၂၀၁၇ ချီယာပတ်စ် ငလျင်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
၂၀၁၇ ချီယာပတ်စ် ငလျင် သည် စက်တင်ဘာလ ၇ ရက်နေ့တွင် ချီယာပတ်စ်ပြည်နယ်အနီး မက္ကဆီကိုကမ်းရိုးတမ်းတောင်ပိုင်း၌ ၂၃:၄၉ CDT အချိန်တွင် လှုပ်ခတ်သွားခဲ့သည်။ ငလျင်သည် ပြင်းအား ၈.၁ Mw ရှိပြီး Mercalli intensity အမြင့်ဆုံးအဆင့် IX (Violent) ဖြစ်ကာ ချီယာပတ်စ်ပြည်နယ်အနီး၊ တီဟွမ်တီပတ်ပင်လယ်ကွေ့ရှိ ပီဂျီဂျီယာပန်မြို့၏ တောင်ဘက် ၈၇ ကီလိုမီတာ (၅၄ မိုင်) အကွာတွင် ဖြစ်ပွားခဲ့သည်။[3][4]
UTC အချိန် | ?? |
---|---|
ရက်စွဲ * | ၇ စက်တင်ဘာ ၂၀၁၇ |
မူလ အချိန် * | 23:49:21 CDT |
အတိုင်းအတာ | ၈.၁ Mw |
အနက် | ၆၉.၇ km (၄၃.၃ mi) |
ငလျင်ဗဟို | 15.068°N 93.715°W |
သက်ရောက်ဧရိယာ | မက္ကဆီကိုနိုင်ငံ၊ ဂွါတီမာလာနိုင်ငံ[1] |
အများဆုံးပြင်းအား | IX (Violent) |
ဆူနာမီ | Yes |
Foreshocks | ၁ |
Aftershocks | ၁,၈၀၆ [2] |
ထိခိုက်သေကြေမှုများ | ၉၈ ဦး သေဆုံး၊ ၃၀၀ ကျော် ဒဏ်ရာရ |
* Deprecated | See documentation. |
ငလျင်ကြောင့် မက္ကဆီကိုစီးတီးရှိ အဆောက်အဦအချို့ တုန်ခါခဲ့ပြီး လူအများအပြား အဆောက်အဦများမှ စွန့်ခွာစေခဲ့သည်။ ထို့အပြင် ငလျင်ကြောင့် ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိ ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ကာ အနီးပတ်ဝန်းကျင်တွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။[5] ရာစုနှစ်အတွင်း မက္ကဆီကိုနိုင်ငံအတွက် အပြင်းထန်ဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ကြောင်း မက္ကဆီကိုသမ္မတက ပြောကြားခဲ့သည်။ ယင်းငလျင်သည် ပြင်းအားပမာဏ ၈.၆ ရှိ ၁၇၈၇ ငလျင်ပြီးနောက် မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဒုတိယအပြင်းထန်ဆုံး ငလျင် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး[6] ၂၀၁၇ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအနေဖြင့် အကြီးမားဆုံးငလျင် ဖြစ်သည်။[7]
ကိုကိုးကျောက်ထုလွှာသည် မြောက်အမေရိက ကျောက်ထုလွှာအောက်သို့ တစ်နှစ်လျှင် ၆.၄ စင်တီမီတာနှုန်း (၂.၅ လက်မ/နှစ်) ဖြင့် နစ်ဝင်နေသော အနားတလျောက်ပေါ်တွင် တီဟွမ်တီပတ်ပင်လယ်ကွေ့ တည်ရှိသည်။[8][9]
စက်တင်ဘာလ ၆ ရက်နေ့တွင် မက္ကဆီကိုစီးတီးမြို့တစ်ဝှမ်း၌ ငလျင်သတိပေးချက်များ မှားယွင်းစွာ ထုတ်ပြန်မိခဲ့ရာ အဆောက်အဦများမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းစေခဲ့သည်။ ဤမတော်တဆမှုသည် စနစ်အား ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ပြသခဲ့သည်။[10]
