၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလား
၂၀၁၀၊ ၁၉ ကြိမ်မြောက် ဖီဖာ ကမ္ဘာ့ဖလားကို တောင်အာဖရိကတွင် ကျင်းပသည်။ / From Wikipedia, the free encyclopedia
၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလားသည် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဖလားပွဲဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံတွင် ကျင်းပသည်။ အာဖရိကတိုက်တွင် ပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်သည်။ ခြေစစ်ပွဲများကို ၂၀၀၇ ခုနှစ် ဩဂုတ်လမှ စတင်ခဲ့ပြီး ဖီဖာ အဖွဲ့ဝင် ၂၀၈ သင်းအနက် ၂၀၄ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံးအဆင့် ပြိုင်ပွဲများတွင် အသင်း ၃၂ သင်းမှ ဘောလုံးသမား ၇၃၆ ဦး ပါဝင် ဆင်နွှဲကြသည်။ ကမ္ဘာ့ဖလားပွဲကို ၁၉၃၀ ခုနှစ်မှစ၍ ၄ နှစ်တစ်ကြိမ် ကျင်းပခဲ့ရာ နောက်တစ်ကြိမ် ၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလားကို ဘရာဇီးနိုင်ငံတွင် ကျင်းပသည်။
South Africa 2010 | |
---|---|
၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလား အမှတ်တံဆိပ် | |
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ | |
အိမ်ရှင်နိုင်ငံ | တောင်အာဖရိကနိုင်ငံ |
ကျင်းပသည့်နေ့ | ၁၁ ဇွန် – ၁၁ ဇူလိုင် |
ယှဉ်ပြိုင်သည့်အသင်း | 32 (အဖွဲ့ချုပ် 6 ခုမှ) |
အားကစားကွင်း | 10 (အိမ်ရှင်မြို့ 9 မြို့တွင်) |
နောက်ဆုံး ရပ်တည်မှုများ | |
ချန်ပီယံ | စပိန် (1st title) |
ဒုတိယ | နယ်သာလန် |
တတိယ | ဂျာမနီ |
စတုတ္ထ | ဥရုဂွေး |
ပြိုင်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ | |
ပွဲစဉ် | ၆၄ |
ဂိုးအရေအတွက် | ၁၄၅ (တစ်ပွဲလျှင် ၂.၂၇ ဂိုးနှုန်း) |
ပရိသတ်ဦးရေ | ၃၁၇၈၈၅၆ (တစ်ပွဲလျှင် ၄၉၆၇၀ ဦးနှုန်း) |
ဂိုးအများဆုံး သွင်းသူ | Thomas Müller David Villa Wesley Sneijder Diego Forlán (၅ ဂိုးစီ)[1] |
အကောင်းဆုံး အားကစားသမား | Diego Forlán |
← ၂၀၀၆ ၂၀၁၄ → |
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့ရှိ ဆော့ကာစီးတီး အားကစားကွင်းကြီး၌ ကျင်းပရာ တောင်အာဖရိကနိုင်ငံ သမ္မတ ဂျာကော့ဇူမာ၊ မက္ကဆီကိုနိုင်ငံသမ္မတ ဖီးလစ်ကယ်ဒါရွန်၊ ဇင်ဘာဘွေနိုင်ငံသမ္မတ ရောဘတ်မူဂါဘီ၊ အမေရိကန် ပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ ဘောလုံးသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ဒိုင်လူကြီးများနှင့် ဘောလုံးဝါသနာရှင် ပရိသတ်များတက်ရောက်ကြသည်။