![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/38/Breaking_Benjamin_2-14-15.jpg/640px-Breaking_Benjamin_2-14-15.jpg&w=640&q=50)
Breaking Benjamin
အမေရိကန် ရော့ခ်ဂီတအဖွဲ့ / From Wikipedia, the free encyclopedia
Breaking Benjamin သည် အမေရိကန် rock တီးဝိုင်းတစ်ခုဖြစ်ပြီး ပင်ဆယ်ဗေးနီးယားပြည်နယ်၊ Wilkes-Barre မြို့တွင် ၁၉၉၉ ခုနှစ်၌ ဦးဆောင်အဆိုတော်နှင့် ဂီတာသမား Benjamin Burnley နှင့် ဒရမ်သမား Jeremy Hammel တို့တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တီးဝိုင်းတွင် ပထမဆုံး ဂီတာသမား Aaron Fink နှင့် ဘေ့စ်ဂီတာသမား Mark Klepaski တို့ပါဝင်ပြီး ၂၀၀၅ခုနှစ်တွင် Chad Szeliga ကို Hammel နှင့် နေရာမလဲခင် Saturate (၂၀၀၂) နှင့် We Are Not Alone (၂၀၀၄) album တို့ကို ဖြန့်ချိခဲ့သည်။ ၂၀၁၀တွင် Burnley ၏ အဖျားရောဂါပြန်လည် သက်သာလာသည့်နောက်ပိုင်းကာလ တွင် Phobia (၂၀၀၅) နှင့် Dear Agony (၂၀၀၉) တို့ကို ဖြန့်ချိခဲ့သည်။
Breaking Benjamin | |
---|---|
![]() ၂၀၁၅ တွင် ဖျော်ဖြေမှုပြုလုပ်နေသော Breaking Benjamin အဖွဲ့။ ဘယ်မှ ညာသို့ Keith Wallen, Shaun Foist, Benjamin Burnley, Aaron Bruch, နှင့် Jasen Rauch | |
ကိုယ်ရေး အချက်အလက်များ | |
အခြားအမည်များ | Plan 9 |
မူလတိုင်းပြည် | Wilkes-Barre, ပင်ဆယ်ဗေးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
ဂီတဟန် | Hard rock, post-grunge, alternative metal |
တက်ကြွသည့်နှစ်များ | ၁၉၉၉–၂၀၁၀၊ ၂၀၁၄–လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ | ဟောလီးဝုဒ် |
ဝက်ဘ်ဆိုက် | breakingbenjamin.com |
လက်ရှိအဖွဲ့ဝင်များ |
|
အဖွဲ့ဝင်ဟောင်းများ |
|
Album များ၏ အကောင်းဆုံးသီချင်းများ ပေါင်းစပ်ထားသော Shallow Bay : The Best of Breaking Benjamin (၂၀၁၁) တွင် ဖြန့်ချိခဲ့ပြီး Burnley ၏ ခွင့်ပြုချက် မပါသောကြောင့် တရားဥပဒေ ဆိုင်ရာ ဒုက္ခရောက်ခဲ့သည်။ Szeliga သည် ၂၀၁၃တွင် သူ၏ထွက်ခွာခြင်းကို ကြေညာခဲ့သည်။ Burnley သည် ၂၀၁၉ နောက်ပိုင်းတွင် ကျန်ရှိနေသော အဖွဲ့ဝင်များကို ကြေညာခဲ့သည်။ ဘေ့(စ်) ဂီတာသမားနှင့် နောက်ခံအဆိုရှင် Keith Wallen, ဂီတာသမား Jasen Rauch နှင့် ဒရမ်သမား Shaun Foist တို့ပါရှိသည်။ တီးဝိုင်းသည် ၂၀၁၅တွင် Dark Before Dawn ကိုဖြန့်ချိခဲ့သည်။ သို့သော်လည်း တီးဝိုင်းများ၏ ဂီတာဆိုင်ရာဟန်များနှင့် စာသားများပြောင်းလဲခြင်းမရှိပေ။ Burnley သည် တီးဝိုင်းစကတည်းက တေးရေးဆရာနှင့် ဦးဆောင် အဆိုရှင် အဖြစ်စတင်ကတည်းကဖြစ်သည်။ တီးဝိုင်း၏ ထူးခြားချက်မှာ hard rock ပုံစံများနှင့် chorus များကို crunching ဂီတာများနှင့် ပေါင်းစပ်ထားသည်။ အမေရိကန်တွင် တီးဝိုင်းသည် ၅သန်းကျော်ရောင်းချနိုင်ခဲ့သည်။ RIAA မှ ပလက်တီနမ်မှတ်တမ်းနှင့် ရွှေတံဆိပ်မှတ်တမ်းနှင့် မြောက်မြားစွာသော single သီချင်းများ၊ multi-platinam၊ platinum သုံးဆုနှင့် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ တီးဝိုင်းသည် Billboard 200 တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။