မက္ကဆီကို အမျိုးသား ငလျင်တိုင်းတာရေး အဖွဲ့ (SSN) က ငလျင်ဗဟိုချက်သည် ချီယာပတ်စ်ပြည်နယ်၊ တိုနာလာမြို့၏ အရှေ့တောင်ဘက် ၁၃၇ ကီလိုမီတာ (၈၅ မိုင်) အကွာ တီဟွမ်တီပတ်ပင်လယ်ကွေ့အတွင်းတွင် ဖြစ်သည်ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု ဘူမိဗေဒ မြေတိုင်းအဖွဲ့ (USGS) က ငလျင်ဗဟိုချက်သည် ချီယာပတ်စ်ပြည်နယ်၊ ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၈၇ ကီလိုမီတာ (၅၄ မိုင်) အကွာတွင် ဖြစ်သည်ဟု ဆိုသည်။ ငလျင်ပြင်းအားပမာဏမှာ SSN က M ၈.၂ ဟု လည်းကောင်း၊[11] USGS က အစောပိုင်းတွင် M ၈.၀ ဟု ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် M ၈.၁ ဟုလည်းကောင်း အသီးသီး ဖော်ပြခဲ့သည်။ ငလျင်ကြောင့် ကိုကိုးစ်နှင့် မြောက်အမေရိက ကျောက်ထုလွှာများအကြားရှိ ပြတ်ရွေ့ကို ၁၀ မီတာ (၃၃ ပေ) ခန့် မြင့်တက်စေခဲ့သည်။[12]
ငလျင်သည် ၁၉၈၅ မက္ကဆီကိုစီးတီး ငလျင်ပြီးနောက် မက္ကဆီကိုတွင် အင်အားအကြီးဆုံး ငလျင်ဖြစ်ပြီး[13][14] ၁၉၃၂ ဂျာလီစကို ငလျင်နှင့် မတိမ်းမယိမ်း ဖြစ်သည်။[15] မက္ကဆီကို သမ္မတ အင်းနရစ် ပီညာ နီတိုက "ရာစုနှစ်အတွင်း အကြီးမားဆုံး ငလျင်" ဟု ခေါ်ဆိုခဲ့ပြီး လူပေါင်း သန်း ၅၀ ခန့် ခံစားခဲ့ရသည်ဟု ပြောကြားခဲ့သည်။[16]
ငလျင်ကြောင့် ၁ မီတာ (၃.၃ ပေ) နှင့်အထက်ရှိ ဆူနာမီလှိုင်းများကို ဆလီနာခရုဇ်မြို့တွင် လည်းကောင်း၊[17] ၁.၇၅ မီတာ (၅.၇ ပေ) ရှိ ဆူနာမီလှိုင်းကို ချီယာပတ်စ်တွင် လည်းကောင်း ဖြစ်ပေါ်စေခဲ့သည်။[18] ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ဗဟိုအမေရိကရှိ ပစိဖိတ် ကမ်းရိုးတမ်းတလျောက်နှင့် အီကွေဒေါနိုင်ငံ တောင်ပိုင်းတို့တွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။[19][20]
ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင်များ အနည်းဆုံး ၁၂ ကြိမ်ကို USGS က မှတ်တမ်းတင်ခဲ့သည်။[21] စက်တင်ဘာ ၁၄ UTC အချိန် ၀၀:၃၀ အထိ National Seismological Service (SSN) က နောက်ဆက်တွဲ ငလျင်များ အနည်းဆုံး ၁,၈၀၆ ခုနှင့် ပြင်းအား ၆.၁ မဂ္ဂနီကျူဒ်အထိ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။[2]
# | CDT အချိန် | ငလျင်ဗဟို | အနီးအနားရှိ အထင်ကရနေရာများ | အနက် | Mag. |
---|---|---|---|---|---|
ပင်မ | ၇ စက်တင်ဘာ ၂၀၁၇၊ 23:49:21 | 15.068°N 93.715°W | ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၈၇ ကီလိုမီတာ (၅၄ မိုင်) | ၆၉.၇ km (၄၃.၃ mi) | ၈.၁ |
၁ | ၈ စက်တင်ဘာ ၂၀၁၇၊ 0:01:38 | 15.867°N 94.088°W | ပါရီဒွန်၏ အနောက်တောင်ဘက် ၂၉ ကီလိုမီတာ (၁၈ မိုင်) | ၃၅ km (၂၁.၇ mi) | ၅.၇ |
