From Wikipedia, the free encyclopedia
၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၂ခုနှစ် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပခဲ့ကာ အားကစားနည်းပေါင်း (၄၀) ပါဝင်သည်။ ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကဲ့သို့ပင် ၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ၂၀၂၂ခုနှစ်တွင် ပြောင်း၍ ကျင်းပသော်လည်း ၂၀၂၁ ခေါင်းစဉ်အောက်မှပင် ကျင်းပခဲ့သည်။
ကျင်းပရာမြို့ | ဟနွိုင်းမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | "For a Stronger Southeast Asia" (ဗီယက်နမ်: Vì một Đông Nam Á mạnh mẽ hơn)[1] | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၅,၄၆၇ | ||
ကစားပွဲအမျိုးအစား | ၅၂၆ (၄၀) | ||
ဖွင့်ပွဲအခမ်းအနား | ၁၂ မေ ၂၀၂၂ | ||
ပိတ်ပွဲအခမ်းအနား | ၂၃ မေ ၂၀၂၂ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ငုယင်စွမ်းဖု ဗီယက်နမ်နိုင်ငံ၏ သမ္မတ | ||
အဓိကအားကစားကွင်း | မိုင်ဒင်း အမျိုးသားအားကစားကွင်း | ||
|
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း (၅,၄၆၇) ခန့်က အားကစားနည်း (၄၀)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို မိုင်ဒင်း အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
မူလက ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၁)ရက်နေ့မှ ဒီဇင်ဘာ (၂)ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားခဲ့သည်။၂၀၂၁ခုနှစ် ဇွန်လ ၉ရက်နေ့တွင် ကျင်းပသော အစည်းအဝေး၌ အိမ်ရှင်ဗီယက်နမ်က ပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဇွန်လ[2]သို့ ပြောင်းရွှေ့ရန် အဆိုတင်သွင်းခဲ့သည်။ အကြောင်းပြချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှူပြန်လည်မြင့်တက်လာ၍ဟု ဆိုသည်။ သို့ရာတွင်ဆီးဂိမ်းဖက်ဒရေးရှင်းအဖွဲ့ဝင် ၁၁နိုင်ငံမှ ၈နိုင်ငံကမူ ယင်းအဆိုကို ကန့်ကွက်ခဲ့သည်။[3]သို့သော် ပြိုင်ပွဲကျင်းပမည့်ရက်ကို ၂၀၂၂ခုနှစ် ဇူလိုင်လသို့ ရွှေ့ဆိုင်းခဲ့ပြီး နောက်ပိုင်းတွင် မေလ၌ကျင်းပရန် အတည်ပြုခဲ့သည်။[4]
ဟနွိုင်းနှင့် ဟိုချီမင်းမြို့တို့ကို လက်ရှိတွင် ရွေးချယ်ထားသည်။ အစပိုင်းတွင် ဟိုချီမင်းကို ရွေးရန် အားသာနေသော်လည်း နောက်ပိုင်းတွင် ဟနွိုင်းရှိ အားကစားရုံများကြောင့် ၎င်းကိုရွေးရန် အားသာခဲ့သည်။၂၀၁၈ခုနှစ် ဇူလိုင် ၉ရက်နေ့တွင် ဗီယက်နမ်အစိုးရက ဟနွိုင်းမြို့ကို ၂၀၂၁ဆီးဂိမ်းနှင့် ၁၁ကြိမ်မြောက်အာဆီယံပါရာဂိမ်းအတွက် အိမ်ရှင်မြို့အဖြစ် ရွေးချယ်ခဲ့သည်။
ဟနွိုင်းမြို့မှ အားကစား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြချက်အရ အမေရိကန်ဒေါ်လာ ၇၇ သန်းသုံးရန် စီစဉ်ထားသည်။ ၄.၃ သန်းကို စပွန်ဆာများမှ ပြန်လည်ရရန် မျှော်လင့်ထားသည်။
၂၀၁၇ ဒီဇင်ဘာတွင် ဟိုချီမင်းမြို့တော် စည်ပင်အဖွဲ့မှ ၎င်းတို့၏ အိမ်ရှင်အဆိုပြုလွှာကို တင်သွင်းခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၃၃၀ အနက်မှ ၂၉၀ ကို ကွင်းများအဆင့်မြှင့်တင်ရန်နှင့် ကျန် ၄၀ ကို စီစဉ်ဆောင်ရွက်ရန် အသုံးပြုမည် ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ (SEAGOC)ကို ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။COVID 19ရောဂါကြောင့် ပြိုင်ပွဲအတွက် ခွင့်ပြုထားသည့် ဘဏ္ဍငွေအချို့ ဖြတ်တောက်ခံခဲ့ရသည်။ ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၆၉.၃သန်း သုံးစွဲရန် လျာထားပြီး ၄၂.၃သန်းကို ပြိုင်ပွဲကျင်းပရေးအတွက်သုံးရန်ဖြစ်ပြီး ၂၅.၉သန်းကို အားကစားကွင်းများပြုပြင်ရန် သုံးမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် အားကစားကွင်းများစွာ ထပ်မံတည်ဆောက်မည်မဟုတ်ဘဲ ရှိရင်းစွဲများကိုသာ ပြန်လည်ပြုပြင်မည်ဖြစ်သည်။
