွေးတောကြသည်။ ထရီတွန်၏ မျက်နှာပြင်အပူချိန်အား ဗွိုင်ယေဂျာ ၂ ဖြင့် မှတ်တမ်းတင်ထားရာတွင် -၂၃၅ ဒီဂရီ ဆယ်လ်ဆီးယပ် အထိ အေးသည်ဟု သိရသည်။
![]() Voyager 2 photomosaic of Triton[caption 1] | |
ရှာဖွေတွေ့ရှိခြင်း | |
---|---|
ရှာဖွေတွေ့ရှိခဲ့သူ | William Lassell |
ရှာဖွေတွေ့ရှိသည့် ရက်စွဲ | October 10, 1846 |
အသံထွက် | /ˈtraɪtən/ |
အခြားအမည်များ | Neptune I |
ပါဝင်အရာဝတ္ထုများ | Tritonian |
ပတ်လမ်း ဂုဏ်အင်များ | |
ဆီမီး မေဂျာ ဝင်ရိုး | 7008354759000000000♠354759 km |
ပတ်လမ်း ဗဟိုကျမှု | 6995160000000000000♠0.000016[1] |
ပတ်လမ်း ကာလ | 7005507760185599999♠5.876854 d (retrograde)[1][2] |
ပျမ်းမျှ ပတ်နှုန်း | 4.39 km/s |
ပတ်လမ်း တိမ်းစောင်းမှု | 129.812° (to the ecliptic) 156.885° (to Neptune's equator)[3][4] 129.608° (to Neptune's orbit) |
ဂြိုဟ်ရံလများ | နက်ပကျွန်းဂြိုဟ် |
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |
ပျမ်းမျှ အချင်းဝက် | 7006135340000000000♠1353.4±0.9 km[5] (0.2122 Earths) |
မျက်နှာပြင် ဧရိယာ | 7013230180000000000♠23018000 km2[lower-alpha 1] |
ထုထည် | 7019103840000000000♠10384000000 km3[lower-alpha 2] |
ဒြပ်ထု | 7022214000000000000♠2.14×1022 kg (6997359000000000000♠0.00359 Earths)[lower-alpha 3] |
ပျမ်းမျှ သိပ်သည်းဆ | 7003206100000000000♠2.061 g/cm3[5] |
မျက်နှာပြင် ဒြပ်ဆွဲအား | 6999779000000000000♠0.779 m/s2 (6998794000000000000♠0.0794 g) (0.48 Moons)[lower-alpha 4] |
လွတ်မြောက်အလျင် | 7003145500000000000♠1.455 km/s[lower-alpha 5] |
လှည့်ပတ်ကာလ | synchronous |
ဘေးဘက် လှည့်ပတ်ကာလ | 5 d, 21 h, 2 min, 53 s[6] |
ဝင်ရိုးတိမ်းစောင်းမှု | 0 |
Albedo | 0.76[5] |
အပူချိန် | ၃၈ ကယ်လ်ဗင် (−၂၃၅.၂ ဒီဂရီ စင်တီဂရိတ်)[6] |
မြင်သာသော ပမာဏ | 13.47[7] |
ပကတိ ပမာဏ (H) | −1.2[8] |
လေထု | |
မျက်နှာပြင် လေထုဖိအား | 1.4–1.9 Pa[6] (1/7004700000000000000♠70000 the surface pressure on Earth)[9] |
လေထု၌ ဓာတုပါဝင်နှုန်း | နိုက်ထရိုဂျင်၊ မီသိန်း traces.[10] |
ယခုချိန်တွင်ထရီတွန်သည် အနိမ့်ပိုင်းပတ်လမ်းသို့ ကျရောက်နေသည်ဟုလည်း ဆိုကြသည့်အပြင် နှစ်သန်း ၁ထောင် ခန့်တွင် ထရီတွန်သည် တစ်ခုခုနှင့် ထိခိုက်မိ၍ နက်ပကျွန်းဂြိဟ်၏ လေထုလွှာတွင်းသို့ သက်ဆင်းရမည်သို့မဟုတ် စေတန်ဂြိုဟ်၏ ဂြိုဟ်ပတ်ကွင်းစနစ် (Ring System)နှင့် ဆင်တူသည့် စနစ်အတွင်းတွင် ပျက်သုဉ်းလိမ့်မည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ကြလေသည်။