၂ | ၈ စက်တင်ဘာ ၂၀၁၇၊ 0:17:42 | 15.547°N 94.489°W | ဆန်ဖရန်စစ္စကိုဒယ်မာ၏ တောင်-အရှေ့တောင်ဘက် ၇၅ km (၄၇ mi) | ၄၁.၃ km (၂၅.၇ mi) | ၅.၄ |
၃ | ၈ စက်တင်ဘာ ၂၀၁၇၊ 0:24:40 | 15.534°N 94.378°W | ပါရီဒွန်၏ အနောက်တောင်ဘက် ၇၇ km (၄၈ mi) | ၅၀.၅ km (၃၁.၄ mi) | ၅.၂ |
၄ | ၈ စက်တင်ဘာ ၂၀၁၇၊ 0:33:38 | 15.345°N 94.272°W | ပါရီဒွန်၏ တောင်-အနောက်တောင်ဘက်၈၇ km (၅၄ mi) | ၃၅.၀ km (၂၁.၇ mi) | ၅.၂ |
၅ | ၈ စက်တင်ဘာ ၂၀၁၇၊ 0:44:29 | 15.715°N 94.563°W | ဆန်ဖရန်စစ္စကိုဒယ်မာ၏ တောင်ဘက် ၅၈ km (၃၆ mi) | ၃၅.၀ km (၂၁.၇ mi) | ၄.၉ |
၆ | ၈ စက်တင်ဘာ ၂၀၁၇၊ 0:57:00 | 15.09°N 94.52°W | တိုနာလာမြို့၏ အရှေ့တောင်ဘက် ၁၃၇ km (၈၅ mi) | ၂၁.၀ km (၁၃.၀ mi) | ၅.၁ |
၇ | ၈ စက်တင်ဘာ ၂၀၁၇၊ 1:08:47 | 15.45°N 94.78°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၉၂ km (၅၇ mi) | ၁၀.၀ km (၆.၂ mi) | ၅.၀ |
၈ | ၈ စက်တင်ဘာ ၂၀၁၇၊ 2:38:38 | 15.52°N 94.83°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၈၃ km (၅၂ mi) | ၅၀.၀ km (၃၁.၁ mi) | ၅.၃ |
၉ | ၈ စက်တင်ဘာ ၂၀၁၇၊ 2:59:57 | 15.58°N 94.91°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၇၃ km (၄၅ mi) | ၅၀.၀ km (၃၁.၁ mi) | ၅.၂ |
၁၀ | ၈ စက်တင်ဘာ ၂၀၁၇၊ 3:34:34 | 15.17°N 94.33°W | တိုနာလာမြို့၏ အရှေ့တောင်ဘက် ၁၃၀ km (၈၁ mi) | ၁၆.၀ km (၉.၉ mi) | ၅.၉ |
၁၁ | ၈ စက်တင်ဘာ ၂၀၁၇၊ 6:25:56 | 15.90°N 95.11°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၃၂ km (၂၀ mi) | ၅၉.၀ km (၃၆.၇ mi) | ၅.၀ |
၁၂ | ၈ စက်တင်ဘာ ၂၀၁၇၊ 6:43:07 | 15.83°N 95.04°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၄၂ km (၂၆ mi) | ၅၉.၀ km (၃၆.၇ mi) | ၅.၂ |
၁၃ | ၈ စက်တင်ဘာ ၂၀၁၇၊ 9:45:00 | 15.73°N 94.90°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၆၀ km (၃၇ mi) | ၉၇.၀ km (၆၀.၃ mi) | ၅.၅ |
၁၄ | ၈ စက်တင်ဘာ ၂၀၁၇၊ 12:02:55 | 15.77°N 94.94°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၅၄ km (၃၄ mi) | ၇၁.၀ km (၄၄.၁ mi) | ၅.၀ |
၁၅ | ၈ စက်တင်ဘာ ၂၀၁၇၊ 13:24:14 | 16.05°N 95.33°W | ဆလီနာခရုဇ်မြို့၏ အနောက်တောင်ဘက် ၂၀ km (၁၂ mi) | ၇၅.၀ km (၄၆.၆ mi) | ၅.၁ |
၁၆ | ၈ စက်တင်ဘာ ၂၀၁၇၊ 13:57:23 | 16.17°N 95.24°W | ဆလီနာခရုဇ်မြို့၏ အနောက်တောင်ဘက် ၆ km (၃.၇ mi) | ၆၅.၀ km (၄၀.၄ mi) | ၅.၂ |
