From Wikipedia, the free encyclopedia
ဒြပ်စင်များတွင် Metals ဂုဏ်သတ္တိ သာမက Non-Metals ဂုဏ်သတ္တိများပါ ရှိကြသောကြောင့် တစ်ပိုင်းသတ္တုများဟုခေါ်သည်။ တစ်ပိုင်းသတ္တုများကို Metals နှင့် Non-Metals ခွဲထားသော မျဉ်းကြောင်းအမည်း (dark-line) တစ်လျှောက် (ဘေးတဘက်တချက်) တွင် တွေ့ရှိနိုင်သည်။ (အလူမီနီယမ် မပါ။) ၎င်းမျဉ်းသည် အလူမီနီယမ် (Aluminium) နှင့် ဘိုရွန် (Boron) ကြားမှ စပြီး Po နှင့် At ကြားထိ ဆွဲထားသော မျဉ်းဖြစ်သည်။ ဆီလီကွန် (Silicon) နှင့် ဂျာမေနီယမ် (Germanium) ကဲ့သို့သော Metalloids များသည် တစ်ပိုင်း လျှပ်ကူးပစ္စည်းများ (Semi-conductors) ဖြစ်ကြသည်။ တစ်ပိုင်း လျှပ်ကူး ပစ္စည်းဆိုသည်မှာ သီးခြား အခြေအနေတစ်ရပ် အောက်တွင် လျှပ်စစ်အားကို သယ်ဆောင်ပေးပို့နိုင်သော ပစ္စည်းဖြစ်သည်။ တစ်ပိုင်းလျှပ်ကူးနှင့်မတူညီမှုမှာ တစ်ပိုင်းသတ္တုများသည် အပူချိန်သုည အခြေအနေတွင် လျှပ်စစ်စီးကူးနိုင်သည်။ ဒြပ်စင်များနှင့်ကွာြခားချက်မှာ တစ်ပိုင်းသတ္တုတို့သည် အပူချိန်မြင့်လေလေ လျှပ်စစ်စီးကူးမှုကောင်းလေလေဖြစ်သည်။ ၎င်း ဂုဏ်သတ္တိကြောင့် ဆီလီကွန်နှင့် ဂျာမေနီယမ်များကို ကွန်ပျူတာနှင့် ဂဏန်းတွက်စက်များ တွင် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအဖြစ် အသုံးပြုကြသည်။ သိပ္ပံပညာရှင်များကြားတွင် တစ်ပိုင်းသတ္တုအတွက် သတ်မှတ်ထားသောတိကျသော အဓိပ္ပာယ်မရှိသေးပါ။ ပုံမှန် တစ်ပိုင်းသတ္တုတစ်ခုသည်သတ္တုအသွင်အပြင်(တောက်ပြောင်မှု)ရှိသည်။ သို့သော် ၎င်း တို့သည် အလွန်ကြွပ်ဆပ်သည်။ လျှပ်စစ်အနည်းငယ်သာစီးသည်။ ၎င်းတို့ သည်အများအားဖြင့် nonmetal များကဲ့သို့ပြုမူသည်။ သူတို့ဟာသတ္တုများနှင့်အတူ အလွိုင်း သတ္တုစပ်အဖြစ် ဖွဲ့စည်းနိုင်သည်။ သူတို့ရဲ့အခြားရုပ်ပိုင်းဆိုင်ရာနှင့်ဓာတုဂုဏ်သတ္တိများအများစုမှာအလယ်အလတ်ဖြစ်ကြ၏။ တစ်ပိုင်းသတ္တုများတွင် များသောအားဖြင့်မည်သည့်ဖွဲ့စည်းပုံဆိုင်ရာအသုံးပြုမှုမျှမရှိကြပါ။၎င်းတို့နှင့် ၎င်းတို့၏ဒြပ်ပေါင်းများကိုသတ္တုစပ်, ဇီဝဗေဒအေးဂျင့် ဓာတ်ကူပစ္စည်း မီးကူးနှောင့်နှေးစေသောပစ္စည်း ဖန်ခွက် optical သိုလှောင်မှု တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်လျှပ်စစ်ပစ္စည်းများ optoelectronics pyrotechnics စသည်တို့ အတွက်အသုံးပြုကြသည်။ [1]
၁၃ | ၁၄ | ၁၅ | ၁၆ | ၁၇ | ||
---|---|---|---|---|---|---|
၂ | B ဘိုရွန် |
C ကာဗွန် |
N နိုက်ထရိုဂျင် |
O အောက်ဆီဂျင် |
F ဖလိုရင်း | |
၃ | Al အလူမီနီယမ် |
Si ဆီလီကွန် |
P ဖော့ဆဖောရပ် |
S ဆာလဖာ |
Cl ကလိုရင်း | |
၄ | Ga ဂဲလီယမ် |
Ge ဂျာမန်နီယမ် |
As အာဆင်းနစ် |
Se ဆီလီနီယမ် |
Br ဘရိုမင်း | |
၅ | In အိန္ဒီယမ် |
Sn Tin |
Sb ခနောက်စိမ်း |
Te တယ်လူရီယမ် |
I အိုင်အိုဒင်း | |
၆ | Tl သယ်လီယမ် |
Pb ခဲ |
Bi ကြွပ် |
Po ပိုလိုနီယမ် |
At အက်စ်တက်တိုင်း | |
Commonly recognized (86–99%): B, Si, Ge, As, Sb, Te
Irregularly recognized (40–49%): Po, At
Less commonly recognized (24%): Se
Rarely recognized (8–10%): C, Al
(All other elements cited in less than 6% of sources)
Arbitrary metal-nonmetal dividing line: between Be and B, Al and Si, Ge and As, Sb and Te, Po and At | ||||||
Recognition status, as metalloids, of some elements in the p-block of the periodic table. Percentages are median appearance frequencies in the en:lists of metalloids.[n 1] The staircase-shaped line is a typical example of the arbitrary metal–nonmetal dividing line found on some periodic tables. |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.