ရုရှ၏ မစ် - ၂၅ တိုက်လေယာဉ် (နေတိုးအခေါ် - Foxbat) သည် ကြားဖျက်တိုက်ခိုက်ရေး ၊ ကင်းထောက် နှင့် ဗုံးကြဲ ရန်အတွက် အသုံးပြုနိုင်သော ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်သည်။ ၁၉၆၄ တွင် ပထမဆုံး ပျံသန်းမှုကို စတင်နိုင်ခဲ့ပြီး ၁၉၇၀ တွင် လေတပ်၌ စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ အသံထက် (၃.၂) ဆ ပျံသန်းနိုင်ခြင်း ၊ အဆင့်မီ ရေဒါ တပ်ဆင်ထားခြင်းနှင့် ဝေဟင် - ဝေဟင်ပစ် ဒုံးပျံ လေးလုံး တပ်ဆင်နိုင်ခြင်းတို့ကြောင့် အမေရိကန်တို့၏ F - 15 ကို ယှဉ်နိုင်မည့် လေယာဉ်အဖြစ် သုံးသပ်ကြသည်။ မစ် -၂၅ ၏ စွမ်းဆောင်ရည်များကို အနောက်အုပ်စုက ၁၉၇၆ အထိ မသိရှိကြပဲ ဆိုဗီယက် ပိုင်းလော့ Viktor Belenko က မစ် - ၂၅ တစ်စီးကို ခိုးယူပြီး ဂျပန်တွင် ဆင်းသက်ခဲ့မှသာ ၎င်း၏ စွမ်းရည်များကို အနောက်အုပ်စုက သိရှိခဲ့ကြသည်။ ယခင် ဆိုဗီယက် ပြည်ထောင်စု၏ အပေါင်းပါ နိုင်ငံများတွင် ယနေ့တိုင် အသုံးပြု နေကြဆဲ ဖြစ်သည်။ အစင်းရေ (၁၁၉၀) ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
အချက်အလက်များ
![Thumb](http://upload.wikimedia.org/wikipedia/commons/thumb/d/d8/Mikoyan-Gurevich_MiG-25_3-view.svg/640px-Mikoyan-Gurevich_MiG-25_3-view.svg.png)
- အထွေထွေ အချက်အလက်များ
- လေသူရဲ - (၁) ဦး
- လေယာဉ်အရှည် - (၁၉.၇၅) မီတာ
- တောင်ပံ အလျား - (၁၄.၀၁) မီတာ
- လေယာဉ်အမြင့် - (၆.၁) မီတာ
- တောင်ပံအကျယ် - (၆၁.၄) စတုရန်းမီတာ
- အင်ဂျင် - Tumansky R-15B-300 afterburning turbojet အင်ဂျင် (၂) လုံး
- စွမ်းဆောင်ရည်များ
- အမြင့်ဆုံး အမြန်နှုန်း - အသံထက် (၃.၂) ဆ (တစ်နာရီလျင် ၃၄၉၀ ကီလိုမီတာ)
- အများဆုံး သွားနိုင်သော အကွာအဝေး - ၁၇၃၀ ကီလိုမီတာ
- အမြင့်ဆုံး တက်နိုင်သည့် အမြင့် - (၂၀၇၀၀) မီတာ [ ဒုံးကျည် လေးလုံး တပ်ဆင်လျက် ]
တပ်ဆင်နိုင်သည့် လက်နက်
- ဝေဟင် - ဝေဟင်ပစ် ရေဒါလမ်းညွှန် AA-6 'Acrid' ဒုံးကျည် (၂) လုံး
- ဝေဟင် - ဝေဟင်ပစ် အနီအောက် ရောင်ချည်သုံး R-40T ဒုံးကျည် (၂) လုံး
လေကြောင်းပြစနစ်
- RP-25 Smerch ရေဒါ
- A RV-UM or a RV-4 radar altimeter
အသုံးပြုလျက် ရှိသောနိုင်ငံများ
![Thumb](http://upload.wikimedia.org/wikipedia/commons/thumb/5/57/MiG-25_Operators.png/640px-MiG-25_Operators.png)
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.