၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသည် ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီမာမြို့တွင် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပသော စတုတ္ထအကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပသော အားကစားပွဲဖြစ်ပြီး ၂၀၀၇ နခွန်ရက်ချာစီမာဆီးဂိမ်း အပြီး တစ်လအကြာတွင် ကျင်းပခြင်းဖြစ်သည်။ မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်ပြီးလျှင် စတုတ္ထမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။
အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...
![]() | |||
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | Friendship, Equality, Opportunity | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၁၀၀၀ | ||
ကစားပွဲအမျိုးအစား | ၄၈၈ (၁၄မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၂၀ ဇန်နဝါရီ | ||
ပိတ်ပွဲအခမ်းအနား | ၂၆ ဇန်နဝါရီ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဝန်ကြီးချုပ် ချူလာနော့ | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | နှစ်၈၀ပြည့်မွေးနေ့ အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2008 ASEAN Para Games | ||
|
ပိတ်ရန်
အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၁၀၀၀ ခန့်က အားကစားနည်း ၁၄ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။