၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား အရည်ချင်းပြည့်မီချက်
From Wikipedia, the free encyclopedia
၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား အရည်ချင်းပြည့်မီချက် သည် ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား အားကစားပြိုင်ပွဲ အတွက် ခြေစစ်ပြိုင်ပွဲသတ်မှတ်ချက်ဖြစ်သည်။ ထိုခြေစစ်ပြိုင်ပွဲများကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက် မှ ဇူလိုင်လ ၃ ရက်နေ့ အထိ ပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ သို့သော် အုပ်စု (ဃ) ပြိုင်ပွဲများကို နီပေါဘောလုံးအဖွဲ့ချုပ်၏ တောင်းဆိုမှုကြောင့် ဇွန်လ ၂ ရက်နေ့ မှ ၁၀ ရက်နေ့ သို့ပြောင်းရွေ့ကျင်းပရန်စီစဉ်ခဲ့သည်။ ထိုသို့စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အုပ်စု (ဃ) ပြိုင်ပွဲများကို နီပေါနိုင်ငံ အတွက် ဇွန်လ ၁၆ ရက်နေ့ နှင့် အုပ်စု (င) ပြိုင်ပွဲများကို အင်ဒိုနီးရှားနိုင်ငံ အတွက် ဇူလိုင်လ ၃ ရက်နေ့ သို့ ထပ်မံပြောင်းရွေ့ခဲ့သည်။
![Thumb image](http://upload.wikimedia.org/wikipedia/my/1/1c/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%81%82%E1%81%80%E1%81%81%E1%81%83.png)