Miss Grand Myanmar
From Wikipedia, the free encyclopedia
Miss Grand Myanmar သည်Miss Grand အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြု ရွေးချယ်ပေးသော အမျိုးသမီးအလှမယ်ပြိုင်ပွဲ တစ်ပွဲဖြစ်သည်။ ၎င်းပြိုင်ပွဲကို ၂၀၁၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ယခုလက်ရှိ Miss Grand မြန်မာ ရွေးချယ်ခြင်းကို ၂၀၂၁ မှစတင်၍ ထူးအံလွင်မှ ပြိုင်ပွဲဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဖွဲ့စည်းခြင်း | ၂၀၁၃ |
---|---|
အမျိုးအစား | အလှမယ်ပြိုင်ပွဲ |
ဌာနချုပ် | ရန်ကုန် |
တည်နေရာ | |
ရုံးသုံးဘာသာစကား | မြန်မာဘာသာ၊ အင်္ဂလိပ် |
တည်ထောင်သူ |
|
Miss Grand Myanmar ရွေးချယ်ခြင်း ကို ၂၀၁၃ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ရွှေမြေမြန်မာအလှမယ်ပြိုင်ပွဲမှ ရွေးချယ်ခဲ့သည်။ ၂၀၁၅ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ပြိုင်ပွဲဒါရိုက်တာလုနုထွန်း မှဆက်လက်ရွေးချယ် ခဲ့သည်။ ထို့နောက် ၂၀၁၇ မှစတင်၍ ၂၀၂၀ ခုနှစ် အထိ မယ်စကြဝဠာ မြန်မာ အဖွဲ့အစည်းမှ Miss Grand မြန်မာ အလှမယ်ရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မန္တလေးမြို့၌ သရဖူဆောင်းခဲ့သော နီနီလင်းအိမ်မှာ Miss Grand Myanmar အဖြစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသော Miss Grand International ပြိုင်ပွဲ၌ First runner up ဆု ရရှိခဲ့သည်။