၂၀၂၀ပြည့်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာအနှံ့ အားကစားပြိုင်ပွဲများ ဖျက်သိမ်းခဲ့ရသည်။၂၀၁၉ နယူးကလပ်ပွဲတော်အပြီး ကျင်းပမည့် ၂၀၂၀အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ဖျက်သိမ်းခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၂၀၂၁ဟနွိုင်းပွဲတော်ကျင်းပရန် ၆လခန့်အလိုတွင် ပြန်လည်မြင့်တက်လာခဲ့သဖြင့် ၂၀၂၁ခုနှစ် ဇွန်လဆန်းကကျင်းပသော အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီက အားကစားပွဲရွှေ့ဆိုင်းရေးအဆိုကို တင်သွင်းခဲ့သည်။မြန်မာနှင့် အိမ်ရှင်ဗီယက်နမ်တို့က ၎င်းအဆိုကို ထောက်ခံကြပြီး လာအိုနိုင်ငံက ကြားနေကာ ဘရူနိုင်း၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် အရှေ့တီမော နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။[3]ဗီယက်နမ်နိုင်ငံသည် ၂၀၂၁ခုနှစ် ဇွန်လ ၁၀ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၉၇၀၀ကျော်ရှိကာ ကုသနေဆဲလူနာ ၅၀၀၀ကျော်ရှိနေသည်။ အခြားကန့်ကွက်သည့် မြန်မာနိုင်ငံကမူ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအခြေအနေရှုပ်ထွေးနေသည့် နိုင်ငံဖြစ်သည်။၂၀၂၁ခုနှစ် ဇွန်လအကုန်ပိုင်းတွင် ဗီယက်နမ်အိုလံပစ်ကော်မတီက အခြားအိုလံပစ်ကော်မတီ (၁၀)ခုသို့ အားကစားပွဲကို ရွှေ့ဆိုင်းကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။[4]
၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ချိုးငှက်နှင့် လူ၏လက်ကို အင်္ဂလိပ်အက္ခရာ ဗွီ (V) ပုံစံပုံဖော်ထားပြီး အောင်မြင်ခြင်း (Victory)နှင့် ဗီယက်နမ် (Vietnam)ကို ကိုယ်စားပြုသည်။ ကွင်း၁၁ကွင်းမှာ SEAGFနိုင်ငံ ၁၁နိုင်ငံကို ကိုယ်စားပြုသည်။
၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Saolaခေါ် ရှားပါးနို့တိုက်သတ္တဝါဖြစ်သည်။၎င်းကို ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် တွေ့ရသည်။ဤလာဘ်ကောင်ပုံမှာ အခြားသော လာဘ်ကောင်ပုံစံ (၅၅၇) ခုကို အနိုင်ရရှိခဲ့ပြီး တရားဝင်အထိမ်းအမှတ်လာဘ်ကောင်ဖြစ်လာခဲ့သည်။
၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ For a Stronger South East Asia ဖြစ်သည်။ဤဆောင်ပုဒ်မှာ ၂၀၂၀ပြည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။ ဒေသတွင်း၏ ပိုမိုအားကောင်းစွာ တိုးတက်လာမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်စွာ တိုက်ထုတ်နိုင်ခြင်းကို ညွှန်းဆိုသည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အိုလံပစ်အားကစားနည်းများ အများစုပါဝင်မည့် အားကစားနည်းပေါင်း ၄၀ မျိုး ပါဝင်မည်ဖြစ်သည်။[5][6][7]
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ဗီယက်နမ်* | ၂၀၅ | ၁၂၅ | ၁၁၆ | ၄၄၆ |
၂ | ထိုင်း | ၉၂ | ၁၀၃ | ၁၃၆ | ၃၃၁ |
၃ | အင်ဒိုနီးရှား | ၆၉ | ၉၁ | ၈၁ | ၂၄၁ |
၄ | ဖိလစ်ပိုင် | ၅၂ | ၇၀ | ၁၀၄ | ၂၂၆ |
၅ | စင်ကာပူ | ၄၇ | ၄၆ | ၇၃ | ၁၆၆ |
၆ | မလေးရှား | ၃၉ | ၄၅ | ၉၀ | ၁၇၄ |
၇ | မြန်မာ | ၉ | ၁၈ | ၃၅ | ၆၂ |
၈ | ကမ္ဘောဒီးယား | ၉ | ၁၃ | ၄၁ | ၆၃ |
၉ | လာအို | ၂ | ၇ | ၃၃ | ၄၂ |
၁၀ | ဘရူနိုင်း | ၁ | ၁ | ၁ | ၃ |
၁၁ | အရှေ့တီမော | ၀ | ၃ | ၂ | ၅ |
စုစုပေါင်း (11 NOCs) | ၅၂၅ | ၅၂၂ | ၇၁၂ | ၁၇၅၉ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.