![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/99/Haiti_Earthquake_10.jpg/640px-Haiti_Earthquake_10.jpg&w=640&q=50)
၂၀၂၁ ဟေတီငလျင်
From Wikipedia, the free encyclopedia
၂၀၂၁ ဟေတီငလျင် သည် ဟစ်ပန်ယိုလာကျွန်းရှိ ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်သော ဟေတီနိုင်ငံ၏ တီဘာရွန်ကျွန်းဆွယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်၍ ပြင်းအားမှာ ၇.၂ မဂ္ဂနီကျူရှိကာ ၂၀၂၁ ဩဂုတ် ၁၄ တွင် လှုပ်ခတ်ခဲ့သည်။[1] မြို့တော် ပေါ့တ်-အို-ပရင့်စ် ၏ အနောက်ဘက် ၁၅၀ ကီလိုမီတာ (၉၃ မိုင်) ခန့်၊ ပဲတစ်တ်-ထရို-ဒီ-နစ်ပဲဇ် ဒေသအပိုင်းအနီးတွင် မြေအောက်အနက် ၁၀-ကီလိုမီတာ-deep (၆.၂-မိုင်) ၌ ဗဟိုချက်ပြု၍ လှုပ်ခတ်ခဲ့သည်။[4][5] အစောပိုင်းတွင် ဟေတီကမ်းရိုးတန်းတစ်လျှောက် ဆူနာမီဖြစ်နိုင်ချေရှိသည်ဟု သတိပေးခဲ့သော်လည်း မကြာမီ ထိုသတိပေးထုတ်ပြန်လျက်ကို ရုပ်သိမ်းခဲ့သည်။[5] အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့၏ "တုံ့ပြန်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ငလျင်များကို ချက်ချင်းအကဲဖြတ်မှု"ဝန်ဆောင်အဖွဲ့ (PAGER) က သေကျေမှုနှုန်းမြင့်မား၍ ကျယ်ပြန့်သည့် ကပ်ဆိုးဖြစ်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့ကြသည်။[6] ၂၀၂၁ ဩဂုတ် ၁၅ အထိ အနည်းဆုံး အဆောက်အအုံ ၈၃,၀၀၀ (သို့) ယင်းထက်ပို၍ ပျက်စီးထိခိုက်ခဲ့ကာ[7] သေဆုံးမှု အရေအတွက်မှာ ၁၉၄၁ ဦးအထိရှိပြီဖြစ်သည်။[8][9] ၂၀၂၁ တွင် ဖြစ်ပွားသော သေကျေမှုအများဆုံး သဘာဝကပ်ဆိုး၊ သေကျေမှုအများဆုံး ငလျင်တစ်ခုလည်း ဖြစ်လေသည်။
![]() | |
UTC အချိန် | 2021-08-14 12:29:09 |
---|---|
ISC ဖြစ်ရပ် | 620986707 |
USGS-ANSS | ComCat |
ဒေသ ရက်စွဲ | ၂၀၂၁ ဩဂုတ် ၁၄ |
ဒေသ အချိန် | ၀၈:၂၉:၀၈ |
အတိုင်းအတာ | 7.2 Mw |
အနက် | ၁၀ ကီလိုမီတာ (၆.၂ မိုင်) |
ငလျင်ဗဟို | 18.408°N 73.475°W / 18.408; -73.475[1] |
အက်ကွဲကြောင်း | အန်းရစ်ကွီလို-ပလန်တင် ဂါးဒန်း ပြတ်ရွေ့ဇုံ |
အမျိုးအစား | ထက်အောက်ဘေးစောင်းပွတ်တိုက်ခြင်း (Oblique-reverse) |
အများဆုံးပြင်းအား | VIII (Severe)[1] |
ထိခိုက်သေကြေမှုများ | အနည်းဆုံး ၁,၉၄၁ (သေဆုံး) ၊ ၉,၉၁၅ (ဒဏ်ရာရသူ) [2][3] |