၁၇ | ၈ စက်တင်ဘာ ၂၀၁၇၊ 21:32:07 | 15.08°N 94.33°W | တိုနာလာမြို့၏ အနောက်တောင်ဘက် ၁၂၇ km (၇၉ mi) | ၂၀.၀ km (၁၂.၄ mi) | ၅.၄ |
၁၈ | ၈ စက်တင်ဘာ ၂၀၁၇၊ 22:08:14 | 15.71°N 94.54°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၈၇ km (၅၄ mi) | ၁၆.၀ km (၉.၉ mi) | ၅.၃ |
၁၉ | ၈ စက်တင်ဘာ ၂၀၁၇၊ 23:54:48 | 14.73°N 94.25°W | ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၁၅၄ km (၉၆ mi) | ၂၀.၀ km (၁၂.၄ mi) | ၅.၆ |
၂၀ | ၉ စက်တင်ဘာ ၂၀၁၇၊ 0:22:16 | 15.52°N 94.85°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၈၂ km (၅၁ mi) | ၁၆.၀ km (၉.၉ mi) | ၅.၂ |
၂၁ | ၉ စက်တင်ဘာ ၂၀၁၇၊1:24:20 | 15.65°N 95.04°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၆၁ km (၃၈ mi) | ၁၇.၀ km (၁၀.၆ mi) | ၅.၀ |
၂၂ | ၉ စက်တင်ဘာ ၂၀၁၇၊ 7:17:40 | 15.79°N 94.93°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၅၂ km (၃၂ mi) | ၅၅.၀ km (၃၄.၂ mi) | ၅.၄ |
၂၃ | ၉ စက်တင်ဘာ ၂၀၁၇၊ 10:30:09 | 15.71°N 95.06°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၅၄ km (၃၄ mi) | ၂၆.၀ km (၁၆.၂ mi) | ၅.၀ |
၂၄ | ၉ စက်တင်ဘာ ၂၀၁၇၊15:26:16 | 15.65°N 94.91°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၆၆ km (၄၁ mi) | ၃၂.၀ km (၁၉.၉ mi) | ၅.၀ |
၂၅ | ၉ စက်တင်ဘာ ၂၀၁၇၊ 22:07:21 | 15.30°N 94.70°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၁၁၁ km (၆၉ mi) | ၁၅.၀ km (၉.၃ mi) | ၅.၈ |
၂၆ | ၁၀ စက်တင်ဘာ ၂၀၁၇၊ 10:28:50 | 15.21°N 94.57°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၁၂၇ km (၇၉ mi) | ၂၀.၀ km (၁၂.၄ mi) | ၅.၀ |
၂၇ | ၁၁ စက်တင်ဘာ ၂၀၁၇၊ 9:55:58 | 15.25°N 94.55°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၁၂၄ km (၇၇ mi) | ၁၆.၀ km (၉.၉ mi) | ၅.၂ |
၂၈ | ၁၁ စက်တင်ဘာ ၂၀၁၇၊ 16:09:13 | 15.05°N 94.24°W | တိုနာလာမြို့၏ အနောက်တောင်ဘက် ၁၄၀ km (၈၇ mi) | ၂၀.၀ km (၁၂.၄ mi) | ၅.၂ |
၂၉ | ၁၁ စက်တင်ဘာ ၂၀၁၇၊ 20:12:31 | 15.02°N 94.96°W | တိုနာလာမြို့၏ အနောက်တောင်ဘက် ၁၂၆ km (၇၈ mi) | ၃၄.၀ km (၂၁.၁ mi) | ၅.၆ |
၃၀ | ၁၂ စက်တင်ဘာ ၂၀၁၇၊ 0:08:45 | 15.01°N 93.98°W | ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၁၁၁ km (၆၉ mi) | ၁၃.၀ km (၈.၁ mi) | ၅.၃ |
၃၁ | ၁၂ စက်တင်ဘာ ၂၀၁၇၊ 4:20:01 | 15.53°N 95.06°W | ဆလီနာခရုဇ်မြို့၏ တောင်ဘက် ၇၃ km (၄၅ mi) | ၁၆.၀ km (၉.၉ mi) | ၅.၀ |
