၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။ မြို့တော် ဘန်ကောက်တွင် မကျင်းပဘဲ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံ၏ မြို့တော်တွင် မဟုတ်ဘဲ ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ချင်းမိုင်မြို့မှာ ဘန်ကောက်ပြီးနောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ထိုင်းနိုင်ငံ၏ ဒုတိယမြောက်မြို့ဖြစ်လာသည်။
ကျင်းပရာမြို့ | ချင်းမိုင်မြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၁၀ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၃၂၆၂ | ||
ဖွင့်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၇ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဝသိလာလောင်ကွန်း ထိုင်းဘုရင့်နိုင်ငံ၏ အိမ်ရှေ့မင်းသား | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | နှစ် ၇၀၀ပြည့် အားကစားကွင်း | ||
|
ထိုင်းနိုင်ငံသည် ပထမအကြိမ် ၊ စတုတ္ထအကြိမ်၊ သတ္တမအကြိမ်နှင့် ၁၃ကြိမ် အားကစားပွဲတော်များကို လေးကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် ထိုင်းနိုင်ငံအနေဖြင့် ပဉ္စမမြောက် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖြစ် အမည်ပြောင်းပြီးနောက် ဒုတိယမြောက် လက်ခံကျင်းပခြင်း ဖြစ်သည်။
ထိုစဉ်က ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်းက အားကစားပွဲတော်ကို ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အားကစားပြိုင်ပွဲတွင် ပြန်လည်ပါဝင်လာခဲ့၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အဖြစ် အဖွဲ့ဝင် ၁၀နိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်သည့် ပွဲတော်လည်းဖြစ်သည်။
နိုင်ငံ အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ အားကစားသမား ၃၂၆၂ယောက်ရှိခဲ့သည်။ အားကစားနည်းပေါင်း ၂၈မျိုးဖြင့် ကျင်းပခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။[1]