Google Drive
မဂ်လာပါ / From Wikipedia, the free encyclopedia
Google Drive သည် ဖိုင်သိမ်းဆည်းခြင်းနှင့် ရယူအသုံးပြုခြင်း (synchronization) ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ဂူဂဲလ်ကုမ္ပဏီမှ ထုတ်လုပ်ထားသည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် စတင်ခဲ့သည်။ Google Drive သည် အသုံးပြုသူများကို ဖိုင်များသိမ်းခြင်း၊ ရယူအသုံးပြုခြင်း၊ မျှဝေခြင်းများ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးထားသည်။ Google Drive သည် ဝင်းဒိုး၊ macOS ကွန်ပျူတာများ၊ အန်းဒရွိုက်၊ iOS ဖုန်းများနှင့် တက်ဘလက်များတွင် အသုံးပြုနိုင်အောင် အသုံးချ ဆော့ဖ်ဝဲကိုလည်း ထုတ်လုပ်ထားသည်။ Google Drive သည် Google Docs, Sheets and Slides, an office suite စသည်တို့ပါဝင်ပြီး documents, spreadsheets, presentations, drawings, forms တို့ကို တည်းဖြတ်ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်သည်။ office suite ဖြင့် ဖန်တီးပြင်ဆင်ထားသော ဖိုင်များကို Google Drive တွင် သိမ်းထားနိုင်သည်။
![]() | |
![]() The web version of Google Drive | |
ဝဘ်ဆိုဒ် အမျိုးအစား | File hosting service |
---|---|
ပိုင်ဆိုင်သူ | |
ဝဘ်ဆိုဒ် | google.com/drive/ |
မှတ်ပုံတင်ခြင်း | Required |
အသုံးပြုသူ | 240 million (October 2014) |
လွှင့်တင်ခြင်း | ဧပြီ ၂၄၊ ၂၀၁၂; ၁၂ နှစ် အကြာက (၂၀၁၂-၀၄-24) |
Google Drive အသုံးပြုသူများအား 15 GB ပမာဏကို အခမဲ့ အသုံးပြုခွင့်ပေးထားသည်။ 100 gigabytes, 1 terabyte, 10 terabytes, 20 terabytes နှင့် 30 terabytes တို့ကို အခပေးပုံစံဖြင့် ဝန်ဆောင်မှု ပေးထားသည်။ Google Drive ပေါ်သို့တင်သော ဖိုင်၏အရွယ်အစားပမာဏကို 5 terabytes အထိ အများဆုံး လက်ခံထားသည်။ အသုံးပြုသူသည် ဖိုင်များ မျှဝေအသုံးပြုခြင်း အစရှိသော ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သော အပြင်အဆင်များကို ပြောင်းလဲနိုင်သည်။