၃၂ | ၁၂ စက်တင်ဘာ ၂၀၁၇၊ 15:07:30 | 15.37°N 94.80°W | ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၉၉ km (၆၂ mi) | ၁၆.၀ km (၉.၉ mi) | ၅.၀ |
၂၀၁၇ ချီယာပတ်စ် ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များ | ||||||
---|---|---|---|---|---|---|
|
ချီယာပတ်စ်ပြည်နယ်အတွင်းတွင် လူပေါင်း ၁.၅ သန်းခန့် ငလျင်ဒဏ်ခံခဲ့ရပြီး နေအိမ်ပေါင်း ၄၁,၀၀၀ ခန့် ပျက်စီးခဲ့သည်။[22][23] စိုက်ပျိုးရေး ဝန်ကြီး[24] ဂျိုဆေး ကယ်ဇာဒါ[24] က ငလျင်ကြောင့် အနည်းဆုံး လူ ၉၈ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး၊ အော့ဆာကားပြည်နယ်တွင် ၇၈ ဦး၊ ချီယာပတ်စ်ပြည်နယ်တွင် ၁၆ ဦးနှင့် တာဘာစကိုပြည်နယ်တွင် ၄ ဦး ဖြစ်သည်။[24] ပြည်ထဲရေး ဝန်ကြီးက ချီယာပတ်စ်ပြည်နယ်ရှိ ၁၂၂ မြို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး[25] မက္ကဆီကိုစစ်တပ်က သဘာဝဘေးအန္တရာယ် အကူအညီများ စေလွှတ်ခဲ့သည်။[26] အန္တရာယ် ကင်းရှင်းရေး စစ်ဆေးနိုင်ရန်အတွက် ပြည်နယ် ၁၁ ခုရှိ ကျောင်းများကို စက်တင်ဘာ ၈ ရက်နေ့တွင် ပိတ်ထားခဲ့သည်။[27] ဗယ်ရာခရုဇ်ပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ယင်းပြည်နယ်သည် စက်တင်ဘာ ၉ ရက်နေ့တွင် ကာတီရာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ အော့ဆာကာပြည်နယ်ရှိ ဂျူချီတန်ဒီဇာရာဂိုဇာမြို့သည် ငလျင်ဗဟိုနှင့် အနီးဆုံးဖြစ်ပြီး "အုတ်ပုံဘဝ ရောက်သွားကြောင်း" မြို့တော်ဝန်က ဆိုသည်။[28]
ငလျင်ကြောင့် မက္ကဆီကိုစီးတီးရှိ အဆောက်အဦများ ယိမ်းခါခဲ့ပြီး မီးပျက်တောက်သွားမှုကြောင့် လူ ၁.၈ သန်းခန့် အမှောင်ကျခဲ့သည်။ မက္ကဆီကိုစီးတီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း မှန်များ ကွဲကြေခဲ့သည်[29]
ငလျင်ဗဟိုသည် မက္ကဆီကို-ဂွါတီမာလာ နယ်နမိတ်အနီးတွင် ဖြစ်သည့်အတွက် ငလျင်လှုပ်ခါမှုကို ဂွါတီမာလာစီးတီးတွင်လည်း ခံစားခဲ့ရကာ နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် အဆောက်အဦများ ပျက်စီးမှုရှိခဲ့သည်ဟု သဘာဝဘေးအန္တရာယ် လျှော့ချရေး အမျိုးသား ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ (CONRED) ကဆိုသည်။ သမ္မတ ဂျင်မီ မိုရေး က ဂွါတီမာလာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[30]
အမေရိကန်ပြည်ထောင်စုရှိ ဟာဗေး ဟာရီကိန်းမုန်တိုင်းဒဏ်ခံဒေသများတွင် ကူညီရန် စေလွှတ်ထားသော မက္ကဆီကိုအဖွဲ့များကို ငလျင်ပြန်လည်ထူထောင်ရေးတွင် ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၁၁ ရက်နေ့က ပြန်လည်ခေါ်ယူခဲ့သည်။[31]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.